ကွန်ဒိုမီယံဥပဒေသစ်ကြောင့် အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်လာနိုင်

ကွန်ဒိုမီယံဥပဒေသစ်ကြောင့် အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်လာနိုင် - Property News in Myanmar from iMyanmarHouse.com
22 Mar 2016 11:10 am တွင် တင်ခဲ့သည်
993 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်အပြောင်းအလဲဖြစ်လာနိုင်
ပြည်ထောင်စုလွှတ်တော်မှ ဇန်န၀ါရီ လ ၂၂ ရက်နေ့က ကွန်ဒိုမီနီယံဥပဒေကို အတည်ပြုပေးလိုက်ခြင်းကြောင့် မြန်မာ နိုင်ငံ အိမ်ခြံမြေဈေးကွက်အတွက် အပြောင်း အလဲတစ်ခု ဖြစ်လာနိုင်သော်လည်း အခွန် စံနှုန်းသတ်မှတ်ချက်များနှင့် အခွန်အကောက် များ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမှု သည် ပြည်တွင်းလုပ်ငန်းရှင်များအတွက် အခက်အခဲများ ဖြစ်ပေါ်စေသည်ဟု အိမ် ခြံမြေလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ သိရသည်။

အတည်ပြုပြဋ္ဌာန်းပေးလိုက်သည့် ကွန်ဒိုမီနီယံဥပဒေတွင် ပိုင်ဆိုင်မှု လုပ် ထုံးလုပ်နည်းများအနက် အခန်းများ၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြား သားများအား ၀ယ်ယူခွင့်ပြုခဲ့မှုကြောင့် ပြည်တွင်းစီးပွား ရေးဈေးကွက်အတွင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများပိုမိုဝင်ရောက်လာနိုင်ပြီး အိမ်ခြံ မြေဈေးကွက် ပြန်လည် ဦးမော့လာနိုင် ကာ အေးစက်နေသော အိမ်ခြံမြေဈေးကွက် အတွက် ထွက်ပေါက် တစ်ခုဖြစ်လာနိုင်သလို ဥပဒေအတည်ပြု အပြီးတွင် အရောင်းအ၀ယ် များ ပြန်လည်မြင့်တက်လာမည်ဟု အိမ်ခြံ မြေလုပ်ငန်းမှ ကျွမ်းကျင်သူများက မျှော်လင့် နေကြကြောင်း သိရသည်။

