မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ ငန်းဇွန်မြို့နယ် တွေရှိ မြေဧက ၁၀၀၀၀ ကျော်ပေါ်မှာ အကာင်အထည်ဖော်တည်ဆောက်နေတဲ့ မြို့သာစိက်မှုဥယျာဉ်စီမံကိန်းကို ယခု(မတ်)လအတွင်း ဖွင့်လှစ်မှာ ဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးအရအဖွဲ့ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
မြို့သာစက်မှု ဥယျာဉ်စီမံကိန်းကို အပိုင်းခြောက်ပိုင်းနဲ့ တည်ဆောက်မှာဖြစ်ပြီး အပိုင်း ၁နဲ့၂ကို ယခုအစိုးရသက်တမ်းအတွင်း ဖွင့်လှစ်နိုင်အောင်စီစဉ်ထားတယ်လို့ သိရပါတယ်။
ကျန်စီမံကိန်း အပိုင်းတွေကို တော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပေါ် မူတည်ပြီး ထပ်မံဆောင်ရွတ်မှာဖြစ်တယ်။
မြို့သာစက်မှုဥယျာဉ် စီမံကိန်းကို ၂၀၁၁-၂၀၁၂ ခုမှာ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး စီမံကိန်းမှာ စက်ရုံ အလုပ်ရုံတွေအပြင် ဆီမီးခုံ ဆိပ်ကမ်း အာရှ အဆင့်မှီ အဆင့်မြင့်ဂေါက်ကွင်း တစ်ခုလည်းပါဝင်မယ်၊အဲသည်အပြင် Shop-house တွေဟိုတယ်တွေစတဲ့ စီင်္းပွားရေးဆိုင်ရာ လုပ်ငန်းအဆောက်အအုံတွေ အများအပြားပါဝင်တယ်လို့ သိရပါတယ်။
ခုနောက်ဆုံးအခြေအနေ ပြောရရင် တချို့စက်ရုံတွေဆို စလည်ပတ်နေပြီ၊ ဒီလထဲဖွင့်မှာ ရှေ့အပက်ထဲလောက်ဖွင့်ဖြစ်မလားမပြောတက်ဖူးလို့ မန္တလေးတိုင်း အစိုးရအဖွဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်ကပြောပါတယ်။
စီမံကိန်း မြေဧရိယာတွေထဲမှာ ကျေးရွာ ၁၃ ရွာခန့်က ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးမြေ အများအပြားပါဝင်ပြီး ယင်းမြေယာ လျော်ကြေးတွေနဲ့ ပတ်သက်လို့ ယခုအချိန်ထိ ပြေလည်မှု မရှိသေးပါဘူး မြေယာလျော်ကြေးပေးတဲ့ အပေါ်မှာ ဒေသခံအချို့က လက်မခံကြဘဲ လျော်ကြေးငွေ တိုးမြှင့်ပေးဖို့နဲ့ မြေယာ အစားထိုးလျော်ပေးဖို့ တောင်းဆိုမှု အချို့ ရှိခဲ့ပါတယ်။ လျော်ကြေးငွေ ကိစ္စနဲ့ ပတ်သက်လို့ ပြေလည်မှု မရသေးပဲ စီမံကိန်းလုပ်ငန်းတွေ မပြုလုပ်ဖို့ ဒေသခံ အချို့က တားဆီးရာမှာ တားဆီးသူ အချို့ကို အမှုဖွင့် တရားဆွဲတာတွေ ရှိခဲ့ပါတယ်။
မြို့သာ စီမံကိန်းကြီးက ၂၀၁၁-၂၀၁၂ ထဲက လုပ်ခဲ့တာ စလုပ်တော့ မြေပြဿနာရှင်းတော့ လယ်မြေက ၆၈ဧကပဲရှိတယ်၊ယာမြေက၉၀၀ကျော်ရှိတယ်၊ ကျန်တဲ့ မြေ ၈၀၀၀ ကျော်က စားကြက်မြေတို့ မြေလွတ် မြေရိုင်း လယ်နဲ့ယာကို သိန်း၂၀ ပေးတာ အဲဒါကလျော်ကြေး ၊စားကြက်မြေတွေကို ဂရုဏာကြေး၊ငါးသိန်း ပေးတယ်၊နောက်တစ်ခါတောင်သူတွေ၊ နစ်နာခြင်းမရှိအောင် ပေ ၆၀၈၀ မြေကွက်တွေလည်း တိုင်းဒေသကြီး အစိုးရက လုပ်ပေးထားတယ် ကိုယ်တို့ဘက်ကဥပဒေနဲ့ အညီ လုပ်ပေးတာ တောင်သူတွေအပ်ါမှာ ညစ်တာပက်တာ မတရားလုပ်တာ မရှိဘူး လို့ မန္တလေး တိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
Credit : The Modern