တန်ဖိုးနည်းနှင့် အငှားအိမ်ရာ စီမံကိန်း စတင်ဆောက်လုပ်သည်မှာ တစ်နှစ်ခန့် ကြာမြင့်ချိန်၌ မူလလယ်ပိုင်ရှင်များအား နစ်နာကြေးပေး

တန်ဖိုးနည်းနှင့် အငှားအိမ်ရာ စီမံကိန်း စတင်ဆောက်လုပ်သည်မှာ တစ်နှစ်ခန့် ကြာမြင့်ချိန်၌ မူလလယ်ပိုင်ရှင်များအား နစ်နာကြေးပေး - Property News in Myanmar from iMyanmarHouse.com
23 Mar 2016 10:45 am တွင် တင်ခဲ့သည်
1065 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ် (၁၄) ရပ်ကွက်ရှိ ဥမ္မာဒန္ဓီ တန်ဖိုးနည်း အိမ်ရာစီမံကိန်းနှင့် ဥမ္မာဒန္ဓီ အငှားအိမ်ရာ စီမံကိန်းတို့ တည်ဆောက်ရာ နေရာ၏ မူလလယ်ပိုင်ရှင်များ စတင် ဆောက်လုပ်သည်မှာ တစ်နှစ်ခန့် ကြာမြှင့်ချိန်၌ မူလလယ်ပိုင်ရှင် လေးဦးအား နစ်နာကြေး ၁၉၆ သိန်းကို မတ် ၂၂ ရက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရုံးတွင် ပေးခဲ့ကြောင်း သတင်းရသည်။

၂၀၁၅ ခုနှစ်မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၆/၁၇ ဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ စီမံကိန်းတွင် တန်ဖိုးနည်း အိမ်ရာနှင့် အငှားအိမ်ရာ နှစ်ခုပါဝင်ကာ အငှားအိမ်ရာမှာ တိုင်းဒေသကြီး အစိုးအရအတွက် ပြည်ထောင်စု အစိုးရမှ ထောက်ပံ့ရန်ပုံငွေဖြင့် တည်ဆောက်ပြီး၊ တန်ဖိုးနည်း အိမ်ရာကိုလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လှည့်ပတ်ရန်ပုံငွေဖြင့် တည်ဆောက်ပြီး အရစ်ကျ ပေးသွင်းစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“အခုက မူလပိုင်ရှင်တွေကို လျော်ကြေးငွေပေးတာပါ။ ဧက အကျယ်အ၀န်းက ၉ ဒသမ ၃၄ ဧကရဲ့ မူလပိုင်ရှင် လေးဦးကို ပေးခဲ့တာပါ။ ဒီနစ်နာကြေးကို ဆောက်လုပ်ရေး ၀န်ကြီးဌာနရဲ့ လှည့်ပတ်ရန်ပုံငွေက ပေးတာပါ။ ဒီတန်ဖိုးနည်း အိမ်ရာတွေက ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ လှည့်ပတ်ရန်ပုံငွေဆိုတာ ဆောက်လုပ်ပြီး ပြန်လည်ရောင်းချလို့ ထွက်တဲ့ ငွေနဲ့ဆက်ပြီး ဆောက်လုပ်သွားတာပါ” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်းတွင် တန်ဖိုးနည်းအိမ်ယာ ရှစ်ခန်းတွဲ ခြောက်ထပ် ခုနစ်လုံး။ ခြောက်ခန်းတွဲ ငါးထပ် ၁၀ လုံး၊ နှစ်ခန်းတွဲ လေးထပ်ငါးလုံးနှင့် ငှားရမ်းအိမ်ရာ ငါးလုံးတို့ ပါဝင်ကာ စုစုပေါင်း အဆောက်အအုံ ၂၇ လုံးပါဝင်ကြောင်း၊ ကုမ္ပဏီ ရှစ်ခုတို့မှ တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီး ညွှန်ကြားရုံး စာရင်းများအရ သိရသည်။

“သိမ်ခံထားရတာ ကြာပါပြီ။ ဟိုးအရင် ကတည်းက ပုသိမ်မြို့သစ် စီမံကိန်းနဲ့ အသိမ်းခံရတာ အခုလိုမျိုး တစ်ဧကကို ၂၁ သိန်းလောက်နဲ့ ပြန်ရတော့ ၀မ်းသာမိပါတယ်။ မိသားစုကတော့ နှစ်နာခဲ့ရတာ နှစ်မနည်းတော့ပါဘူး” ဟု နစ်နာကြေးရရှိသည် မူလလယ်ပိုင်ရှင် မိသားစုဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်း၏ ကျသင့်ငွေတန်ဖိုးမှာ အခြေခံဖြစ်သော လမ်း၊ မီး၊ ရေ၊ မိလ္လာ စနစ်များ လုပ်ဆောင်ပြီးချိန်မှသာ ပြောနိုင်မည်ဖြစ်ကြာင်းနှင့် ငှားရမ်းရန်နှင့် ရောင်းချရန်များမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ အိမ်ရာဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနနှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရတို့ ညှိနှိုင်း၍ မူဝါဒချပြီးမှသာ မူဝါဒအတိုင်း ရောင်းချငှားရမ်းသွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီး ညွှန်ကြားရုံးမှ သိရသည်။

Credit : Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service