ရိုမေးနီးယားနိုင်ငံ၊ ပေပေါင်း ၂၅၀၀ ခန့် မြင့်မားသောတောင်တန်းပေါ်ရှိ နှစ်ပေါင်း ၇၉၀ သက်တမ်းရှိဒရက်ကူလာရဲတိုက်ကြီးကိုကန်ဒေါ်လာ ၆၆ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်းမတ်လ ၁၅ ရက် အမေရိကန်အွန်လိုင်း (AOL) သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းရဲတိုက်ကြီးသည် အိုင်းရစ်စာရေးဆရာ ဘရန်စတုတ်ကာ၏ ဒရာကူလာဝတ္ထုကြီး အခြေတည် ရာရဲတိုက်ကြီးဖြစ်ပြီးသွေးစုပ်ဖုတ်ကောင်နှင့် ပတ်သက်သောယုံတမ်းပုံပြင်အများအပြားအဆိုပါရဲတိုက်ကြီးတွင် ရှိနေသည်။ စာရေးဆရာဘရန်စတုတ်ကာ သည် အဆိုပါရဲတိုက်ကြီး ပြင်ပတွင် အမှန်တကယ် ရှိကြောင်းသိရှိခြင်းမရှိဘဲရေးသားခဲ့ခြင်းဖြစ်ပြီး ၎င်း၏၀တ္ထုအတွင်းရေးသားချက်များနှင့် ထပ်တူကျနေခြင်းဖြစ်သည်။
အဆိုပါရဲတိုက်ကြီးကို ၁၂၁၂ ခုနှစ်တွင် သစ်သားဖြင့် စတင်ဆောက်လုပ်ခဲ့သည်။
၁၂၂၆ တွင် မြို့ စားကြီးဒရာကူလာကရဲတိုက်အသွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၆၂ နှစ်ကြာဆောက်လုပ်ခဲ့ရပြီး ၁၃၈၈ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။
အဆိုပါရဲတိုက်ကြီးသည် အရှေ့ ဥရောပတွင် ကမ္ဘာလှည့်ခရီးသည်အများဆုံးလာရောက် လေ့လာလည်ပတ်သည့် ထိပ်တန်းtourist destinationတစ်ခုဖြစ်ပြီးတစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၅၆၀၀၀၀ ခန့် လာရောက်လေ့ရှိသည်။
၁၉၂၀ ခုနှစ်တွင် အဆိုပါရဲတိုက်ကြီးသည် ရိုမေးနီးယားဘုရင်၏ တော်ဝင်စံအိမ်တော်ဖြစ်လာသည်။
ဘုရင်မကြီးမေရီ၏ အနှစ်သက်ဆုံးနေအိမ်ဖြစ် သည်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ယင်းရဲတိုက်ကြီးကိုဆေးရုံအဖြစ် တော်ဝင်မင်းသမီး အီလီနာကအသုံးပြုခဲ့သည်။
၁၉၄၈ တွင် ရိုမေးနီးယား၌ ကွန်မြူနစ်တို့အာဏာ ရလာပြီးနောက်ပိုင်း တော်ဝင်မိသားစုကို ၂၄ နာရီအတွင်းနိုင်ငံတွင်းမှ ထွက်ခွာစေခဲ့သည်။
အဆိုပါရဲတိုက်ကြီးကိုလက်ရှိထိန်းသိမ်းပိုင်ဆိုင်ထားသူမှာ တော်ဝင်မင်းသမီးအီလီနာ၏ သမီးများဖြစ်သော မာရီယာမက်ဒါလီနာနှင့် အဲလစ်ဇဘက်တို့ဖြစ်ပြီးအသက် ၇၀ ကျော်နေပြီ ဖြစ်ကြသည်။
၎င်းတို့ကရဲတိုက်ကြီး၏ အနာဂတ်ကိုမျှော်တွေး ကာရိုမေးနီးယားအစိုးရမှ ၀ယ်ယူထိန်းသိမ်းရန် ကမ်းလှမ်းခဲ့သည်။ ထို့အပြင် အခြားဝယ်လက်များလည်း မျှော်လင့်လျက်ရှိသည်။
ရဲတိုက်ကြီးအတွင်းအိပ်ခန်းပေါင်း ၅၇ ခန်းပါဝင်သည်။ အကယ်၍ သင့်တွင် ဒေါ်လာ ၆၆ သန်းရှိမည်ဆိုပါက အဆိုပါသမိုင်းဝင်ရဲတိုက်ကြီးသည် ၀ယ်ယူရင်းနှီးမြှုပ်နှံထားရန် အကောင်းဆုံး property တစ်ခုဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)