တရားဝင်အခွန်ဆောင်ပြီးသားငွေကို ဘယ်လိုပြန်သုံးမလဲ

တရားဝင်အခွန်ဆောင်ပြီးသားငွေကို ဘယ်လိုပြန်သုံးမလဲ - Property News in Myanmar from iMyanmarHouse.com
29 Mar 2016 11:00 am တွင် တင်ခဲ့သည်
3089 ကြိမ် ကြည့်ရှု့ပြီး
အခွန်ဆောင်ထားပြီးရင် ဘယ်လိုပြန်အသုံးပြုလို့ရတယ်ဆိုတာကို သိရှိမှုအားနည်းတာကြောင့် အများစုက အခွန်ဆောင်မှုနဲ့ အခွန်သံသရာလည်ပြီး အခွန်ရှောင်မှုတွေ ဖြစ်နေတာလို့ သိရတယ်။
အိမ်ခြံမြေရောင်းဝယ်မှုတွေမှာ အခွန်ရဲ့အကျိုးကို စီးပွားရေးသမားတချို့က အသုံးချပြီး ငွေရလမ်းမတင်ပြနိုင်သမျှကို ကြိုက်ဈေးပေးဝယ်ပြီး အခွန်ဆောင်ကာ ငွေဖြူပြနေကြတာလို့ သိရပါတယ်။

အရောင်းအဝယ်မှာ ရောင်းခွန် ဝယ်ခွန်ပေးဆောင်ကြရတာကို ရှောင်ကြတဲ့သူတွေက သာမန်သူတွေများတာပါ။ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားနဲ့ ပေးဆောင်နေတဲ့ ပမာဏ များတာကြောင့်ဖြစ်တယ်။

ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က ‘သာမန်လူတစ်ယောက်က ဝယ်တယ်ဆိုရင် ဝယ်တဲ့ပမာဏရဲ့အခွန်ကို မပေးချင်ပဲ လျော့ပြီးချုပ်ချင်ကြတယ် ၊ တချို့မသိတဲ့သူတွေက မြေကွက်ရောင်းတိုက်ခန်းဝယ်တယ် ၊ မြေကွက်ဝယ်တုန်းကအခွန်ဆောင်ထားရင် တိုက်ခန်းဝယ်တဲ့အခါ ပမာဏနည်းရင်းပေးစရာမလိုတော့တာကို မသိဘဲ တစ်ခါဝယ် ၊ တစ်ခါပေးဆောင်နေကြတာတွေရှိတယ်’ လို့ ပြောပါတယ်။

အခွန်တစ်ကြိမ်ဆောင်ထားပြီးရင် ဆောင်ပြီးသားငွေကို ပြန်အသုံးပြုလို့ရပါတယ်။ အခွန်ဆောင်ထားတာကြောင့် သုံးပိုင်ခွင့်က ဘယ်လိုပုံစံဆိုတာမျိုး သိပ်မသိကြတာပါ။

စီးပွားရေးနှင့်ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ‘အခွန်ဆောင်ပြီး ငွေတွေကို ဘယ်လိုသုံးလို့ရတယ် ၊ ဘယ်လိုပြန်သုံးခြင်းနဲ့ကင်းလွတ်ခွင့်ရတယ် ၊ ပေးထားတယ်ဆိုတာ ဌာနဆိုင်ရာကရော ၊ ပြည်သူတွေရော အားနည်းနေတယ်’ လို့ ပြောပါတယ်။

အခွန်ဆောင်ပြီးသားကို ဘယ်လိုပြန်သုံးပြီး ကင်းလွတ်ခွင့်ရတယ်ဆိုတာကို အခွန်ရုံးတွေကလည်း တိတိကျကျ မဆောင်ရွက်ပေးထားဘူးလို့ သူက ဆက်ရှင်းပြပါတယ်။

တရားဝင်အခွန်ဆောင်ထားတဲ့အခါ ဥပမာ-ကားတစ်စီးကို ကျပ်သိန်း ၁၀၀ နဲ့ပေးဝယ်ပြီး အခွန်သွင်းထားမယ် ၊ ကျသင့်တဲ့နှုန်းထားနဲ့ ပေးသွင်းထားတာကြောင့် ငွေဖြူကျပ်သိန်း ၁၀၀ ကိုင်ဆောင်တယ်။ အခွန်ဆောင်ပြီးသားငွေဖြစ်သွားတယ် ။ တကယ်လို့ ကားကိုရောင်းပြီး ကျပ်သိန်း ၉၀ တခြားပစ္စည်းတစ်ခုကို ဝယ်မယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် ရပြီးသားဖြစ်ကာ ထပ်ပြီးပေးဆောင်စရာမလိုတော့တာ့ဖြစ်တယ်လို့ သိရတယ်။

ဦးတင်သန်းဦးက ‘ဆောင်ထားတဲ့ငွေကို ဘယ်လိုသုံးရမယ်ဆိုတာ ၊ သုံးပိုင်ခွင့်ကို ဌာနဆိုင်ရာတွေက တိတိကျကျ အခွန်ထမ်းတွေအတွက် မဆောင်ရွက်ပေးတာတွေကလဲ ပြည်သူတွေနဲ့ အခွန်ယဉ်ကျေးမှုကို ကင်းကွာစေတဲ့ ပြဿနာပါပဲ’ လို့ပြောပါတယ်။

ဝင်ငွေခွန်ပေးဆောင်ရတဲ့ အခါမှာ ဝင်ငွေရလမ်းပြနိုင်တဲ့ငွေကို ပေးဆောင်စရာမလိုဘဲ ဝင်ငွေရလမ်းမပြနိုင်တဲ့ ငွေပမာဏကိုပဲ ပေးဆောင်ရတာဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service