တိုက်ခန်း၊ မြေနှင့် မော်တော်ကားဈေးများ တဖြည်းဖြည်း ကျဆင်းလာဖွယ်ရှိ

တိုက်ခန်း၊ မြေနှင့် မော်တော်ကားဈေးများ တဖြည်းဖြည်း ကျဆင်းလာဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Mar 2016 11:09 am တွင် တင်ခဲ့သည်
1973 ကြိမ် ကြည့်ရှု့ပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်ဖြစ်ပေါ်နေသော ဈေးကွက် ဈေးနှုန်း အပြောင်းအလဲများအား လေ့လာစစ်တမ်းကောက်ယူခဲ့ပါသည်။

သို့သော် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၆)ရှိ ''ယုံကြည်စရာမဲ့ ဈေးကွက်'' ဒေါ်လာဈေးအကျ ဆောင်းပါးနှင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ စာမျက်နှာ(၁၁)တွင် ပါရှိ သော ''ဒလမြေဈေးအရောင်းအဝယ် အေး'' ဆောင်းပါးကို ဖတ်ရှုရသည်။ အိမ်၊ ခြံ၊ မြေများမှာ အရောင်းအဝယ် မဖြစ်ဘဲ အေးနေကြောင်း၊ ယခင်က စီမံကိန်းတစ်ခုခုလုပ်မည်ဟု သတင်း ထွက်လာပါက ယင်းစီမံကိန်းပြုလုပ်မည့်နေရာနှင့် နီးစပ်သောနေရာ များမှ အိမ်၊ ခြံ၊ မြေများမှာ အဆမတန် ဈေးတက်သွားပြီး အရောင်းအဝယ်ဖြစ် ကြသည်။ ယခုအခါ မျှော်မှန်းသလို ဈေးများ အဆမတန်မတက်သည့် အပြင် ဝယ်ယူမည့်သူများလည်း မရှိ ဖြစ်နေသည်ကို ကြေးမုံသတင်းစာ၌ ဆောင်းပါးများအဖြစ် ရေးသားဖော်ပြ လာသည်ကို ဖတ်ရှုခဲ့ရပါသည်။

ယင်းဆောင်းပါးများအား ဖတ်ရှု ရပြီး ကျွန်တော်လေ့လာတွေ့ရှိရသော အချက်များအရ ယခုသတင်းဆောင်းပါး ကိုရေးရန် ဖြစ်ပေါ်လာခဲ့ရပါသည်။ ဈေးနှုန်းအတက်အကျဖြစ်လာရခြင်းများမှာ သဘာဝနိယာမတရားအရ သဘာဝဘေးအန္တရာယ်ကျရောက် ခြင်းအရလည်းကောင်း၊ စီးပွားရေး ကျပ်တည်းမှုအရ လည်းကောင်း၊ စီးပွား ရေးဘောဂဗေဒအရ လည်းကောင်း၊ ရူပဗေဒနိယာမအရ လည်းကောင်း၊ မိမိနိုင်ငံနှင့် ဆက်စပ်နေသော နိုင်ငံတကာ၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများအရ လည်းကောင်း၊ နိုင်ငံရေးအပြောင်း အလဲများအရလည်းကောင်း၊ ငွေကြေး ကြွယ်ဝချမ်းသာသူ များ၏ မတော်လောဘဖြင့် ဆောင်ရွက် မှုများအရလည်း ကောင်း၊ လူ့ပယောဂကြောင့် ဖြစ်ပေါ် လာသော ဘေးအန္တရာယ်များ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် လည်းကောင်း ဈေးနှုန်းများ အပြောင်းအလဲဖြစ်ပေါ်လာသည်ကို တွေ့ရသည်။

