နောက်လာမယ့် အစိုးရလက်ထက်မှာ အိမ်ခြံမြေဈေးကွက်အခြေအနေ မြို့သစ်စီမံကိန်း ဖော်ဆောင်သင့်မသင့် နဲ့ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ အခြေအနေ၊ ယာဉ်ကြောကျပ်တည်းမှုတွေကို ဘယ်လိုဖြေရှင်းသင့်တယ် ဆိုတဲ့အမြင်တွေ ဘယ်လိုဆိုတာ သိနိုင်ဖို့အခုလာမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ ရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ)နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို တင်ပြ လိုက်ပါတယ် . . .
အခုလာမယ့်အစိုးရလက်ထက်မှာ ဘာတွေက စပြင်သင့်တယ် လို့ ထင်ပါသလဲ။
ပထမဆုံးအခွန်စနစ်ကို စရအောင်၊ ကျွန်တော်တို့ အခွန်ရငွေ တိုးတက်အောင်ဆိုရင် ပထမစဉ်းစားရမှာက အခွန်ငွေတွေ တက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းပေါ့၊ ဒီမှာ အခြေခံ (Base)အပိုင်းပေါ့။ ဒီမှာဆိုရင် အခွန်မျိုးစုံကောက်မယ်။ အခွန် ထမ်းသစ်တွ အခွန်ပေးဆောင်ထိုက်သူတွေ အခွန်ထမ်းချင်လာ အောင် လုပ်ရမယ်။
အခွန်မျိုစုံကောက်မယ်ဆိုတော့ ဘယ်လိုပုံစံတွေ၊ ဘယ်လို နှုန်းထားတွေနဲ့ ကောက်မလဲ။
ဓာတ်သတ္တုခွန်၊ အိမ်ခြံမြေခွန်၊ အမြတ်ခွန်၊ ကုန်ထုတ်လုပ် ခွန်၊ ကုန်သွယ်ခွန်စသဖြင့်ပေါ့။ နှုန်းထားတွေကတော့ ပြန်စဉ်း စားရမယ်။ နောက်တစ်ခုက အခွန်စီမံခန့်ခွဲရေး ( Tax Management ) ကိုလည်း လုပ်ဖို့လိုတယ်။ အဲဒါက အဓိကသော့ချက်ပဲလေ။
အခွန်စီမံခန့်ခွဲရေး ( Tax Management )က အဓိကသော့ချက် ဆိုတော့ ဘယ်လိုပြင်ဆင်သွားရမယ်လို့ ဆရာထင်ပါသလဲ။
အစိုးရက တစ်နှစ်တစ်ခါအကောက်အခွန်ဥပဒေဆိုတာ ထုတ်ပြန်ပါတယ်။ အဲဒီမှာ အခွန်နှုန်းထားတွေကို ဖော်ပြပေး ထားတယ်။ အိမ်ခြံမြေမှာက ဘယ်နှုန်းကောက်မယ်ပေါ့။ ၂၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းဆိုတာတွေက မှန်ပါတယ်။ ဒါပေမဲ့ အလုံးစုံမှန်ကန်ဖို့က အခွန်ကောက်တဲ့အခါ အခွန်ရာဖြတ်က တစ်ယောက်၊ အခွန်ကောက်တာက တစ်ယောက်၊ ငွေသွင်းတာက တစ်ယောက်ဆိုပြီး ခွဲလိုက်ရမှာပေါ့။ အဲဒီအခါ တစ်ယောက်က ဘာလုပ်နောက်တစ်ယောက်က ဘာလုပ်နဲ့ တစ်လအတွင်း ပြီးသွားပါလိမ့်မယ်။ တစ်လကျော်သွားရင် အထက်က ဘာကြောင့် ဆိုပြီး ၀င်စစ်မယ်ဆိုရင် အဆင်ပြေသွားနိုင်ပါတယ်။
