တရုတ်ပြည်မကြီးအခြေစိုက် အာမခံကုမ္ပဏီအန်ဘမ် ကအမေရိကန်ဟိုတယ် အုပ်စုကုမ္ပဏီ ကြီးဖြစ်သော Starwood Hotels & Resorts Worldwide ကိုကန်ဒေါ်လာ ၁၄ ဘီလီယံဖြင့် လေလံအောင်မြင်သွားပြီဖြစ်ကြောင်း တရုတ်အခြေစိုက် အိမ်ခြံမြေ၀က်ဘ်ဆိုက်တစ်ခု၏ မတ်လ ၂၈ ရက်နေ့ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
စတားဝုဒ်ကုမ္ပဏီ၏ ရှယ်ယာတစ်စုလျှင် ကန်ဒေါ်လာ ၈၂ ဒသမ ၇၅ ဒေါ်လာဖြင့် ၀ယ်ယူရန်ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်ဟု Wall Street Journal တွင်လည်းဖော်ပြသည်။ တရုတ်ကုမ္ပဏီနှင့် အပြိုင်လေလံဆွဲသူမှာMarriott International ဖြစ်သည်။
Marriott International က ပေးသောဈေးမှာကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံဖြစ်သည်။ Marriott International နှင့် အန်ဘမ်အကြားလေလံဆွဲမှု ပြိုင်ဆိုင်ခဲ့ကြရပြီးနောက်ဆုံးတွင် စတားဝုဒ်က အန်ဘမ်ကပေးသည့် ၁၄ ဘီလီယံဖြင့် ရောင်းချရန် သဘောတူလိုက်ခြင်းဖြစ်သည်။
Marriott International နှင့် အန်ဘမ်တို့အကြားလေ လံပြိုင်ဆိုင်မှုမှာမတ်လ ၁၄ ရက်ကစတင်ခဲ့ခြင်းဖြစ်ပြီး အန်ဘမ်ကကန်ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံစတင်ဈေးပေး ခဲ့သည်။
အန်ဘမ် ဥက္ကဌ ၀ူရှောက်ဟွေ၏ ဇနီးမှာတရုတ်ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်၏ သမီးဖြစ်သည်။
အန်ဘမ်သည် အမေရိကန်၏ မကြာသေးမီကပင် Strategic Hotels & Resorts ကိုလည်း ၀ယ်ယူထားခဲ့သော ကုမ္ပဏီဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)