၁၉၈၈ ခုနှစ်အထိ တိုက်ခန်း၊ မြေနှင့် မော်တော်ကား များ၏ ဈေးနှုန်းများမှာ သောင်းဂဏန်းနှင့်သိန်းဂဏန်း တန်ဖိုးများသာရှိကြသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၉ဝ ပြည့်နှစ် မတ်-ဧပြီလခန့်အထိ ဈေးနှုန်း များမှာ ဖော်ပြပါဈေးနှုန်းများသာ ရှိနေကြပြီး ဝင်ဒါမီယာ ကဲ့သို့နေရာတွင်ပင် နှစ်သိန်း၊ သုံးသိန်းကျပ်ဖြင့် ဝယ်ယူ၍ ရသော အခြေအနေမှ တဖြည်းဖြည်းဈေးများမြင့်တက်လာ သည်။ ယခင်က အခန်းတစ်ခန်းကို သုံး-လေးသောင်း ဈေးရှိရာမှ တစ်သိန်း -နှစ်သိန်းအထိ တက်လာပြီး ငါးသိန်း၊ ၁ဝ သိန်း စသည်ဖြင့် မြင့်တက်လာခဲ့သည်။ ယခုအခါ အခန်းတစ်ခန်း၏ဈေးနှုန်းမှာ သိန်း ၁ဝဝ ကျော်၊ သိန်း ၁ဝဝဝ၊ သိန်းသောင်းချီ၍ ဖြစ်လာကာ မြေဈေး၊ ကားဈေးများမှာလည်း အဆမတန်တက်လာသည်ကို တွေ့ရှိ ရသည်။ မြို့သစ်တည်မည်၊ တံတားဆောက်မည်ဟု သတင်း ရရှိသော နေရာအနီးတစ်ဝိုက်ရှိ မြေ၊ တိုက်ခန်းများမှာ ပါးစပ်ဈေးဖြစ်နေပြီး အဆမတန်ဈေးများ တက်လျက်ရှိ နေသည်ကိုတွေ့ရသည်။ ကန်ထရိုက်တိုက်ဆောက်သည့် သူကလည်းများ၊ ဈေးနှုန်းများကလည်းမြင့်၊ သာမန် ပြည်သူနှင့် ဝန်ထမ်းများကလည်း ဝယ်နိုင်ရန်အခက်ဆို သလို တိုက်ခန်းနှင့် မြေကွက်၏တန်ဖိုးများမှာ မတန်တဆ ဈေးခေါ်ချင်သလိုခေါ်၊ ပြောချင်သလိုပြောနေ၍ အမှန် တကယ်နေထိုင်ရန် ဝယ်ယူလိုသော သာမန်ပြည်သူများနှင့် အစိုးရဝန်ထမ်းများအတွက် ဝယ်ယူနေထိုင်ရန် အခက်အခဲ ဖြစ်နေသည် ကို တွေ့ရှိနေရသည်။

ကန်ထရိုက်များကလည်း လူတိုင်းဝယ်ယူနေထိုင်၍ ရအောင်ဟုဆိုပြီး တန်ဖိုးမျှတ၊ တန်ဖိုးသင့်ဆိုကာ အမည်နာမ များနှင့်ဆောက်ပြီး ရောင်းချသော တိုက်ခန်းဈေးနှုန်းများ မှာလည်း အနည်းဆုံး သိန်း ၃ဝဝ ကျော်ဖြစ်နေပြီး တန်ဖိုး နည်းအိမ်ရာဆိုသည်မှာလည်း ကျပ်သိန်း ၁ဝဝ ကျော်ရှိရာ သာမန်ပြည်သူများမှ ဝယ်ယူရရှိရန် အလှမ်းကွာလှသည်။ ထို့ပြင် တန်ဖိုးနည်းအိမ်ရာဆိုပြီး ရွှေလင်ပန်းတွင် ဆောက် သည်မှာ ကျပ်သိန်း ၁ဝဝ ကျော်သည့်အပြင် အခန်းမှာ အလွန်ကျဉ်း၍ ငှက်လှောင်အိမ်ကဲ့သို့ဖြစ်နေသည်ကို တွေ့ရှိရသည်။ ကန်ထရိုက်များကလည်း ဈေးနှုန်းများချပေး လိုသော်လည်း ကုန်ကြမ်းပစ္စည်းများမှာ ဈေးမြင့်နေ၍ဖြစ် ကြောင်း ရှင်းလင်းပြောကြားမှုများအား ကြားသိခဲ့ရ သည်။