အစိုးရသစ်လက်ထက်မှာ အခွန်စနစ်ကလည်း အားကောင်း လာပြီ။ ဒီအခါ ရန်ကုန်မြို့တွင်းသွားလာရေး အကျပ်အတည်း တွေကိုရော ဘယ်လိုဖြေရှင်းပေးသွားနိုင်မလဲ။
ရန်ကုန်မြို့တွင်း သွားလာရေးအကျပ်အတည်းအတွက်က တိုက်တွေကို မိုးပေါ်ထောင်ပြီး ဆောက်လိုက်တာတို့၊ စီးပွားရေး ဇုန်တွေ ခွဲထုတ်တာတို့ လုပ်ရင်ရနိုင်ပါတယ်။ အလုပ်လုပ်မယ့်သူ တွေက သက်ဆိုင်ရာအလိုက်သွားတော့ မြို့ထဲမှာ အပန်းဖြေတဲ့ နေရာရယ်၊ လည်ပတ်စရာရယ်၊ အမှတ်တရနေရာတွေရယ်ပဲ ရှိတော့မယ်။ နောက်တစ်ခုက ကားကျပ်နေတာနဲ့ ပတ်သက်ပြီး မ.ထ.သရယ်၊ က.ည.နရယ်၊ ယာဉ်ထိန်းရယ်၊ မြို့တော်စည်ပင် ရယ်ကိုခေါ်ပြီး တာဝန်ဆိုင်ရာတွေ ညှိလိုက်ပေါ့။ က.ည.န ကရလာတဲ့ အခွန်ကို ယာဉ်ထိန်းကိုလည်း လစာအနေနဲ့ တိုးပေးတာတို့ ယာဉ်ထိန်းလိုရင် ထပ်ခန့်တာတို့ လုပ်ပြီး ပူးပေါင်းလိုက် ရင် အဆင်ပြေသွားမှာပါ။
ဟုတ်ကဲ့ ဆရာ၊ နောက်တစ်ခုက ရန်ကုန်မြို့နေ လူထုခံစား နေရတဲ့ နေထိုင်စရိတ်ကြီးမြင့်မှုတွေကို ဘယ်လိုဖြေရှင်းပေး နိုင်မလဲ။
နေထိုင်စရိတ်ဆိုတဲ့နေရာမှာ အိမ်ငှားရမ်းခပေါ့။ ဒါက နိုင်ငံတကာမှာလည်း ကြီးမြင့်နေပါတယ်။ ကျွန်တော်တို့ဆီက ငှားရမ်းစနစ်က ၆လတို့၊ တစ်နှစ်တို့ဖြစ်နေတာကို တစ်လချင်း ပေးစနစ်အဖြစ် ဥပဒေထုတ်ပြန်လိုက်ရင် တာဝန်လျော့သွားစေနိုင် ပါတယ်။ နောက်တစ်ခုက အိမ်ရာတွေဆောက်ပြီးလို့ ၀ယ်နိုင် အောင်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရ မယ်။ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ အများကြီးထွက်လာ အောင်မွေးပေးရမယ်။ အဲဒါဆို အလုပ်ရမယ်။ လစာရမယ်။ ဘဏ်ကလည်း အလုပ်ရှိတော့ ငွေချေးပေးလာမယ်။
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းက အရမ်းကြီးမြင့်နေတယ်လေ ဆရာ။ အရစ်ကျဝယ်မယ်ဆိုရင်လည်း ပေးသွင်းရမယ့် ငွေကြေးက အရမ်းများနေတယ်။ ဒီတော့ အိမ်ခြံမြေဈေးနှုန်း ထိန်းညှိမှုတွေနဲ့ အရစ်ကျစနစ်ကို ဘယ်ကိုကိုင်တွယ်သွားမလဲ။
