ဘေးအန္တရာယ်ရှိ အဆောက်အအုံများသတ်မှတ်နိုင်ရေး စိစစ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘေးအန္တရာယ်ရှိ အဆောက်အအုံများသတ်မှတ်နိုင်ရေး စိစစ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ - Property News in Myanmar from iMyanmarHouse.com
28 Mar 2016 11:46 am တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးအစည်းအဝေးခန်းမ ၌ မတ် ၂၃ ရက် နံနက် ၁၁ နာရီခွဲ က မတ် ၂၂ ရက်တွင် မင်္ဂလာဈေး မီးလောင်ကျွမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ဘေးအန္တရာယ်ရှိ အဆောက်အအုံများ သတ်မှတ်နိုင်ရေး ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန် စိစစ်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးညွန့်မောင်၊ အတွင်း ရေးမှူး ဦးခင်မောင်တင်နှင့် ကော်မတီ ဝင်များ၊ ဌာနမှူးများ၊ ဆောက်လုပ်ရေး ဦးစီးဌာန တည်ဆောက်ရေး အထူးအဖွဲ့-၂၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ၊ မန္တလေးတိုင်း ဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမောင်မောင်ညွန့်၊ မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း (မန္တလေး) တွဲဖက်အတွင်းရေးမှူး ဦးသန့်ဇင်ထွေး၊ နည်းပညာတက္ကသိုလ်(မန္တလေး) မြို့ပြ အင်ဂျင်နီယာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာလှမျိုးအောင်နှင့် အင်ဂျင် နီယာများ တက်ရောက်ဆွေးနွေး ကြသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန်က မီးလောင်ဆုံးရှုံးခဲ့ရသည့် ဆိုင်ခန်း ပိုင်ရှင်များက ၄င်းတို့ပစ္စည်းများ သယ်ယူရာတွင် မည်သည့်ထောက်ခံ စာမှ လိုအပ်ခြင်းမရှိဘဲ ဈေးအကျိုး တော်ဆောင်၊ ဈေးတာဝန်ခံများနှင့် စိစစ်ပြီး ပြန်လည်သယ်ယူနိုင်ကြောင်း၊ စနစ်တကျသယ်ယူနိုင်ရေးအတွက် ဝင်ပေါက်နှင့် ထွက်ပေါက်များကို သီးသန့်စီစဉ်ပေးထားပြီး သက်ဆိုင်ရာ တို့က လုံခြုံရေးဆောင်ရွက်ပေးနေ ကြောင်း ပြောကြားသည်။

ဆက်လက်၍ အတွင်းရေးမှူးက မီးဘေးသင့် အဆောက်အအုံဖြစ်သည့် အတွက် အန္တရာယ်ရှိ၊ မရှိ ဆောက် လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာ များ၊ မန္တလေးမြို့တော်စည်ပင်သာယာ ကော်မတီမှ အင်ဂျင်နီယာများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် နည်းပညာတက္ကသိုလ် (မန္တလေး)မှ ပညာရှင်များနှင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးကာ ဆုံးဖြတ်သွား မည်ဖြစ်ပြီး ကြားကာလတွင် ဆိုင်ခန်း ရှင်များ ပစ္စည်းသယ်ယူရန်နှင့် မြို့တော်စည်ပင်မှ သန့်ရှင်းရေး ဆောင်ရွက်သွားနိုင်ရေးကို စီစဉ်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာနမှ ညွှန်ကြား ရေးမှူးက လက်ရှိ မီးဘေးဒဏ်ခံထား ရသည့် အဆောက်အအုံများ လတ် တလော စစ်ဆေးမှုများအရ ဆိုင်ခန်း ပိုင်ရှင်များနှင့် လူနေတိုက်ခန်းနေထိုင် သူများအနေဖြင့် ¤င်းတို့ပစ္စည်းများကို စနစ်တကျသယ်ယူရာတွင် အန္တရာယ် မရှိကြောင်း၊ စလစ်ပြင်များ၊ ပိုင်တိုင် များ မီးဘေးသင့်ခဲ့သော်လည်း ပစ္စည်း သယ်ယူနိုင်သည့် အနေအထားထိရှိ နေပြီး နောက်ပိုင်းတွင် နည်းပညာများ ဖြင့် အဆင့်ဆင့်စစ်ဆေးမှုများ လုပ်ဆောင်ရန်လိုကြောင်း အကြံပြု ပြောကြားသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(မန္တလေး)မှ ဦးသန့်ဇင်ထွေးကလည်း မီးဘေးသင့်အဆောက်အအုံဖြစ်၍ လက်ရှိစစ်ဆေးမှုများအရ ပစ္စည်း သယ်ယူမှုများတွင် အန္တရာယ်ကင်း သော်လည်း တိကျသည့်ကြံ့ခိုင်မှုအဖြေ ရရှိရေးအတွက် မီးလောင်မှုအပိုင်း လိုက် အင်ဂျင်နီယာနည်းပညာများ၊ ကိရိယာများဖြင့် ဆက်လက်စစ်ဆေးရ မည်ဖြစ်ပြီး စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်ရမှာဖြစ်ကြောင်း အကြံပြု တင်ပြသည်။

ထို့နောက် ကော်မတီဝင်များနှင့် တက်ရောက်လာသူများက မီးဘေး သင့် မင်္ဂလာဈေးအဆောက်အအုံနှင့် ပတ်သက်သည့် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ ဆိုင်ခန်းရှင် များနှင့် လူနေတိုက်ခန်းများမှ ပစ္စည်း သယ်ယူရေးလုပ်ငန်းများ၊ သန့်ရှင်းရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service