ချောင်းသာဟိုတည်တွေအားလုံး သည်နှစ် ၂၀ ရာခိုင်နှုန်းခန့် ဈေးလျော့မည်

ချောင်းသာဟိုတည်တွေအားလုံး သည်နှစ် ၂၀ ရာခိုင်နှုန်းခန့် ဈေးလျော့မည် - Property News in Myanmar from iMyanmarHouse.com
22 Mar 2016 10:21 am တွင် တင်ခဲ့သည်
1473 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းခရီးသွားအများဆုံးလာရောက်အနားယူအပန်းဖြေကြတဲ့ ချောင်းသာကမ်းခြေမှာရှိတဲ့ ဟိုတယ်တွေအားလုံး သင်္ကြန်အတွင်းအပါအဝင် အခုနှစ်မှာ ၂၀ ရာခိုင်နှုန်းခန့် ဈေးလျော့ထားတယ်လို့ ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်များအသင်းကသိရပါတယ်။

၂၀၁၄ ခုနှစ်က ခရီးသွားအရေအတွက်ထက် ၂၀၁၅ ခုနှစ်မှာ အနည်းငယ်လျော့ကျခဲ့တာကြောင့် အခု၂၀၁၆ ခုနှစ်မှာ တည်းခိုခ ဈေးနှုန်းတွေကို လျော့ချပေးထားတာဖြစ်တယ်လို့ ချောင်းသာကမ်းခြေရှိ သီရိဟိုတယ်ပိုင်ရှင် ဦးနိုင်ဝင်းကဆိုတယ်။

သူက ‘မနှစ်က ခရီးသွားလျော့ကျပါတယ် ၊ ဘာလို့လဲဆိုတော့ အဓိကက လမ်းပန်းကြောင့်ပါ ၊ ဥတိုတံတားက ကားတစ်စီးပဲဖြတ်လို့ရတော့ ဟိုဘက်ဒီဘက်ဖြတ်ဖို့ စောင့်ရတဲ့အချိန်က တစ်နာရီကျော်လောက်အချိန်ပေးရတယ် ၊ ဒါကြောင့်တံတားကို ခဏပိတ်လိုက်ပြီး နှစ်လမ်းသွားတံတားအဖြစ်လုပ်လိုက်ပါတယ် ၊ အဲဒီလိုပိတ်ထားတဲ့အချိန်မှာ ခရီးသည်ဝင်ရောက်မှုက ကျသွားတာပါ’ လို့ပြောပါတယ်။

ဥတိုတံတားကို မတ်လ ၁၈ရက်နေ့က ဖွင့်လှစ်ခဲ့ပြီးဖြစ်လို့ မနှစ်က လျော့ကျခဲ့တဲ့ခရီးသည် အရေအတွက်ထက် ပိုမိုဝင်ရောက်လာစေဖို့ အခုလိုဈေးနှုန်းလျော့ချထားတာလို့ သိရပါတယ်။
ချောင်းသာကမ်းခြေဟိုတယ်တွေအနေနဲ့ သင်္ကြန်တွင်းလာရောက်တည်းခိုကြမယ့် ဧည့်သည်တွေ အတွက်ကိုလည်း ၂၀ရာခိုင်နှုန်းလျော့ထားတဲ့ ဈေးနှုန်းနဲ့တည်းခိုနိုင်မှာဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ချောင်းသာကမ်းခြေ ဟိုတယ်ဈေးနှုန်းတွေကတော့ တစ်ညကို အနိမ့်ဆုံး ကျပ် ၄၀,၀၀၀ ခန့်ကစတင်ပြီး အခန်းအမျိုးအစားပေါ်လိုက်ပြီး အမြင့်ဆုံးဈေးကျပ် ၂၅၀,၀၀၀ အထိရှိတယ်လို့သိရပါတယ်။

လက်ရှိအချိန်အထိ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၁၆လုံးနဲ့ ဧည့်ရိပ်သာခြောက်လုံး စုစုပေါင်း ၂၂ လုံးရှိတယ်။ အခန်းအရေအတွက်က ၈၅၄ ခန်းရှိပါတယ်။တစ်နှစ်ကို ပျမ်းမျှတည်းခိုသူအရေအတွက် ၂၅၀,၀၀၀ ခန့်ရှိတယ်လို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Credit: THe Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service