ယခု ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် ဧပြီမှ ဖေဖော်ဝါရီအထိ ၁၁ လတာကာလအတွင်း မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် ကန် ဒေါ်လာ ၆ ဘီလီယံအထိ ရှိ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။
ပြည်တွင်းလုပ်ငန်းရှင်များ ကို လုပ်ငန်း ၁၁ ခုတွင် ရင်းနှီးမြှုပ် နှံခွင့်ပြုထားပြီး စက်မှုထုတ်ကုန် လုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းလုပ်ငန်းရှင်များ ၏ ရင်းနှီးမြှုပ်နှံခွင့်လျှောက်လွှာ များကို အဆိုပြုလွှာစိစစ်ရေးအဖွဲ့ က စစ်ဆေးပြီး အထောက်အထား ပြည့်စုံသည့်လုပ်ငန်းများကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးတွင် ပြန်လည်စစ် ဆေး၍ အစည်းအဝေးခွင့်ပြုချက် ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ပေး ကြောင်း သိရသည်။
ပြည်တွင်း လုပ်ငန်းရှင်များ သည် စက်မှုထုတ်ကုန်လုပ်ငန်း များတွင် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော်အထိ ရင်းနှီးမြှုပ်နှံ ထားပြီး အခြားဝန်ဆောင်မှုလုပ် ငန်းများ၌ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအထိရင်းနှီးမြှုပ်နှံထား ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရင်းများအရ သိရ သည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍ တွင် ကန်ဒေါ်လာ သန်း ၇၄၀ ကျော်အထိ ရင်းနှီးမြှုပ်နှံထားပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍ၌ ကန်ဒေါ်လာ သန်း ၆၀၀ ခန့်အထိ၊ အိမ်ခြံမြေငှားရမ်းခြင်း လုပ်ငန်းတွင် ကန်ဒေါ်လာသန်း ၅၀၀ ခန့်နှင့် ဆောက်လုပ်ရေး ကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၄၇၀ ကျော်အထိ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။
စွမ်းအင်ကဏ္ဍတွင် ကန်ဒေါ် လာ သန်း ၄၁၀ ကျော်၊ စက်မှုဇုန် မြေနေရာငှားရမ်းကဏ္ဍတွင် ကန် ဒေါ်လာ ၈၁ သန်း၊ သတ္တုတူးဖော် ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၉၇ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၁၁၀ ကျော်နှင့် စိုက်ပျိုးရေးကဏ္ဍ တွင် ကန်ဒေါ်လာ ၅၁ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာ ရင်းများအရ သိရသည်။
Credit : 7Daydaily