အခုနှစ် နှစ်လယ်ပိုင်းမှာပြန်လည်စတင် အကောင်အတည်ဖော်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ လူဦးရေသုံးသိန်းဝန်းကျင်နေထိုင်မှုအတွက် လိုအပ်တဲ့
အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုတွေ ပါဝင်တယ်လို့ဆိုပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကန့်ကွက်မှုတွေကြောင့် ၂၀၁၆ခုနှစ်မှာ ပြန်လည်လုပ်ဆောင်မှာဖြစ်ပါတယ်။
စီမံကိန်းအကောင်အထည်ဖော်ဖို့ ကုမ္ပဏီသုံးခုကိုရွေးချယ်ထားပါတယ်။
ရန်ကုန်အနောက်တောင်ဒေသ ဖွံဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၊ Business Capital City DevelopmentLtd.၊ ရွှေပုပ္ပါးအပြည်ပြည်ဆိုင်
ရာဆောက်လုပ်ရေးကုမ္ပဏီ
တို့ ဖြစ်ပါတယ်။ ‘ တံတားစီမံကိန်းဟာ စတင်ဖို့ လုပ်ဆောင်နေတယ် ၊ စီမံကိန်းတစ်ခုလုံးကိုတော့ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေက တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး အပိုင်းလိုက်လုပ်ဆောင်မယ် ’ လို့ရန်ကုန်တိုင်ဒေသကြီး သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဦးကျော်စိုးက ပြောပါတယ်။
အဲ့သည့် စီမံကိန်းဟာ လှိုင်မြစ်နဲ့ တွံတေးတူးမြောင်ကြား၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ တွံတေးမြို့နယ်ကြားမှာ တည်ရှိပါတယ်။
အသုံးပြုမယ့်မြေဧက သုံးသောင်းဝန်းကျင်ဖြစ်ပြီး ခန့်မှန်းခြေငါးနှစ်စီမံကိန်း ဖြစ်ပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်ကို Green Smart City ဖြစ်လာအောင် လက်ရှိရန်ကုန်မြို့ရဲ့ အားနည်းချက်တွေကို စံနမူနာယူပြီးအဆင့်မြင့်နည်းစနစ်နဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်မှာဖြစ်ပါတယ်။
မြေအသုံးချမှုနဲ့ အဆောက်အအုံ
အဆောက်အအုံတွေက CBD ဒေါင်တောင်းအတွက် သုံးရာခိုင်နှုန်း ၊ Mixeduse အရောအနှော အဆောက်အအုံတွေအတွက် လေးရာခိုင်နှုန်း၊ အပန်းဖြေနေရာအတွက် သုံးရာခိုင်နှုန်း၊ အဆင့်မြင့်လူနေအဆောက်အအုံအတွက် ၂၄ရာခိုင်နှုန်း၊ တန်ဖိုးနည်းအဆောက်အအုံအတွက်သုံးရာခိုင်နှုန်း၊ တန်ဖိုးမြင့်လူနေအိမ်ရာနဲ့ ဂေါက်ကွင်းအတွက်ခုနှစ်ရာခိုင်နှုန်း၊ မြစ်ကမ်းဘေးအဆောက်အအုံအတွက် တစ်ရာခိုင်နှုန်း၊ လုံချင်းအိမ်ရာအတွက် သုံးရာခိုင်နှုန်း၊ တက္ကသိုလ် ၊ သုတေသနနဲ့ဖွံ့ဖြိုးရေးအဆောက်အအုံအတွက် သုံးရာခိုင်နှုန်း၊ အားကစာကွင်အတွက် တစ်ရာခိုင်နှုန်း၊ ဘုရားအတွက် သုံးရာခိုင်နှုန်ူ၊ စက်မှုအဆောက်အအုံအတွက် ၁၃ရာခိုင်နှုန်း၊ လွတ်လပ်စွာကုန်သွယ်နိုင်တဲ့ဇုန်အတွက်သုံးရာခိုင်နှုန်း၊
အော်ဂဲနစ်စိုက်ခင်းအတွက်ငါးရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေအခြေခံအဆောက်အအုံအတွက်
ငါးရာခိုင်နှုန်း၊စိမ်းလန်းမြေနေရာအတွက် ရှစ်ရာခိုင်နှုန်း၊ အရေအတွက် ၃ရာခိုင်နှုန်းနဲ့လမ်းအတွက် ၁၀ရာခိုင်နှုန်း ဖြစ်ပါတယ်။
ပါဝင်တဲ့အဆောက်အအုံတွေကတော့ ရွှေတိဂုံပုံတူစေတီတစ်ဆူ၊ သာသနာ့ဗိမာန်တစ်ခု ၊ ဘုန်းကြီးကျောင်း ၃၀ကျောင်း၊ သီလရှင်ကျောင်း ၁၀ ကျောင်း၊ ဘိုးဘွားရိပ်သာသုံးခု၊ မိဘမဲ့ကလေးဂေဟာနှစ်ခု၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ တစ်ခု၊ အုပ်ချုပ်ရေးမှူးရုံးများ၊ ပြည်သူ့ကျန်မားရေဆေးရုံ၊ တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်း၊ မီးသတ်ဌာန၊ စာတိုက်၊ စာကြည့်တိုက်၊ မူလတန်း၊ အထက်တန်းကျောင်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများ၊ ကောလိပ်၊ အားကစာရုံ၊ ကားဂိတ်၊ ရထားဘူတာရုံ၊ ရထားလမ်း၊ Boring လေယာဉ်များအတွက် လေယာဉ်ကွင်း၊ ဘုတ်ကလပ်၊ ဆိပ်ခံတံတားများ၊ တုးမြောင်း၊ ရေထိန်းတံခါး၊ ရေသန့်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အမှိုက်စနစ်၊ ကားလမ်းများ၊ မြစ်ကူးတံတားငါးစင်၊ တန်ဖိုးနည်းတန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာများ၊ အနားယူအပန်းဖြေနိုင်ရန် ပန်းခြံ၊ အားကစာကွင်း၊ စီးပွားရေဆိုင်ရာအဆောက်အအုံ၊ ဆိုင်ခန်းများ၊ စီးတီးမတ်၊ ဂေါက်ကွင်းတွေ၊ လုံခြုံရေးစနစ်တွေအင်တာနက် စတဲ့တခြားဝန်ဆောင်မှုတွေကိုလည်း ပါဝင်မှာဖြစ်ပါတယ်။
ဆောက်လုပ်ခွင့်ရရှိတဲ့ ကုမ္ပဏီသုံးခုက ကျယ်ဝန်းတဲ့ မြေဧက သုံးသောင်းကိုအချိုးကျတစ်သောင်းစီးအကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ပြည်တွင်ပြည်ပပညာရှင်တွေနဲ့ ပူပေါင်းပြီးဆောက်လုပ်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ စီမံကိန်းနဲ့မလွတ်တဲ့ နေရာတွေကို မြေနေရာတွေပြန်
လည်ပေးဖို့ရှိပြီးကျူးကျော်နေရာတွေကိုလည်းဖယ်ရှားနေပါတယ်။မြေဈေးကွက်အနေနဲ့ကတော့ စီမံကိန်းစတင်မယ့် အသံတွေကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ပေမဲ့ရောင်းသူနည်းပါသလိုဝယ်သးလည်းမရှိသလောက်နည်းပါတယ်လို့
သိရပါတယ်။
Credit: The Kumudra