မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအရ မန္တလေး၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့ကို အကြိုစီမံကိန်းစတင်ဆောင်ရွက်လျက်ရှိ

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအရ မန္တလေး၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့ကို အကြိုစီမံကိန်းစတင်ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Mar 2016 11:17 am တွင် တင်ခဲ့သည်
1543 ကြိမ် ကြည့်ရှု့ပြီး
တိုင်းဒေသကြီးမြို့တော်များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Urban Development Planning for Regional Cities)ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (DUHD)နှင့် ဂျပန်နိုင်ငံ JICA တို့ ပူးပေါင်း၍ ခြောက်လကာလစီမံကိန်း (Pilot Project)အဖြစ် မန္တလေး၊ မော်လမြိုင်နှင့် ပုသိမ်မြို့ အပါအဝင် မြို့ သုံးမြို့တွင် စတင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးမှုစနစ်နှင့် မြို့များ၏ အရေးပါမှုအလိုက် ဦးစားပေး မြို့ကြီးများအဖြစ် လူဦးရေ တစ်သိန်းအထက်နှင့် လူမှုစီးပွား အချက်အချာကျ သည့် မြို့ပြများ၊ အထူးသဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်မြို့တော် များ၏ မြို့ပြစီမံကိန်းသဘောထားပုံစံများကို ၂ဝ၁၂ ခုနှစ်မှ စတင်၍ ဆောက် လုပ်ရေးဝန်ကြီးဌာနက ချမှတ်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့ကြီးများအနက် လူဦးရေ၊ တည်နေရာ၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် အနာဂတ်အလား အလာမျှော်မှန်းချက်များအရ ဖွံ့ဖြိုးရေးမှု အားကောင်းသော ဒေသဆိုင်ရာ မြို့သုံးမြို့ (Regional 3 Cities)ဖြစ်သည့် မန္တလေး၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့ကို ရွေးချယ်၍ JICA အကူအညီဖြင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (DUHD) က ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်သည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရေးဆွဲထားပြီး
ဖြစ်သည့် Concept Plan များအပေါ်အခြေခံ၍ မြို့၏ လက်ရှိအခြေအနေ အချက်အလက်များကို စစ်တမ်း ကောက်ယူလေ့လာဆန်းစစ်ပြီးနောက် မြို့အသီးသီး အတွက် မြို့ပြဖွံ့ဖြိုးမှုမျှော်မှန်းချက်များ ချမှတ်ခြင်း၊ ပိုမို ပြည့်စုံသော မြို့ပြစီမံကိန်း စနစ်ပုံစံကို ရေးဆွဲခြင်းနှင့် မြို့ပြ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် လမ်းပြမြေပုံကို အဆိုပြုခြင်းနှင့် အတူ ဦးစားပေးအကောင်အထည်ဖော်ရမည့် အခြေခံ အဆောက်အအုံ စီမံကိန်းလိုအပ်ချက်များကို အဆိုပြုခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံတွင် နယ်မြေဒေသဖွံ့ဖြိုးရေးမူဘောင်အဖြစ် ရန်ကုန်နှင့်မန္တလေးမြို့ကြီးကို ဗဟိုပြုသည့် သဘောထားကို ခံယူကျင့်သုံး ပြီး မြန်မာနိုင်ငံတစ်ဝန်း ဘက်စုံမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းဗျူဟာ များဖြင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်လျက် ရှိသည်။

မန္တလေးမြို့၊ မော်လမြိုင်မြို့နှင့် ပုသိမ်မြို့တို့သည် လာမည့် နှစ် ၂ဝ တွင် မြို့ပြလူဦးရေ နှစ်ဆအထိ များပြား လာမည်ဖြစ်ရာ မြန်မာနိုင်ငံ၏မြို့ပြများ စနစ်တကျနှင့် နေချင်စဖွယ်မြို့များအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အဓိကအရေးကြီးသည့် မြို့ပြဆိုင်ရာ စီမံကိန်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပြီး လက်တွေ့ကျင့်သုံးသွားရန်လိုအပ်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (DUHD)က မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေ(မူကြမ်း)ကို ရေးသားပြုစုထားပြီး အတည်ပြုပြဋ္ဌာန်း ကျင့်သုံးသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ မြေယာအခြေခံအဆောက်အအုံ၊ ခရီးသွား လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန(MLIT)နှင့် JICA တို့က အဆိုပါမြို့ပြစီမံကိန်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများ ရေးဆွဲခြင်းလုပ်ငန်းနှင့် မြို့ပြစီမံကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းများတွင် အစဉ်တစိုက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် အင်္ဂလန်နိုင်ငံ (UK)သည် မြန်မာ နိုင်ငံ၏ မြို့ပြဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ကဏ္ဍများတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်မှု၊ နည်းပညာ၊ အထောက်အပံ့များနှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်းများ၊ ဗဟုသုတဖြန့်ဝေခြင်းအစီအစဉ်များကို စီစဉ်ဆောင် ရွက်လျက်ရှိရာ JICA ၏ မြန်မာနိုင်ငံအတွက် ပေးအပ်နေသည့် အကူအညီများအပေါ် ထပ်မံအားဖြည့်ပြီး လိုအပ်နေသော အပိုင်းများ၌ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေး
သွားမည်ဖြစ်ကြောင်း သိရသည်။

