ဗီယက်နမ်နိုင်ငံ၏ ရာနှုန်း ပြည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ် သော ကမ္ဘာအေးဘုရားလမ်း ပေါ် ရှိ ဟောင်အင်းဂရီလာစင်တာ ၏ အပိုင်း (၂)ကို ၂၀၁၈တွင်ပြီးစီးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိဖွင့်လှစ်အသုံးပြုနေပြီဖြစ်သည့်အပိုင်း(၁) သည် ၂၀၁၅ တွင် ပြီးစီးခဲ့ပြီး အပိုင်း (၂)သည် ၂၀၁၈ တွင် ပြီးစီးမည်ဖြစ်ကြောင်း၎င်းကုမ္ပဏီက ခန့်မှန်းထားသည်။
တည်ဆောက်မှု၏ ဒုတိယ အပိုင်းတွင် A အဆင့်ရှိ ရုံးခန်းအ ဖြစ်အသုံးပြုနိုင်မည့် တာဝါအ ဆောက်အအုံ နှစ်ခုနှင့် လူနေအိမ် အဆောက်အအုံငါးလုံးပါရှိမည် ဖြစ်ပြီး ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံ နှင့် လူနေအိမ်ခန်းပေါင်း ၉၀၀ ကျော် ပါဝင်မည်ဟု ဆိုသည်။
လုပ်ငန်းကာလအပိုင်း ၁နှင့် အပိုင်း၂ နှစ်ခုလုံး အား ခြောက်နှစ်မှ ခုနစ် နှစ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး သတ်မှတ်ချိန်ထက်စော၍ ပြီးစီးနိုင်ရန် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
အပိုင်း(၁)မှ စတင်ရောင်းချ နေသည့် လူနေတိုက်ခန်းများမှာ ကျပ်သိန်း ၃,၀၀၀ မှ သိန်း၆,၀၀၀ အတွင်းရှိပြီး အထပ်မြင့်လေ ဈေး နှုန်း အနည်းငယ်မြင့်တက်လေဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ဟောင်အင်းဂရီ လာ မြန်မာစင်တာ၏ ပထမအ ပိုင်း၌ ဟိုတယ်မီလီယာနှင့် ဈေး ၀ယ်စင်တာအဖြစ် မြန်မာပလာဇာတို့ စတင်ဖွင့်လှစ်နေပြီ ဖြစ် သည်။
စီမံကိန်းအကောင်အထည် ဖော်နေသည့် မြေနေရာကို စက်မှု ၀န်ကြီး ဌာနထံမှ ယင်းကုမ္ပဏီက ၂၀၁၂ တွင် လွှဲပြောင်းရယူခဲ့ပြီး လုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၁၃ ၌ စတင်နိုင်ခဲ့သည်။ ဟောင်အင်းဂရီလာ စီမံ ကိန်းသည် ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ယခင်စက်မှု(၁) ၀န်ကြီး ဌာနပိုင်မြေနေရာတွင် ကန်ဒေါ် လာ သန်း ၄၄၀ ရင်းနှီးမြှုပ်နှံထား သည့် အဆင့်မြင့်လူနေတိုက်ခန်း များ၊ ဈေးဝယ်စင်တာ၊ ဟိုတယ် နှင့် ရုံးခန်းများပါဝင်သည့်စီမံကိန်း ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com