ရန်ကုန်မြို့မှဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုပါဝင်သည့် အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုမှ ရန်ကုန်
စတော့ အိတ်ချိန်းသို့ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း အဆိုပါ ကုမဏီ ဥက္ကဌ ဦး ခင်ရွေ ကပြောသည်။
" ကျနော်တို့က စတော့ကိုဝင်ဖို့ပြင်ဆင်နေပြီ အများပိုင် ကုမ္ပဏီဖြစ်တဲ့ အတွက် အများ အကျိုးကို
ရည်ရွယ်ပြီး လုပ်ဆောင်မဲ့ ကုမ္ပဏီဖြစ်ပါတယ် "ဟု ဦးခင်ရွေကဆိုသည်။
ယခင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌဟောင်းလည်းဖြစ်သူ ဇေကမ္ဘာကုမ္ပဏီ၏ အကြီးအကဲတစ်ဦးဖြစ်သူ ဦးခင်ရွှေ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမဏီအုပ်စုသည် စတော့ အိတ်ချိန်းဈေးကွက်သို့ဝင်ရောက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
အဆိုပါ ကုမ္ပဏီသည် လက်ရှိ ရန်ကုန် အပါအ၀င်နယ်မြို့အချို့တွင် အိမ်ယာစီမံကိန်းများတည်ဆောက်နေပြီး
၎င်းကုမ္ပဏီမှ ဆောက်သည့် အိမ်ယာစီမံကိန်းများမှာ ဈေးနှုန်း သက်သာကြောင်း ဦးခင်ရွေကဆိုသည်။
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုသည် အစုရှယ်ယာရှင် ၂၀၀၀ကျော်၏ မတည်ရင်းနှီးငွေ
ကျပ် သိန်းပေါင်း ၆၀၀၀၀ခန့်ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ အပြင် ကုန်သွယ်ရေး စက်မှုလက်မှု
လုပ်ငန်း ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုလဲဖြစ်သည်။
ရန်ကုန် စတော့ အိတ်ချိန်းကို ယခု ကုမဏီ အပြင်ကမ္ဘောဇ လွယ်ဟိန်း အစရှိသော ပြည်တွင်းမှ ထိပ်သီး
ကုမ္ပဏီကြီးများကလဲ ၀င်ရောက်ရန် ပြင်ဆင်လျှက်ရှိသည်။
လက်ရှိတွင် ယခု လ ၂၅ရက်က FMI ကုမ္ပဏီမှ ရန်ကုန်စတော့ အိတ်ချိန်းတွင် အစုရှယ်ယာများ စတင်ရောင်း
ချနေပြီဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com