သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျာမနီ၊ ဂျပန်နှင့် မြန်မာတို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ထုတ်လုပ်ရန် လာမည့် ဧပြီ လဆန်းပိုင်းအတွင်း လက်မှတ်ရေးထိုးမည်

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျာမနီ၊ ဂျပန်နှင့် မြန်မာတို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ထုတ်လုပ်ရန် လာမည့် ဧပြီ လဆန်းပိုင်းအတွင်း လက်မှတ်ရေးထိုးမည် - Property News in Myanmar from iMyanmarHouse.com
29 Mar 2016 10:18 am တွင် တင်ခဲ့သည်
1305 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ဂျာမနီ အခြေစိုက် ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီ တစ်ခုနှင့် မြန်မာ ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာ စက်ရုံ တည်ဆောက်လုပ်ကိုင်နိုင်ရန်အတွက် လာမည့် ဧပြီလဆန်းပိုင်း အတွင်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွားရေး အများပိုင် ကုမ္ပဏီ (MAPCO) မှ သိရှိရသည်။

“ဂျပန်နိုင်ငံက Mitsui နဲ့၊ ဂျာမနီက Behn Meyer နဲ့ MAPCO တို့ ပေါင်းပြီးတော့ Agri First Company ဆိုပြီး ဖက်စပ်ကုမ္ပဏီ တစ်ခု ထောင်ပြီးတော့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ဓာတ်မြေသြဇာစက်ရုံ တည်ထောင် ထုတ်လုပ် လုပ်ကိုင်ဖို့ ရှိပါတယ်။ ဒေါ်လာ ၁၀ သန်းလောက် မြှုပ်နှံပြီး လုပ်ဖို့အတွက် သဘောတူညီထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဧပြီလဆန်းထဲမှာ သဘောတူညီချက် လက်မှတ် ရေးထိုးဖို့ ရှိပါတယ်။ ၇ ရက်လောက်မှာပါ” ဟု MAPCO ၏ Managing Director ဦးရဲမင်းအောင်က ပြောကြားသည်။

အဆိုပါ စက်ရုံအား ၂၀၁၇ ခုနှစ်တွင် စတင် လည်ပတ်နိုင်ရန် ခန့်မှန်းထားပြီး စတင်လည်ပတ်ချိန်တွင် တစ်နှစ် တန်တစ်သိန်း ၀န်းကျင်ဖြင့် စတင်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“အဓိက ကတော့ ကျွန်တော်တို့ MAPCO အနေနဲ့က ဆန်စပါး ထုတ်လုပ်မှု လုပ်ငန်းစဉ် လုပ်တယ်။ စက်မှုလယ်ယာ လုပ်ငန်းစဉ် လုပ်တယ်။ ဒီလို လုပ်ငန်းစဉ်တွေ လုပ်သလိုပဲ တောင်သူလယ်သမားတွေအတွက် လိုအပ်တဲ့ သွင်းအားစု လုပ်ငန်းတွေ တိုင်းပြည်မှာ လုံလုံလောက်လောက် မထုတ်နိုင်တဲ့အတွက် တရုတ်က တင်သွင်းတာတွေ ရှိတယ်။ ပင်လယ်ရပ်ခြား နိုင်ငံခြားက တင်သွင်းတာတွေ ရှိတယ်။ အခုလို တင်သွင်းတာတွေက ဘာပဲပြောပြော ကျွန်တော်တို့ တိုင်းပြည်မှာ မထုတ်လုပ်နိုင်တဲ့အတွက် အတော်ကြီး အားနည်းတဲ့ အနေအထား ရှိတယ်။ အခု ကျွန်တော်တို့က ဒီကိစ္စကို ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ဖို့ VMMI ဆိုတဲ့ တကယ့် ဓာတ်မြေသြဇာမှာ နှစ်ပေါင်း ၁၀၀ ကျော်လောက် ထုတ်လုပ်လာတဲ့ တော်တော်ကိုကြီးတဲ့ ကုမ္ပဏီ ဖြစ်တယ်။ ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ ဗီယက်နမ်တို့၊ မလေးရှားတို့မှာ ဓာတ်မြေသြဇာ စက်ရုံတွေ အများကြီးပဲ။ သူရဲ့ Quality ကလည်း အရမ်းကောင်းတယ်။ ဒီနှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိတဲ့ ကုမ္ပဏီက Behn Meyer ဆိုတာ ပါတယ်။ နောက် ကျွန်တော်တို့ရဲ့ မိတ်ဖက် ကုမ္ပဏီ Mitsui ပါတယ်။ နောက် ကျွန်တော်တို့ MAPCO ပါတယ်။ အဲဒါကြောင့် BMMM ဆိုပြီးတော့ သီလ၀ါ SEZ မှာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ဖို့ ဆိုပြီးတော့ အခု တည်ဆောက်ရေး လုပ်ငန်းတွေ စဖို့ ဆုံးဖြတ်ထားတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေ ဒီနှစ်ထဲမှာ စမယ်။ ၂၀၁၇ ခုနှစ်မှာ စက်စလည်ပြီးတော့ ပြည်တွင်းမှာပဲ ဓာတ်မြေသြဇာ ထုတ်လုပ်မယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service