အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ တော်ရှိနာ မည်ကျော် ဘောလုံး ကွင်းနှင့် အားကစားကွင်းများတွင် လူနေခန်းအချို့ ယခင်ကပင် ဆောက်လုပ်ထားရှိခဲ့ပြီး ဖြစ်သည်။
ယခုအခါ လန်ဒန်ရှိနာမည်ကျော်နှင့် အခြားများစွာမကျော်ကြားလှသောဘောလုံးကလပ်တို့သည် ပရိတ်များ၏ ဟစ်ကြွေးသံကို နှစ်ခြိုက်သည့် ၀ယ်လက်များအတွက် အားကစားကွင်းတွင် နေအိမ်ခန်း များဆောက်လုပ်လာလျက်ရှိကြသည်။
ချယ်လ်ဆီးအသင်းပိုင် စတန်းဖို့ဒ်ဘရစ်ကွင်းအတွင်းတန်ဖိုးကြီးလူနေခန်းများဆောက်လုပ်ထားခဲ့ပြီး ဖြစ်သည်။
ကလပ်ပိုင်ရှင် ရိုမန်အဗရာမိုဗစ်ခ်ျသည် ပေါင်သန်း ၅၀၀ တန် ဘောလုံးကွင်းသစ်ကြီးတစ်ခုဆောက်လုပ်လိုလျက်ရှိပြီးအဆိုပါကွင်းသစ်တွင် တန်ဖိုးကြီးဇိမ်ခံလူနေခန်းများ ပါဝင်တည်ဆောက်သွားမည်ဟု ဆိုသည်။
အာဆင်နယ်အသင်း၏ သမိုင်းဝင် ဟိုက်ဘူရီကွင်းကိုလည်းလူနေအိမ်အဖြစ် ပြန်လည်တည်ဆောက်ထားပြီးလူနေအိမ် စုစုပေါင်း ၇၂၄ ခုတည်ဆောက်ထားကာ ၂ ဧကကျယ်သည့် ကိုယ်ပိုင်ပန်းခြံတစ်ခု ပါဝင်သည်။
ဒီဇိုင်းရေးဆွဲသူမှာခရစ္စတိုဖာဘရက်ဒ်လေဟိုးဖြစ်သည်။
ဝင်ဘလေကွင်းပတ်လည်တွင်လည်းလူနေအိမ်ပေါင်း ၅၀၀၀ ကျော်ဆောက်လုပ်လျက်ရှိသည်။
စပါးအသင်း၏ ကွင်းသစ် ၀ှိုက်ဟတ်လိန်းကို ဆောက်လုပ်ဆဲဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကာလူနေအိမ်ခန်းပေါင်း ၅၈၅ ခန်း ပါဝင်မည် ဖြစ်သည်။
ဝက်စ်ဟမ်းအသင်းသည် ၎င်းတို့၏ အပ်ပ်တန်ပါ့ခ်ကွင်းကိုdeveloperဂျီးလိယပ်အားရောင်းချခဲ့ပြီးနောက် အိုလံပစ်ပါ့ခ်သို့ ပြောင်းရွှေ့ ခဲ့သည်။
developerဂျီးလိယပ်သည် အပ်တန်ပါ့ခ်ကိုလူနေအိမ်ခန်းများအဖြစ် ပြန်လည်တည်ဆောက်လျက်ရှိနေအိမ်ပေါင်း ၇၀၀ ပါဝင်မည်ဖြစ်ကာ East End ဟုအမည်ပေးထားသည်။
အေအက်ဖ်စီ ၀င်ဘယ်လ်ဒန်သည် ကွင်းသစ်တစ်ခုကိုလန်ဒန်အနောက်တောင်ပိုင်းရှိ ၁၄ ဧကကျယ်ပြန့်သောမြေပေါ်တွင် ဆောက်လုပ်လျက်ရှိပြီးနေအိမ်ခန်း ၆၀၂ ခန်း ပါဝင်မည် ဖြစ်သည်။
ဘရင့်ဖို့ဒ် ဘောလုံးအသင်းသည်လည်းကွင်းသစ်တစ်ခုဆောက်လုပ်လျက်ရှိပြီးနေအိမ်ခန်းပေါင်း ၆၄၈ ခန်း ပါဝင်ဆောက်လုပ်လျက် ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)