ရန်ကုန်တိုင်းအတွင်း ကျေးရွာ ၃၀ သို့ မြေငှားဂရန် ချထားပေးရန် ဗဟိုအဆင့် ဆက်လက်တင်ပြထား

ရန်ကုန်တိုင်းအတွင်း ကျေးရွာ ၃၀ သို့ မြေငှားဂရန် ချထားပေးရန် ဗဟိုအဆင့် ဆက်လက်တင်ပြထား - Property News in Myanmar from iMyanmarHouse.com
21 Mar 2016 11:30 am တွင် တင်ခဲ့သည်
1245 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျေးရွာပေါင်း ၃၀ ကျော်သို့ မြေငှားဂရန်ချပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ခံချက်ပေး၍ ဗဟိုအဆင့်သို့ ဆက်လက်တင်ပြထားကြောင်း သတင်းရရှိသည်။

မြေငှားဂရန် ချထားပေးရန် တင်ပြထားသည့် ကျေးရွာများသို့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရန် အထူးလုပ်ငန်းအဖွဲ့(ဗဟို)၏ ဆုံးဖြတ်ချက်ကျလာမှသာ ဂရန်ပေးခြင်းလုပ်ငန်းများ စတင်နိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။

‘‘ဗဟိုအဖွဲ့က ခွင့်ပြုတယ် ဆိုရင် ဂရန်ချထားပေးတဲ့ လုပ် ငန်းကို ထွေအုပ်က ဆက်လက် လုပ်ပေးသွားမှာပါ။ ဒီအစိုးရ လက်ထက်မှာတော့ နောက်ဆုံး တင်ထားတဲ့အမှုတွေကို အတတ် နိုင်ဆုံးအပြတ်ဖြတ်သွားဖို့ရှိတယ်။ ကျွန်တော်တို့ဆီကတော့ ထောက် ခံပေးလိုက်တဲ့ ကျေးရွာ ၃၀ကျော်တယ်။ မပြီးပြတ်ရင်လည်း နောက်အစိုးရက ဆက်လုပ်နိုင်အောင် စနစ်တကျလွှဲပေးမှာပါ’’ဟု ၎င်း က ပြောသည်။

အဆိုပါ ကျေးရွာမြေငှား ဂရန်ချပေးရခြင်းမှာ မြို့ပေါ်မြေ များကဲ့သို့ ပိုင်ဆိုင်မှုအထောက်အထား အခိုင်အမာရရှိစေရန်နှင့် ရောင်းဝယ်မှုများ တရားဝင်ပြု လုပ်နိုင်ရန်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းလုပ်ငန်းစဉ်ကို လက်ရှိ သမ္မတဦးသိန်းစိန်၏ လမ်းညွှန် ချက်အရ ၂၀၁၅ နှစ်လယ်ပိုင်းက တည်းက ရှေ့ပြေးအစီအစဉ်အ ဖြစ် စမ်းသပ်လုပ်ဆောင်ခဲ့ကာ ယင်းနှစ်ကုန်ပိုင်း၌ ဂရန်လျှောက် ထားနိုင်ကြောင်း တရားဝင်ကြေ ညာခဲ့ခြင်းဖြစ်သည်။

ရှေ့ပြေးအစီအစဉ်အဖြစ် ဆောင်ရွက်ခဲ့ရာတွင် မြို့နယ် ၂၈၃ မြို့နယ်ရှိ ကျေးရွာ ၂၈၃ ရွာ ၌ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ဇွန်လ ၅ ရက်မှ အောက် တိုဘာ ၃၁ ရက်အထိ စုစုပေါင်း မြေငှားဂရန် ၃၂,၀၅၇ ခု ထုတ်ပေးနိုင်ခဲ့ကြောင်း အဆိုပါ လုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန် သည်။

ကျေးရွာမြေငှားဂရန်ကို ကျေးလက်နေပြည်သူတစ်ဦးတစ် ယောက်ချင်း အနေဖြင့်သော် လည်းကောင်း၊ အိမ်ထောင်စု ၁၀၀ (သို့မဟုတ်) ခြံကွက် ၁၀၀ တစုတပေါင်းတည်း အနေဖြင့် သော်လည်းကောင်း လျှောက် ထား ဆောင်ရွက်နိုင်သည်ဟု အ ဆိုပါ လုပ်ငန်းအဖွဲ့က ကြေညာ ထားသည်။

ယခုအချိန်တွင် ရန်ကုန် တိုင်းဒေသကြီးမှ လျှောက်ထား သည့် ကျေးရွာများအတွက် ဗဟို အဖွဲ့က စိစစ်မှုများ ဆက်လက်ပြု လုပ်နေဆဲဖြစ်ပြီး ထပ်မံလျှောက် ထားသည့် ကျေးရွာများ မရှိသေး ကြောင်း ဦးစိုးမင်းကပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service