ယခု နှစ်အတွက် ရန်ကုန်တိုင်း အတွင်း အိမ်ခြံမြေ အပါ အ၀င် မော်တော်ယာဉ်နှင့် စားသောက်ဆိုင်များမှ အခွန်ကောက်ခံ ရရှိမှု တိုးတက်များပြားလာသောကြောင့် ဘဏ္ဍာနှစ် လျာထား ချက်ကို ပြည့်မှီကျော်လွန်နိုင်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်း ရရှိသည်။
ဝင်ငွေ ခွန်နှုန်းထားများပြင်ဆင်ခြင်း အခွန်ကောက်ခံမှုများကို စီမံချက်များဖြင့် လုပ်ဆောင်သောကြောင့် ယခုနှစ် ရန်ကုန်တိုင်း အတွက် အခွန်ကောက်ခံ ရရှိမှု နှုန်းထား ကျော်လွန်နိုင်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူးက ခန့်မှန်းသည်။
" ၀င်ငွေ ခွန်ကနေ စံချိန်တင်တက်တာ လျာထားချက်ကိုပြည့်သွာြး့ပီ ဒီနှစ်ထဲမှာ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ငွေတွေ ၀င်လာတာ" ဟု အထက်ပါ ညွန်ကြားရေးမှူးကဆိုသည်။
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၁၆ ခုနှစ်တွင် သတ်မှတ်ထားသည့် အိမ်ခြံမြေအခွန်နှုန်းထားများမှာ တစ်ကျပ်မှ သိန်း ၁,၀၀၀ အထိ ကို သုံးရာခိုင်နှုန်း၊ သိန်း ၁,၀၀၀ မှ သိန်း၅,၀၀၀ အထိ ငါးရာခိုင်းနှုန်း၊ သိန်း ၅,၀၀၀ မှ သိန်း ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး သိန်း ၁၀,၀၀၀ မှ ကျပ်သိန်းတစ်သောင်းခွဲအထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅,၀၀၀ ကျော်လျှင် ၃၀ ရာခိုင်နှုန်းဖြစ်သည်။
အိမ်ခြံမြေ အခွန်ပိုင်းတွင်လဲ ပြည်ထောင်စုလွှတ်တော် က အတည်ပြုခဲ့ပြီးဖြစ်သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအခွန်အကောက် ဥပဒေသစ်အရ အိမ်ခြံမြေဆိုင်ရာ အခွန်အခနှုန်းထားများမှာ ယမန်နှစ်ထက် ငါးဆခန့် ထပ်မံမြင့်တက်မည်ဖြစ်သည်။
ထို့ပြင် မော်တော်ယာဉ်ပိုင်းတွင်လဲ ၂၀၁၆ ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ နှစ်သစ်တွင် သုံးဆနီးပါး မြင့်တက်သွားနိုင်သောကြောင့် ဧပြီလမတိုင်မှီတွင် လာရောက် အခွန်ဆောင်သူ အစီးရေမှာ သောင်းချီရှိနေပြီဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့မှ တိုးပွားလာသော စားသောက်ဆိုင်များမှ အခွန် တံဆိပ်ကောင်း ကပ် ၍ ရရှိသည့် ငွေမှ လဲ ယခု နှစ်အတွက် အခွန်ငွေ တိုးပွားလာသည့် အချက်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနက ခန့်မှန်းထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com