မိုးပေါ်သို့ ခဲတစ်လုံး သို့မဟုတ် ပစ္စည်းတစ်ခုအား အားစိုက် ပြီးပစ်တင်လိုက်ပါက အမြင့်ဆုံးသို့ရောက်ပြီးလျှင် နဂိုမူလ အောက်ခြေသို့ ပြန်ကျလာရသည်မှာ ရူပဗေဒသဘောအရ၊ သဘာဝနိယာမတရားအရဖြစ်သည်။

ထုတ်လုပ်မှုကနည်းပြီး သုံးစွဲမှု (စားသုံးမှု)က များနေလျှင် ဈေးနှုန်းများတက်လာမည်ဖြစ်သည်။ ထုတ်လုပ်မှုက များနေပြီး သုံးစွဲနိုင်မှု(စားသုံးမှု)ကနည်းနေလျှင် ဈေးနှုန်းများကျဆင်းလာမည်ဖြစ်ခြင်းသည် စီးပွားရေးဥပဒေအရ ဖြစ်သည်။

မိမိနိုင်ငံနှင့် နီးစပ်နေသောနိုင်ငံများ၏ စီးပွားရေး ကျဆင်းမှုများရှိနေပါက မိမိနိုင်ငံ၏ဈေးနှုန်း များလည်း ကျဆင်းလာမည်ဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေပေါ်မူတည်ပြီး ဈေးနှုန်းများအတက်အကျ ဖြစ်ပေါ်စေသည်။

လက်ရှိတာဝန်ယူဆောင်ရွက်နေရသည့် အစိုးရအဖွဲ့ ပေါ်တွင်လည်း မူတည်၍ ဈေးနှုန်းများ အတက်အကျရှိ နေ သည်။ နိုင်ငံတကာ၏ အကူအညီအထောက်အပံ့များ ကလည်း ပြည်တွင်းဈေးနှုန်းအတက်အကျ ဖြစ်ပေါ်မှုကို ဖြစ်ပေါ်စေသည်။ လက်ရှိအခြေအနေတွင် တိုက်ခန်းပေါင်း များစွာရှိနေပြီး မော်တော်ယာဉ်များ တင်သွင်းမှုများမှာ အလွန်များပြားသော်လည်း အသုံးပြုရန်ဝယ်ယူနိုင်သူမရှိသလောက် ဖြစ်နေခြင်း၊ ရွေးကောက်ပွဲပြီးဆုံး၍ ပြည်သူ အများက မဲပေးပြီး အဖြေသိရသည်နှင့် ဒေါ်လာများ ဈေးကျဆင်းသွားခြင်း၊ လက်ရှိအစိုးရအဖွဲ့ကလည်း တန်ဖိုးနည်း အိမ်ရာများနှင့် အငှားအိမ်ရာများ ဆောက်လုပ်မှု ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ပြုလုပ်တည်ဆောက်ငှားရမ်း ပေးနေခြင်း၊ နောက်အစိုးရအဖွဲ့အစည်းပေါ်ပေါက်လာ တော့မည်ဟု သတင်းထွက်ပေါ်လာသည်နှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုပြုလုပ်ထားသော အမေရိကန်နိုင်ငံ မှ သက်တမ်းတိုးခြင်းမပြုတော့ကြောင်း အမိန့်ချမှတ်လာ ခြင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်စပ်နေသော တရုတ် နိုင်ငံတွင် စီးပွားရေးများကျဆင်းနေခြင်း၊ ဒုတိယသမ္မတ လောင်းအမည်စာရင်းတင်သွင်းလိုက်ပြီဆိုသော သတင်း ထွက်လာသည်နှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် အထောက် အပံ့များစွာပေးမည်ဟု ထုတ်ဖော်ပြောကြားလာခြင်း၊ တိုင်းဒေသကြီး မြို့တော်များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Urban Development Planning for Regional Cities) ကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (DUHD) နှင့် ဂျပန်နိုင်ငှဲုံဃဗ တို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိခြင်း၊ ၂ဝ၁၆ ခုနှစ် မတ် ၁၁ရက်က ရန်ကုန်မြို့Park Royal Hotel ၌ ကျင်းပခဲ့သည့် အနာဂတ် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ ယူကေ-ဂျပန် (UK-Japan) ဆွေးနွေးပွဲတွင် ဗြိတိန်နိုင်ငံက မြန်မာ နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံသံအမတ်က ပြောကြား ခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သမ္မတနှင့် ဒုတိယ သမ္မတအဖြစ် ရွေးချယ်မှုရရှိထားခြင်း၊ လွန်ခဲ့သောနှစ် ၂ဝ ခန့်မှ ယနေ့အထိ ကန်ထရိုက်တိုက်များ ဆောက်လုပ်လာ သည်မှာ ကွန်ဒိုနှင့် ရိုးရိုးတိုက်ခန်းများမှာ နေရာပေါင်းစုံ၌ မိုလိုပေါက်အောင် များပြားလွန်းလှသော်လည်း ဝယ်ယူ နိုင်သူအလွန်နည်းပါးလှသည့်အပြင် အိမ်၊ ခြံမြေဈေး ကစားရန် ဝယ်ယူထားသူများ၌ တိုက်ခန်းများစွာဝယ်ယူ ထားကြပြီး ပြန်လည်ရောင်းချ၍ မရသဖြင့် ¤င်းတို့ကလည်း ထပ်မံဝယ်ယူရန် အင်အားလုံးဝမရှိသော အခြေအနေ များဖြစ်နေကြသည်။