၃ နှစ်ကြာ ရေးဆွဲခဲ့သည့် ကွန်ဒို မီနီယံ ဥပဒေအသစ်တွင် နိုင်ငံခြားသားများ အနေဖြင့်၄၀ ရာခိုင်နှုန်း တိုက်ခန်းများကို ၀ယ်ယူခွင့်ရရှိမည်ဖြစ်သော်လည်း ပိုင် ဆိုင်မှုအပေါ် စီမံခန့်ခွင့်ပေးမထားကြောင်း၊ ၀ယ်ယူသူများက ကွန်ဒိုတည်ဆောက် ထားသည့်မြေနေရာကို အချိုးကျပိုင်ဆိုင် ခွင့်ပြုထားခြင်းသည် အခန်းပိုင်ရှင်များ ထက် မြေပိုင်ဆိုင်သူအား ပိုမိုဦးစားပေး ထားသည့် ယခင်ဥပဒေများထက် တိုးတက် မှုတစ်ခုဖြစ်ကြောင်း၊ ဥပဒေသစ်၌ ကွန်ဒို မီနီယံများအတွက် စံနှုန်းများ ချမှတ်ပေး ထားပြီး၊ အထပ် အရေအတွက်၊ အခန်း အရေအတွက်၊ ကားရပ်နားရန်နေရာ၊ အခြားပံ့ပိုးမှုများနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များလည်း အသေးစိတ်ပါဝင် ပြီး ကွန်ဒိုမီနီယံများသည် ၆ ထပ်အထက် ပိုရှိရမည်ဖြစ်ကာ အနည်းဆုံးမြေ စတုရန်းပေ ၂၀,၀၀၀ ကျယ်ဝန်းရမည်ဟု သတ်မှတ်ထား ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း အိမ်ခြံမြေဈေး ကွက် ငွေကြေးလည်ပတ်မှု နှေးကွေးလာ ခြင်းကြောင့် အိမ်ခြံမြေကစားသူအချို့ သည် ဘဏ်များ၌ အပေါင်ထားငွေချေး ပြီး ထပ်မံရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြ သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ များပြားလာခြင်းကြောင့် ကွန်ဒိုတိုက်ခန်း များ၏ ရောင်းလိုအားသည် ၀ယ်လိုအားထက် ကျော်လွန်လျက်ရှိနေကြောင်း၊ ကွန်ဒိုမီနီယံ ဥပဒေ အတည်ပြုပြီးနောက် လက်ရှိအချိန် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်လာ နိုင်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပြန်လည်အသက်ရှုချောင်လာနိုင်သည်ဟု မန္တလေးအခြေစိုက် CAD Construction ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်း ဆွေက ပြောသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်း သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရင်း၌ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် လာသော်လည်း လုပ်ငန်းအကောင်အထည် ဖော်မှုမှာ နှေးကွေးနေလျက်ရှိနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်း လုပ်ငန်းရှင်များသည် ရှင်းလင်းပြီး မျှတ သည့် ပိုင်ဆိုင်မှု၊ အခွန်ဆိုင်ရာ မူဝါဒတစ်ခု ကိုမြင်တွေ့ရသည့် အချိန်အထိ စောင့် ကြည့်နေကြမည်ဖြစ်ကာ အိမ်ခြံမြေပိုင်ဆိုင် မှုများကို အလောတကြီး ၀ယ်ယူကြဖွယ် မရှိဟု သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှု များကြောင့် ယခုအချိန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန် စောင့် ကြည့်နေဆဲပင်ဖြစ်ပြီး အချို့သော ရင်းနှီး မြှုပ်နှံသူများက မြန်မာနိုင်ငံတွင် အခွန် ကောက်ခံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး များ ပြီးစီးခြင်းမရှိသေးသည့်အတွက် သတိထားစောင့်ကြည့်နေကြဆဲပင်ဖြစ် ကြောင်း၊ ကွန်ဒိုမီနီယံဥပဒေ အတည်ပြု ပေးပြီးဖြစ်သော်လည်း ပိုင်ဆိုင်မှုနှင့် အရောင်းခွန်များကို မြှင့်တင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များက အဆို ပြုတင်သွင်းနေမှုများကြောင့် လာမည့်ဘဏ္ဍာ နှစ်များအတွင်း ကြပ်မတ်ဆောင်ရွက်မှုများ ပိုမိုတင်းကျပ်လာနိုင်ကြောင်း၊ ပိုင်ဆိုင်မှု ဈေးကွက်အား အခွန်ဥပဒေများဖြင့် ထိန်း ချုပ်ရန် ပြုလုပ်လာနိုင်ပြီး ၀ယ်ယူသူများ အတွက် ပိုင်ဆိုင်မှု အခွန်ကို လွှတ်တော် က ပြန်လည်သုံးသပ်လာနိုင်သည်ဟု ဦးဇင်မင်းဆွေက ဆက်လက်ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက် အရောင်းအ၀ယ်များသည် ၂၀၁၃ ခုနှစ်အခြေအနေနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၅၀ ကျော် ကျဆင်းသွားပြီး ပြည်တွင်းအိမ်ခြံမြေဈေးကွက် ကျဆင်းရ ခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း နှင့် အိမ်ခြံမြေဥပဒေများ အားနည်းခြင်း ကြောင့်ဟု မန်္တလေးတိုင်းဒေသကြီး အိမ် ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ်ဦးက သုံးသပ်ပြောပြသည်။

လင်းဝဿန် (ရွှေကျွန်းလုံး) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကွန်ဒိုမီယံဥပဒေသစ်ကြောင့် အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်လာနိုင် - Property News in Myanmar from iMyanmarHouse.com
ကွန်ဒိုမီယံဥပဒေသစ်ကြောင့် အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်လာနိုင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service