ရန်ကုန် စတော့ အိတ်ချိန်း ဒုတိယမြောက် ရောင်းချခွင့် ကုမ္ပဏီ အဖြစ် သီလ၀ါ အများပိုင် ကရရှိထား

ရန်ကုန် စတော့ အိတ်ချိန်း ဒုတိယမြောက် ရောင်းချခွင့် ကုမ္ပဏီ အဖြစ် သီလ၀ါ အများပိုင် ကရရှိထား - Property News in Myanmar from iMyanmarHouse.com
28 Mar 2016 10:18 am တွင် တင်ခဲ့သည်
1167 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် စတော့ အိတ်ချိန်းတွင် ဒုတိယမြောက် ရှယ်ယာရောင်းချခွင့်ရမည့် ကုမ္ပဏီအဖြစ် သီလ၀ါ အများပိုင် ကုမ္ပဏီအား ရွေးချယ်ထားကြောင်း သတင်းရရှိသည်။ ဒုတိယမြောက်ရောင်းချ ခွင့်ရမည့် သီလ၀ါအများပိုင် ကုမ္ပဏီ အနေဖြင့် လာမည့် ဧပြီ ၂၉၇က်တွင် စတင် ရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

ရန်ကုန် စတော့ အိတ်ချိန်းတွင် စုစုပေါင်း ကုမ္ပဏီ ၆ခုအား ရှယ်ယာ ရောင်းချခွင့်ပြု ရန်စီစဉ်ထားပြီး ယခုသီလ၀ါကုမ္ပဏီက ဒုတိယမြောက်ရောင်းချခွင့်ရသည့် ကုမ္ပဏီဖြစ်သည်။

လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၏ ပထမဆုံး ရှယ်ယာရောင်းချခွင့်ကုမ္ပဏီ အဖြစ် FMI ကုမ္ပဏီက ယခု လ ၂၅ရက်က စတင် ရောင်းချခွင့် ရရှိထားပြီဖြစ်သည်။

" သီလ၀ါက ရှယ်ယာ အများကြီးတော့ မဖြစ်နိုင်ဘူး သောင်းခြောက်ထောင်ကျော်လောက် အစုရှယ်ယာ အရေအတွက် ရှိတယ် " ဟု ဒေါက်တာမောင်မောင်သိမ်းကဆိုသည်။ လက်ရှိရောင်းချ နေသည့် FMI ကုမ္ပဏီ ၏ အစုရှယ်ယာ အရေအတွက် ထက်လျော့နည်းနိုင်ကြောင်း ဒုဝန်ကြီင်္းက ခန့်မှန်းပြောဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအ၀ယ် စတင်မည်ဖြစ်၍ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရာတွင် ငွေ ကြေးခ၀ါချမှုကို ကြိုတင်ကာ ကွယ်နိုင်ရန် အရောင်းအ၀ယ်များ ပြုလုပ်စဉ် သံသယတစ်စုံတစ်ရာ ဖြစ် ပေါ်လာပါက ငွေချေးသက် သေခံ လက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်သို့ သတင်းပို့ရမည် ဖြစ်ကြောင်း ညွှန်ကြားချက်များ စတင်ထုတ်ပြန်ထားသည်။

သီလ၀ါအများပိုင် ကုမ္ပဏီ မှာမူ စုစုပေါင်းရှယ်ယာ အရေအ တွက် တစ်သောင်းခြောက်ထောင် ကျော် ရှိကြောင်း မြန်မာနိုင်ငံငွေ ကြေးသက်သေခံလက်မှတ်လုပ် ငန်းကြီးကြပ်ရေးကော်မရှင်က ထုတ်ပြန်သည်။ သီလ၀ါ အများပိုင်ကုမ္ပဏီ ရှယ်ယာတစ်စု၏ လက်ရှိပေါက် ဈေးမှာ ကျပ်ငါးသောင်းကျော်ရှိ ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်အတွင်း ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ် ၃၁ ဘီလီယံ (ဒေါ်လာ ၂၄ သန်းကျော်)ရှိသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service