ကမ္ဘာပေါ်တွင် သာယာလှပမှုအရှိဆုံးမြို့ ဟုကျော်ကြားသောကနေဒါနိုင်ငံရှိ ပင်လယ်ကမ်းခြေမြို့ ဖြစ်သောဗန်ကူးဗား၏ နေအိမ် သုံးပုံတစ်ပုံခန့်ကို ၀ယ်ယူထားသည်မှာ တရုတ်ဝယ်လက်များ ဖြစ်ကြောင်း ကနေဒါအမျိုးသား ဘဏ်ကထုတ်ပြန်ထားသည်ဟု စင်္ကာပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၂၀၁၅ ခုနှစ်အတွင်းဗန်ကူးဗားမြို့ တွင် အိမ်ခြံမြေကနေဒါဒေါ်လာ ၃၈ ဒသမ ၅ ဘီလီယံဖိုးရောင်းချခဲ့ရာ၌ တရုတ်ဝယ်လက်များက
၁၂ ဒသမ ၇ ဘီလီယံဖိုး ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ တွင်လည်း ယခင်နှစ်အတွင်း အိမ်ခြံမြေ ၆၃ ဘီလီယံဖိုးရောင်းချခဲ့ရရာတွင် ၉ ဘီလီယံဖိုး မှာ တရုတ်ဝယ်လက်များက ၀ယ်ယူခဲ့ခြင်းဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၁၄ ရာခိုင်နှုန်း ဖြစ်သည်။
နိုင်ငံခြားဝယ်လက်များကို ခြေရာခံနိုင်ရန်အတွက် ကနေဒါအစိုးရကကနေဒါစာရင်းအင်းအဖွဲ့သို့ ဘဏ္ဍာငွေကနေဒါဒေါ်လာ ၅၀၀၀၀၀ ထုတ်ပေးသွားမည်ဟုဆိုသည်။
အဆိုပါပမာဏမှာအိမ်ခြံမြေရှာဖွေရေးနှင့်ဆန်းစစ်ရေးကဏ္ဍအတွက် မလုံလောက်ကြောင်း ဝေဖန်ကြသည်။
ဗန်ကူးဗား၏ အိမ်ခြံမြေဆိုင်ရာအရေးမှာ ကနေဒါသားများ အတွက် ရတက်မအေးဖွယ်ဖြစ်လာလျက်ရှိသည်။
ပြည်ပ၀ယ်လက်တို့သည် အိမ်ခြံမြေများကိုဈေးနှုန်းမြင့် မားစွာပေး၍ ၀ယ်ယူကာ နေထိုင်ခြင်းမပြုဘဲ ပိုမိုမြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းထုတ်နိုင်ရန်သာရည်ရွယ်ရင်းနှီးမြှုပ်နှံထားကြသည်။
ထို့ကြောင့် မြို့ ကြီးများတွင် လူနေခြင်းမရှိဘဲတစ္ဆေမြို့ ကြီးများကဲ့သို့ဖြစ်လာလျက် ရှိပြီးအိမ်ခြံမြေဈေးနှုန်းများမှာ လည်းဒေသခံတို့ မတတ်နိုင်သည့် ပေါက်ဈေး များဖြစ်လာလျက်ရှိသည်။
ယခုနှစ်အစပိုင်းဗန်ကူးဗား၏ ပျှမ်းမျှအိမ်ခြံမြေပေါက်ဈေး မှာကနေဒါဒေါ်လာ ၁ ဒသမ ၈ သန်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)