ရန်ကုန်စတော့အိတ်ချိန်း ၌ ပထမဆုံး အစုရှယ်ယာ ရောင်း ချခွင့်ရရှိသည့် FMI ကုမ္ပဏီက ရှယ်ယာတစ်စုလျှင် ၂၆,၀၀၀ကျပ်နှုန်းဖြင့်
မတ်လ ၂၅ ရက်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
‘‘စမယ့်နေ့ ဖွင့်ဈေးဖြစ်ပါ တယ်။ ကျန်တာကတော့ ဈေး တက်တာ၊ ကျတာ ဈေးကွက်က သတ်မှတ်သွားတာပေါ့’’ဟု ဒုဝန် ကြီးက ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာက စတင်ဖွင့်လှစ် ခဲ့သော်လည်း ရှယ်ယာများရောင်း ချမည့် ကုမ္ပဏီခြောက်ခုထဲမှ FMIကုမ္ပဏီကို
စတင်ရာင်းချခွင့် ပြုထားပြီဖြစ်သည်။
ရှယ်ယာအဖွင့်ဈေး စတင် သတ်မှတ်ခြင်းကို FMI ကုမ္ပဏီ၏ စတော့ဈေးကွက် မ၀င်ရောက်မီ ဈေး၊ စတော့အိတ်ချိန်းဝင်ပြီး ဈေးနှင့် ယခုလက်ရှိပေါက်ဈေး
သုံးခုတို့ကို တွက်ချက်ပြီး သတ် မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ရှင်းပြသည်။
စတင်ရောင်းချမည့် FMI ကုမ္ပဏီသည် ရှယ်ယာအစုပေါင်း ခြောက်ထောင်ကျော်စတင်ရောင်း ချနိုင်ကြောင်း ဒုဝန်ကြီးက ခန့်မှန်း ပြောကြားသည်။
FMI ကုမ္ပဏီ ပြင်ပရှယ်ယာတစ်စု၏ လက်ရှိပေါက်ဈေးမှာ ကျပ်လေးသောင်းကျော်နေ ကြောင်း လုပ်ငန်းရှင်အသိုင်းအ ၀ိုင်းမှ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအ၀ယ်စတင်မည်ဖြစ်၍ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရာတွင် ငွေ ကြေးခ၀ါချမှုကို ကြိုတင်ကာ ကွယ်နိုင်ရန် အရောင်းအ၀ယ်များ ပြုလုပ်စဉ် သံသယတစ်စုံတစ်ရာ ဖြစ် ပေါ်လာပါက ငွေချေးသက် သေခံ လက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်သို့ သတင်းပို့ရမည် ဖြစ်ကြောင်း ညွှန်ကြားချက်များ စတင်ထုတ်ပြန်ထားသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ဒုတိယမြောက် ရောင်းချခွင့် အဖြစ် သီလ၀ါအများပိုင်ကုမ္ပဏီ ကို လျာထားပြီး FMI ကုမ္ပဏီပြီး နောက် ဒုတိယမြောက်ရောင်းချ မည့် ကုမ္ပဏီဖြစ်လာနိုင်သည်။
သီလ၀ါအများပိုင် ကုမ္ပဏီ မှာမူ စုစုပေါင်းရှယ်ယာ အရေအ တွက် တစ်သောင်းခြောက်ထောင် ကျော်ရှိကြောင်း မြန်မာနိုင်ငံငွေ ကြေးသက်သခံလက်မှတ်လုပ် ငန်းကြီးကြပ်ရေးကော်မရှင်က ထုတ်ပြန်သည်။
သီလ၀ါ အများပိုင်ကုမ္ပဏီ ရှယ်ယာတစ်စု၏ လက်ရှိပေါက် ဈေးမှာ ကျပ်ငါးသောင်းကျော်ရှိ ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်အတွင်း ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ် ၃၁ ဘီလီယံ (ဒေါ်လာ ၂၄ သန်းကျော်)ရှိသည်။
ပြည်တွင်း၌ စတော့အိတ် ချိန်းသို့ ၀င်ရောက်ရန်ရည်ရွယ်ပြီး တည်ထောင်ထားသည့် အများ ပိုင်ကုမ္ပဏီ ၂၅၀ ကျော်ရှိကာ အဆိုပါကုမ္ပဏီများအားလုံးကို စတော့အိတ်ချိန်းသို့ ၀င်ရောက် ခွင့်ပြုမည်မဟုတ်ဘဲ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က သတ် မှတ်ထားသည့် စံနှုန်းများပြည့်မီမှ သာ ၀င်ရောက်လုပ်ကိုင်ခွင့်ရရှိ မည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
Credit: 7Daydaily