၂၀၁၆ ခုနှစ် ပထမသုံးလပတ် ကာလ အတွင်းထိုင်း Developerတို့အကောင်အထည်ဖော် ဆောက်လုပ် လျက်ရှိသောနေအိမ်စီမံကိန်းများမှာတန်ဖိုးမြင့် နေအိမ်များသို့ သာဦးတည်လာလျက်ရှိကြောင်း The Nation သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဓိက အကြောင်းရင်းမှာထိုင်းပြည်သူတို့တွင် အကြွေးဖိစီးနေကြမှုကြောင့်ဖြစ်ပြီးတန်ဖိုးကြီးအိမ်ခြံမြေဈေးကွက်မှလွဲ၍ အခြားအိမ်ခြံမြေကဏ္ဍများတွင် မရေရာမှုများသာရှိနေသောကြောင့် ဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်းစီးပွားရေးကဏ္ဍတစ်ခုလုံးတိုးတက်ကောင်းမွန်လာစေရန် ကူညီထောက်ပံ့မှုများပြုလုပ်သင့်ကြောင်း
Land & Housesဆောက်လုပ်ရေးမှအမှုဆောင်ဘုတ်အဖွဲ့ဥက္ကဌအာနန့်အဆာဗာဘိုခင်ကပြောကြားသည်။
Land & Housesသည် ရာမ-၂ အရပ်တွင် တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတစ်ခုအကောင်အထည်ဖော်လျက်ရှိသည်။
ထိုင်း Developer တို့သည် ယခုနောက်ပိုင်းတွင် ၀ယ်လိုအားမြင့်တက်လျက်ရှိသောတန်ဖိုးမြင့်အိမ်ရာနှင့် ကွန်ဒိုများသို့သာဦးတည်လာလျက်ရှိသည်။
ထိုင်းဘဏ်တို့သည် ၀င်ငွေနည်းပါးသူများနှင့် ၀င်ငွေအလယ်အလတ်တန်းရှိသူတို့အား နေအိမ်ဝယ်ယူရန် mortgagesပေးခြင်းမရှိသေးသောကြောင့် ယခုအချိန်မျိုးတွင် တန်ဖိုးမြင့်အိမ်ရာများဆောက်လုပ်ခြင်းဖြင့် ကြိုပွိုင့်ဖြင့် ရောင်းချနိုင်သည့် အခွင့်အရေးရှိလေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)