မတ် ၁၁ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပခဲ့သည့် အနာဂတ်မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ UK-Japan (ယူကေ-ဂျပန်) နှီးနှောဖလှယ်ပွဲတွင် ဗြိတိန်နိုင်ငံ သံအမတ်ကြီး က ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ အကူအညီကို ပေးအပ်သွားမည်ဖြစ်ပြီး လိုအပ် ချက်ရှိနေသော အခြေခံ အဆောက်အအုံကဏ္ဍတွင်စီမံကိန်း ရေးဆွဲခြင်း၊ဥပဒေစည်းမျဉ်း များနှင့် ငွေကြေးဆိုင်ရာအပိုင်း များတွင် ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

JICA နှင့်ပူးပေါင်းဆောင်ရွက်သည့် Regional 3 Cities စီမံကိန်းရေးဆွဲရာ တွင် အခြေခံအဆောက်အအုံ ကဏ္ဍ၌ မြို့ပြသယ်ယူပို့ဆောင်ရေးနှင့် လမ်းစနစ်၊ မြို့ရေ ပေးရေးနှင့်ရေမြောင်းစနစ်၊ အမှိုက်စွန့်ပစ်စနစ်၊ လျှပ်စစ်မီး ဖြန့်ဖြူးရေးတို့ကို လေ့လာရေးဆွဲခြင်း၊ လူမှုရေးဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့်အချက်များ၊ ဆင်းရဲနွမ်းပါး မှုလျှော့ချရေးဆိုင်ရာ အချက်များ၊ မြို့ပြ အမွေအနှစ်ထိန်းသိမ်းခြင်းဆိုင်ရာ အချက်များကိုပါ ထည့်သွင်းခြင်းအပြင် မြို့ပြစီမံခန့်ခွဲအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်ရန်အတွက်ကိုပါ ထည့်သွင်းရေးဆွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန(DUHD)က ဦးစီးပါဝင်လျက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်း များနှင့် ဆက်နွှယ်ပါဝင် သူများအားလုံးတို့က JICA နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများကို JICA ၏ ကျွမ်းကျင်မှု အကူအညီကိုရယူ၍ ပူးပေါင်းရေးဆွဲဆောင်ရွက်ခြင်းဖြင့် မန္တလေး၊ မော်လမြိုင်၊ ပုသိမ်မြို့ကြီးတို့၏ ဘက်စုံမြို့ပြ စီမံကိန်းစနစ်ပုံစံများ ထွက်ပေါ်လာမည်ဖြစ်ပြီး အဆိုပါ မြို့ကြီးများတွင် ဦးစားပေးဆောင်ရွက်ရမည့် အခြေခံ အဆောက်အအုံ စီမံကိန်းလုပ်ငန်းစာရင်းများနှင့် မြို့ပြ ဖွံ့ဖြိုးရေးလမ်းပြမြေပုံကိုရရှိရုံမက နည်းပညာကျွမ်းကျင်မှု များကို ဖလှယ်ရယူနိုင်သည့်အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Regional 3 Cities စီမံကိန်းလုပ်ငန်းကို JICA နှင့် ပူးပေါင်းဆောင်ရွက်သည့် အတွေ့အကြုံမှ ဆင့်ပွား၍ မြန်မာနိုင်ငံအတွင်း အခြားသော မြို့များတွင်လည်း မြို့ပြစီမံကိန်းများကို စနစ်တကျ ရေးဆွဲ အကောင်အထည် ဖော်လာနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service