ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းမှ ၀ယ်ယူလိုသူများကို ရောင်းချလျှက်ရှိရာ အခန်းပေါင်း ၄၀၀ နီးပါးရောင်းချထားပြီဖြစ်ကြောင်း မြိုံရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်း ၇ရှိသည်။စတင်ရောင်းချခဲ့သည့်မတ် ၁၅ရက်မှ ၂၉ ရက်အထိ ၁၄ရက်အတွင်း အခန်းပေါင်း ၄၀၀ကျော် ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာနမှညွှန်ကြားရေးမှူး ရှင်းပြသည်။
စတင်ရောင်းချသည့်တန်ဖိုးမှာ စတုရန်းပေ၆၀၀ အကျယ် အခန်းကို သိန်း ၆၀၀စတုရန်းပေ ၁၂၀၀ အကျယ် အခန်းကို သိန်း ၁၂၀၀ ဖြင့်စတင်ရောင်းချနေကြောင်း သိရသည်။စုစုပေါင်းတိုက်နှစ်လုံးမှ အခန်း အရေအတွက်၅၀၀ကျော် ရောင်းချရာတွင် ၄၀၀နီးပါး ရောင်းချပြီးဖြစ်သောကြောင့် အခန်းဝယ်ယူ ရန် စိတ်ဝင်စားသူများပြားပြီး အခန်း အရေအတွက် အနည်း ငယ်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။
အိမ်ရာစီမံကိန်းနှစ်ခုလုံးတွင် အခန်းအရေအတွက် တစ်သိန်း နီးပါးရှိပြီး ယခု စတင်ရောင်းချသည့် အခန်း ၅၀၀ကျော်မှာပင် စိတ်ဝင်စားမှုများပြားသောကြောင့် ယခု စီမံကိန်းမှာ အောင်မြင်နိုင်ကြောင်း ဌာနက ခန့်မှန်းသည်။
လာရောက်ဝယ်ယူသူအများစုမှာ ၀င်ငွေစုဆောင်းထားသူ နိုင်ငံခြား မှပြန်လာပြီး နေအိမ်ဝယ်ယူရန် ပြင်ဆင်နေသော
သူများနှင့် အခြားစိတ်ဝင်စားသူများပါဝင်ကြောင်း သိရသည်. စတင်ရောင်းချသည့် ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်းတွင် ၁၈ထပ်အမြင့်ရှိ တိုက်နှစ်လုံး အခန်းပေါင်း ၅၀၀ကျော်ကို စတင်ရောင်းချခြင်းဖြစ်ပြီး စိတ်ဝင်စားသူများ အနေဖြင့် လျှောက်လွှာများကို ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြို့ရွာနှင့် အိုး အိမ် ဖွံ့ဖြိုးမှုဦးစီးဌာနသို့ လျှောက်လွှာတစ်စောင်လျှင် ၁၅၀၀ကျပ်ဖြင့် ၀ယ်ယူနိုင်ကြောင်း သိရသည်။
အိမ်ရာဝယ်ယုသူများ အနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရစ်ကျစနစ်ဖြင့်သော်လည်းကောင်း၊ တိုက်ရိုက် ငွေသွင်း၍ ၀ယ်ယူနိုင်မှုမျာလဲပြုလုပ်နိုင်ကြောင်းသိရသည်။
ဘဏ်ချေးငွေ အရစ်ကျစနစ်ဖြင့် ၀ယ်ယူလိုပါက ၈နှစ် အရစ်ကျပေးသွင်း ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်းကို ၂၁၀၃ ခုနှစ်က ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး တည်ဆောက်နေစဉ် အတွင်း မကြာခင် ပြီးစီးတော့မည့် ပထမအဆင့်မှ အခန်းများကိုရောင်းချနေခြင်းဖြစ်သည်။
စုစုပေါင်း တိုက်အလုံးပေါင်း ၄၉လုံး အခန်းအရေအတွက် တစ်သိန်းကျော် ပေါ်ထွက်လာမည့် ၄င်းအိမ်ယာစီမံကိန်းတစ်ခုလုံးကို ၂၀၁၇ တွင်ပြီးစီးနိုင်ဖွယ်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းရန်ကုန်တွင် ၀န်ကြီးဌာနများက တည်ဆောက်နေသည့် အိမ်ရာစီမံကိန်းများ အနက် အကြီးဆုံး နှင့် အခန်း
အရေအတွက် အများဆုံး ထွက်ပေါ်လာမည့် အိမ်ရာစီမံကိန်း လဲဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com