ယင်းကဲ့သို့ဖြစ်နေသည်မှာ နှစ်ပေါင်းကြာလာသည်နှင့် အမျှ နေမြင့်လေ အရူးရင့်လေဆိုသကဲ့သို့ ကန်ထရိုက်များ နှင့် ဈေးကစားရန် ဝယ်ယူထားသူများမှ စိုးရိမ်ပူပန်မှုများ ဖြစ်နေရသော အချိန်ကာလလည်း ဖြစ်သည်။ ထိုသို့ ဖြစ်နေသည့် အချိန်ကာလကြာလာသည်နှင့်အမျှ နာမည် ကြီး ကန်ထရိုက်တချို့နှင့် ငါးကြင်းဆီနှင့် ငါးကြင်းကြော် မည်ဟု ရည်ရွယ်၍ လုပ်ကိုင်နေကြသော ကန်ထရိုက်များ၊ ငွေကြေးချေးငှား၍ လုပ်ကိုင်နေကြသော ကန်ထရိုက်များမှာ မနိုင်မနင်းဖြစ်နေကြပြီး လိမ်လည်မှုများရှိလာ၍ တရားစွဲ ဆိုခံနေကြရသောအချိန်လည်း ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကလည်း ဝယ်ယူရင်းနှီးမြှုပ်နှံမှုမျိုးကို မလုပ်ကြဘဲ ငှားရမ်းမှုများဖြင့်သာ လုပ်ကိုင်လျက်ရှိကြ သည်။

ထိုသို့သော အကြောင်းတရားများစွာကြောင့် မော်တော် ကားကုမ္ပဏီပိုင်ရှင်နှင့် ပွဲစားတချို့၊ တိုက်ခန်းမြေဝယ်ရောင်း လုပ်သူနှင့် အိမ်ပွဲစားအများစုက ယခုလို အခြေအနေမျိုးဖြင့် သွားနေမည်ဆိုလျှင် ဈေးနှုန်းများ အဆမတန်ကျဆင်းလာ နိုင်သည်ဟု ညည်းတွားပြောဆိုနေကြသည်ကို ကြားသိခဲ့ရ သည်။ ထို့ပြင် သတင်းစာ၊ ဂျာနယ်ပေါင်းစုံ၌ တိုက်ခန်း၊ မြေ၊ မော်တော်ကားများ ရောင်းလိုကြောင်း ကြော်ငြာများ မှာ အလွန်ပင်များလှပြီး တချို့မှာ ဈေးနှုန်းများအား အရောင်းအဝယ်ဖြစ်အောင် ညှိနှိုင်းပေးပါမည်ဟု ဖော်ညွှန်း၍ ကြော်ငြာလာသည်ကို တွေ့ရှိနေရသည်။ သို့ပါ၍ ဖော်ပြပါ အကြောင်းတရားများကြောင့် တိုက်ခန်း၊ မြေနှင့်၊ မော်တော်ကားများ အဆမတန်ဈေးနှုန်းများ ကျဆင်းလာဖွယ်ရာရှိနေပါကြောင်း တင်ပြလိုက်ရပါ သည်။

Credit: The Mirror Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service