ဈေးနှုန်းကိစ်္စအတွက် အိမ်ရာတွေများလာရင် ဈေးနှုန်းကျ လာမှာပါပဲ။ ကွန်ဒိုတွေ၊ အိမ်ရာတွေဆောက်နိုင်တဲ့ ကုမ်္ပဏီတွေ ကို ပေးဆောက်ခိုင်းလိုက်မယ်။ ကြိုက်သလောက်ဆောက်။ လမ်းတိုင်းမှာ အိမ်ငှားသည်ဖြစ်လာရင် ဈေးတက်နိုင်စရာ မရှိ တော့ပါဘူး။ နောက်တစ်ခုကြူခေု သြညနပ ပဲဖြစ်ဖြစ်၊ျွှ့ငအန သြညနပ ပဲဖြစ်ဖြစှ်အသခု မြေုနအ လည်း ပေါ်လာပြီဆိုတေှာ့အသခု တွေကို ၀ယ်ခိုင်းတာနဲ့ လုပ်လိုက်ရင် ဘာမှမလုပ်တတ်တဲ့ သူလည်း အိမ်ခြံမြေထဲကို အလုံးအရင်းနဲ့ ၀င်မလာတော့ပါဘူး။ ဒီတော့ ဈေးလည်းငြိမ်သွားပါလိမ့်မယ်။
နောက်တစ်ခုက အရစ်ကျမှာ ပေးသွင်းရမယ့် ငွေကြေးက အရမ်းများနေတယ်ဆိုတာက ပေးနိုင်တဲ့သူက ပေးသွားပါလိမ့် မယ်။ ညီလေးမပေးနိုင်လို့ မသွင်းတာကကျတော့ ညီလေးကြိုးစား ရတော့မယ်။ ဒီအတွက်ဘဏ်က ငွေထုတ်ချေးမယ်။ အစိုးရက စောင့်ကြည့်ထိန်းကျောင်းပေးမယ်။ ကုမ္ပဏီက အခန်းရောင်းမယ်။
ဆရာ့ရဲ့ စကားအရ အစိုးရသစ်လက်ထက်မှာ ဘဏ်လုပ်ငန်း တွေက အားကောင်းလာနိုင်မယ်ပေါ့။
ဘဏ်ရဲ့ အခန်းကဏ္ဍကတော့ အားကောင်းဖို့လိုပါတယ်။ ပုဂ္ဂလိကလည်း ပုဂ္ဂလိကပေါ့။ အစိုးရဘဏ်ကလည်း အစိုးရဘဏ်အရ ပေါ့။ မြန်မာနိုင်ငံမှာ ဘဏ်ကိုးဘဏ်ရှိတယ် မလုပ်ရသေးဘူး။ နှစ်ရှည်ပေါ့။ အိမ်ရာစီမံကိန်းတွေအတွက် ငွေချေးပေးမယ်။ ဆောက်လုပ်ရေးသမားတွေက ဆောက်မယ်။ မြို့ပေါ်က ပြဿနာ က ဒီလိုရှင်းလို့ရပါတယ်။
နောက်ဆုံးတစ်ခုပေါ့။ ပြည်သူတွေအစိုးရသစ်ကို အများကြီး မျှော်လင့်ထားတယ်လေ။ အစိုးရသစ်ကလည်း မူဝါဒကောင်းတွေ ရှိနေမယ်။ ပြည်သူတွေကလည်း လိုက်နာနိုင်မယ့် မူဝါဒတွေ ပေါ့။ ဆန်္ဒပြတာတွေ၊ အလုပ်သမားပဋိပက္ခတွေ ငွေကြေး ဖောင်းပွမှုတွေ၊ အိမ်ခြံမြေဈေးဖောင်းပွမှုတွေ အဂတိလိုက်စားမှုတွေ အဲဒါတွေကို အစိုးရသစ်က ဘယ်လောက်ထိန်းကျောင်းသွားနိုင် မလဲ။
အစိုးရဖြစ်လာရင်တော့ ရင်ဆိုင်ရမှာပါပဲ။ ခုရေတွင်းတူး၊ ခုရေကြည်သောက်ဆိုသလိုတော့ လုပ်လို့မရပါဘူး။ ကျွန်တော် တို့ အချိန်ယူရပါမယ်။ မလေးရှားဆိုရင် ၁၀ နှစ်လောက် အချိန် ယူရပါတယ်။ ထိုင်းဆိုရင် ၂၀ လောက်ယူရတယ်။ အဂတိလိုက်စားမှု ကိုတော့ အထက်မှာပြောခဲ့သလို အခွန်ဝန်ထမ်းတွေကို စီမံခန့်ခွဲ မှုနဲ့ ထိန်းချုပ်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။
ဟုတ်ကဲ့ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ၊
သန့်ဝေစိုး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com