ပဲခူးရှိ စင်ကာပူကုမ္ပဏီ၏ စက်မှုဥယျာဉ်မြို့တော်စီမံကိန်း ၂၀၁၇ ခုနှစ် ပြီးစီးမည်

ပဲခူးရှိ စင်ကာပူကုမ္ပဏီ၏ စက်မှုဥယျာဉ်မြို့တော်စီမံကိန်း ၂၀၁၇ ခုနှစ် ပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
31 Mar 2016 10:00 am တွင် တင်ခဲ့သည်
1478 ကြိမ် ကြည့်ရှု့ပြီး
ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာတွင် စင်ကာပူအခြေစိုက် i-Land Park Myanmar
ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် စက်မှုမြို့တော်စီမံကိန်းသည် လာမည့် ၂၀၁၇ ခုနှစ်
ပထမလေးလပတ်တွင် တည်ဆောက်ရေး လုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါ
ကုမ္ပဏီက ပြောသည်။

အဆိုပါစက်မှုဥယျာဉ်မြို့တော်စီမံကိန်း ကို ၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး
မြေဧက ၁၈၂ ဧက အကျယ်အ၀န်းပေါ် တွင် စက်မှုမြို့တော်စီမံကိန်းအဖြစ် ဆေးဆိုး
ပန်းရိုက်လုပ်ငန်း၊ အိတ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ကုမ္ပဏီများနှင့် အထည်ချုပ်
လုပ်ငန်းများ ပါဝင်ရန်လျာထားကြောင်း ကုမ္ပဏီက ပြောသည်။

"ကျွန်တော်တို့ ဒီစက်မှုဥယျာဉ်တည်ထောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ပစက်မှု
လုပ်ငန်းတွေ မြန်မာပြည်မှာလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတိုးတက်ဖို့နဲ့ မြန်မာနိုင်ငံသားတွေ
အလုပ်အကိုင်အခွင့် အလမ်း ပိုမိုရရှိလာစေဖို့ပါ။ နည်းပညာပိုင်း ဆိုင်ရာတွေ ပိုပြီးဖွံ့ဖြိုးလာဖို့
ရည်ရွယ်ပြီး ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံဖြစ်ခဲ့တာပါ" ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ
တမ်ချီဝါ့တယ်ရီက ပြောသည်။ စီမံကိန်းအတွင်း စုစုပေါင်း ၄,၀၃၀ မီတာရှည်လျားသည့်
လမ်းများတည်ဆောက်ခြင်း၊ ရေသွယ်တန်းမှုနှင့် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊
လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးစနစ်တို့ကို ထည့်သွင်းဆောက်လုပ်သွား မည်ဖြစ်သည်။

"ကျွန်တော်တို့ စက်မှုဇုန်အတွက် လမ်းတွေကို အရင်ဦးစားပေး တည်ဆောက် သွားပါမယ်။
၃၂ မီတာရှိတဲ့ အဓိကလမ်းမကြီး နဲ့ ၂၆ မီတာရှိတဲ့ လမ်းမအသေးနှစ်ခုကို တည် ဆောက်သွားပါမယ်။ရေလိုအပ်ချက်အတွက် မြေအောက်ရေတူးဖော်တာတွေ၊
ရေကိုစုပ်တင်ပြီး အကွက်တစ်ခုချင်းစီကို ပိုက်လိုင်းနဲ့ ဆက်သွယ်ဖြန့်ဝေမှုစနစ်တွေပါ
တည်ဆောက်သွားမှာပါ။ လျှပ်စစ်မီးကိုတော့ ပဲခူးမြို့ဓာတ်အားလိုင်းကနေယူပြီး ဖြည့်ပေးပါမယ်" ဟု
ကုမ္ပဏီ၏ တာဝန်ရှိသူ ဒေါ်မြတ် မွန်ခိုင်က ပြောသည်။

စီမံကိန်းတွင် စက်မှုဇုန်လုပ်ငန်းများကို
အဓိကထားလုပ်ကိုင်မည်ဖြစ်ရာ စက်မှု ဇုန်အတွင်း ဆေးဆိုးပန်းရိုက်လုပ်ငန်းများ ပါဝင်မည်ဖြစ်
သဖြင့် စီမံကိန်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် ထိခိုက်မှုများဆန်းစစ်သည့် ပတ်ဝန်းကျင်ထိခိုက်မှု
ဆိုင်ရာ စစ်ဆေးသည့် လုပ်ငန်းကို E-guard Environmental Services ကုမ္ပဏီနှင့် ဆောင်ရွက်
လျက်ရှိ ကာ ပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆိုင်ရာကိစ္စရပ် များအတွက် မတ် ၂၄ ရက်က ကုမ္ပဏီနှင့်
ဒေသခံ များတွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါစက်မှုမြို့တော်စီမံကိန်းဆောက် လုပ်မည့်
ဘောနတ်ကြီးကျေးရွာသည် လူဦးရေ ၇၀၀ ကျော်ခန့်သာရှိပြီး ၅၀ ခန့် သာ လယ်လုပ်ငန်း
လုပ်ကိုင်သည့်အတွက် ယင်းစက်မှုဇုန်၏ အလုပ်အကိုင်အခွင့် အလမ်းအပေါ် အားကိုးသော်လည်း
စက်မှုဇုန် ကြောင့် ၎င်းတို့၏ ရွာကို ထိခိုက်မှုမဖြစ်စေ ရန် လိုလားကြောင်း ဘောနတ်ကြီးကျေးရွာ
ဒေသခံ ဦးကျော်ကောင်းရွှေက ပြောသည်။

"ကျွန်တော်တို့ရွာသူရွာသားတွေအနေနဲ့ အခုလို စက်ရုံ၊
အလုပ်ရုံတွေ ပေါ်ပေါက်လာ မှာကိုတော့ အရမ်းဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဘုံပိုင်၊ စက်ရေတွင်းတွေ
မတူးနိုင် တော့ ချောင်းရေကိုပဲ မှီခိုနေရတဲ့အတွက် ချောင်းရေညစ်ညမ်းမှု မဖြစ်အောင်တော့ ကြိုတင်
စဉ်းစားပေးချင်ပါတယ်" ဟု ၎င်းက ပြောသည်။


ကုမ္ပဏီအနေဖြင့်လည်း ရေဆိုးစွန့်ပစ် သည့်နေရာတွင် Proper Drain ဖြင့် စနစ် တကျပြုလုပ်သွားမည်ဖြစ်သည့်အတွက် မြေ အောက်ရေကို ထိခိုက်မှုနည်းပါးမည်ဖြစ်ကြောင်းနှင့် ဒေသခံများအတွက် ရေတွင်းတူးဖော်ပေးသွားမည်ဖြစ်သည်ဟု
သိရသည်။ "ကျွန်တော်တို့ကုမ္ပဏီက မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေ
ထိခိုက်မှုမရှိတဲ့ စက်မှုဇုန်တစ်ခုအနေ တည်ဆောက်သွားမှာဖြစ်ပါတယ်" ဟု မစ္စတာတယ်ရီက ပြောသည်။

Credit: Myanmar time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service