သီလ၀ါဆိပ်ကမ်းဒေသရှိ မြေ ၃၇ ဧကတွင် ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အဆောက်အအုံများအား Puma Energy Asia Sun ကုမ္ပဏီမှ တည်ဆောက်မည်

သီလ၀ါဆိပ်ကမ်းဒေသရှိ မြေ ၃၇ ဧကတွင် ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အဆောက်အအုံများအား Puma Energy Asia Sun ကုမ္ပဏီမှ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
21 Mar 2016 12:11 pm တွင် တင်ခဲ့သည်
2436 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါ ဆိပ်ကမ်းဒေသရှိ မြေ ၃၇ ဧကတွင် ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အထောက်အကူပြု အဆောက်အအုံများကို Puma Energy Asia Sun ကုမ္ပဏီမှ BOT စနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

သီလ၀ါ ဆိပ်ကမ်းမြေကွက်အမှတ် (၃) အား BOT စနစ်ဖြင့် ငှားရမ်းပြီး ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် သိုလှောင်ကန်များ တည်ဆောက်ရန် နိုင်ငံပိုင် သတင်းစာများမှ တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီနှစ်ခု တင်ဒါတင်သွင်းခဲ့သည်။

အဆိုပါ တင်ဒါတင်သွင်းသည့် ကုမ္ပဏီနှစ်ခုအနက် China Harbour Engineering Co.Ltd သည် တင်ဒါစိစစ် ရွေးချယ်ခြင်းနှင့် အခြေခံ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိသည့်အတွက် ပဏာမအဆင့် အောင်မြင်ခဲ့ခြင်းမရှိဘဲ Puma Energy Group Pte Ltd မှပဏာမအဆင့် တင်ဒါအောင်မြင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်-ကျောက်တန်းနယ်မြေ သီလ၀ါဆိပ်ကမ်းဒေသ မြေကွက်အမှတ် (၃) တွင် မျက်နှာစာအလျား ၁၆၈ မီတာ၊ အကျယ် ၂၅ မီတာရှိ ဆိပ်ခံတံတားတစ်စင်းနှင့် အလျား ၁၀၁ မီတာအကျယ် ငါးမီတာအရွယ်ရှိ ချဉ်းကပ်တံတားတစ်စင်းပါဝင်သော ကွန်ကရစ်ဆိပ်ခံတံတားများကို Puma Energy Asia Sun Company မှတည်ဆောက်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ ဆိပ်ခံတံတားများ တည်ဆောက်ခဲ့ပြီး နောက်ခံမြေပေါ်တွင် ကတ္တရာ ၇၀၀၀ ကုဗမီတာ သိုလှောင်ထားနိုင်သည့် သိုလှောင်ကန်သုံးလုံး၊ ရေနံဆက်စပ်ပစ္စည်းများ ၈၃၇၅ ကုဗမီတာ သိုလှောင်ထားနိုင်သည့် သိုလှောင်ကန်ရှစ်လုံး တည်ဆောက်ခဲ့ပြီးဖြစ်သည်။

သီလ၀ါဆိပ်ကမ်းဒေသရှိ မြေကွက်အမှတ် (၃) ရှိ ဧရိယာ ၃၇ ဒသမ ၀၆ ဧကပေါ်တွင် စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း အကုန်အကျခံကာ ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အထောက်အကူပြု အဆောက်အအုံများ တည်ဆောက်သွားမည် ဖြစ်သည်။

Puma Energy Asia Sun ကုမ္ပဏီအနေဖြင့် သီလ၀ါဆိပ်ကမ်းဒေသရှိ မြေကွက်အမှတ် (၃) အား ငှားရမ်းခြင်းအတွက် မြေအသုံးချမှု ပရီမီယံကြေးအဖြစ် မြေတစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၆၇ နှုန်း၊ နှစ်စဉ်မြေငှားရမ်းခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၆၀၀၀၀၀၀ (မြေတစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၆၇ နှုန်း) ဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံ ပေးသွင်းရမည်ဖြစ်သည်။

Puma Energy Asia Sun ကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ကာလ၊
မြေငှားကာလကို ကနဦးနှစ် ၅၀ နှင့် နောက်ထပ်သက်တမ်း တစ်ကြိမ်လျှင် ၁၀ နှစ်နှင့် သက်တမ်းနှစ်ကြိမ် တိုးမြှင့်သည့် စနစ်ဖြင့် စုစုပေါင်း နှစ် ၇၀ လုပ်ငန်းဆောင်ရွက်ခွင့် ပြုသွားမည်ဟု သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service