အစိုးရသိမ်းယူထားသည့် လယ်မြေများထဲမှ ဧကသုံးသိန်းကျော် ပြန်လည်စွန့်လွှတ်ကြောင်း ကြေညာ

အစိုးရသိမ်းယူထားသည့် လယ်မြေများထဲမှ ဧကသုံးသိန်းကျော် ပြန်လည်စွန့်လွှတ်ကြောင်း ကြေညာ - Property News in Myanmar from iMyanmarHouse.com
18 Mar 2016 10:25 am တွင် တင်ခဲ့သည်
1572 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသိမ်းယူထားသည့် မြေဧက လေးသိန်းကျော်အနက်သုံးသိန်းခုနစ်သောင်းကျော် ပြန်လည်စွန့်လွှတ်ပြီးဖြစ်ကြောင်း
အစိုးရ၏ မြေအသုံးချမှုစီမံခန့်ခွဲမှုရေးဗဟိုကော်မတီက မတ်လ၁၇ ရက်တွင် ထုတ်ပြန်ကြေညာ သည်။

၂၀၁၂ တွင် လွှတ်တော်၌ ဖွဲ့စည်းခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှု မရှိရေးအတွက် စုံစမ်းရေးကော် မရှင်အစီရင်ခံစာများပါ အချက်အလက်များ အပေါ်အခြေခံ၍ အထက်ပါကော်မတီအဆင့်ဆင့်က ဖြေရှင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

အထက်ပါပမာဏမှာ လက် ရှိအစိုးရသက်တမ်းကုန်ခါနီး တစ်လအလို ၂၀၁၆ ဖေဖော်ဝါရီ ၂၉ ရက်အထိ အဆိုပါကော်မတီက ဖြေရှင်းခဲ့ခြင်းဖြစ်သည်ဟု ဆို ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ရခိုင်၊ မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မြေအားလုံးကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းပြည်နယ်နှင့် တိုင်းနှစ်ခု၌ စုစုပေါင်းမြေဧက တစ်သိန်းကျော် စွန့်လွှတ်ခဲ့သည် ဟု ဆိုသည်။ အဆိုပါ ကော်မတီ က ပြန်လည်စွန့်လွှတ်ရန် စုစု ပေါင်းမြေဧက သုံးသောင်းရှိပြီး ၎င်းတို့အနက် မန္တလေးတိုင်းတွင် မြေဧက တစ်သောင်းနှစ်ထောင် ကျော် အများဆုံးပြန်လည်လွှဲ ပြောင်းပေးဖြစ်သည်ဟု ဆိုသည်။ထို့နောက် မွန်ပြည်နယ်တွင် ဧကတစ်ထောင်ခန့်၊ ဧရာဝတီတိုင်း တွင် ဧကသုံးထောင်ကျော်၊ ရန်ကုန်တိုင်းတွင် ဧက တစ်ထောင့်ငါးရာကျော်စသည်ဖြင့် ကျန်သေး ကြောင်း ဖော်ပြပါရှိသည်။

မြေသိမ်းခံထားရသည့် နစ် နာသူများသည် မိမိတို့မြေများ ပြန်လည်စွန့်လွှတ်သည့်မြေများ တွင် ပါဝင်ခြင်း ရှိ၊ မရှိ ရပ်ကွက် နှင့်ကျေးရွာ မြေအသုံးချမှု စီမံခန့် ခွဲရေး ကော်မတီရုံးများတွင် စုံစမ်းနိုင်သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။ စွန့်လွှတ်မည့် မြေများတွင် ပါဝင်ပါက အဆိုပါ ကော်မတီထံမှ မြေပိုင်ဆိုင်ခွင့် အထောက်အထားများဖြင့် လွှဲပြောင်း ရယူရမည်ဟုဆိုထားသည်။

ပြန်လည်စွန့်လွှတ်ရာတွင် လယ်မြေများကို လယ်မြေလုပ်ကိုင်ခွင့် ပုံစံ(၇) ထုတ်ပေးမည်ဖြစ်ပြီး မြို့ မြေ၊ ရွာမြေ၊ သာသနာ့မြေများကို မြေပိုင်ဆိုင်မှု အထောက် အထားများ ထုတ်ပေးမည်ဟု ဆိုသည်။

အဆိုပါ စာရင်းဇယားများ သည် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကွင်းဆင်းစစ် ဆေးထားသည့် စာရင်းများမဟုတ်ဘဲ အောက်ခြေမှအဆင့်ဆင့် တက်လာသည့်စာရင်းများသာ ဖြစ်သည်။ အမှန်တကယ် လယ် သမားလက်ထဲ လယ်မြေများပြန် လည်ရောက်ရှိမှုသည် အနည်းငယ်သာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းသည့် မြေသိမ်းမှုဆိုင်ရာကော်မရှင်တွင် ပါဝင်သည့် ဦးခိုင်မောင်ရည်က ပြောသည်။

‘‘ဒါတွေက ရပ်ကွက်၊ ကျေး ရွာက အဆင့်ဆင့်တက်လာတဲ့ ကိန်းဂဏန်းအဆင့်ပါပဲ။ တိကျ ခိုင်မာတဲ့ ကိန်းဂဏန်းမဟုတ်ပါ ဘူး။ သူတို့အခမ်းအနားနဲ့ စွန့် လွှတ်တယ်ဆိုတာလည်း ထောင် ဂဏန်း၊ ရာဂဏန်းသာ ရှိပါသေး တယ်’’ဟု ၎င်းကဆက်လက်ပြောသည်။

လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအ တွက် စုံစမ်းရေးကော်မရှင်က တင်ပြခဲ့သည့်
အစီရင်ခံစာတွင် မြေယာအမှုပေါင်း တစ်သောင်းခုနစ်ထောင်ကျော်ရှိပြီး ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service