အဆောက်အအုံ ဆောက်လုပ် ပြီးစီးကြောင်း လက်မှတ် (BCC) မယူဘဲ လူနေထိုင်သည့် ရန်ကုန်မြို့ရှိ အဆောက်အအုံများ မတ် ၃၁ ရက် မတိုင်မီ (BCC) ရယူခြင်း မရှိက အရေးယူမည်

အဆောက်အအုံ ဆောက်လုပ် ပြီးစီးကြောင်း လက်မှတ် (BCC) မယူဘဲ လူနေထိုင်သည့် ရန်ကုန်မြို့ရှိ အဆောက်အအုံများ မတ် ၃၁ ရက် မတိုင်မီ (BCC) ရယူခြင်း မရှိက အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
14 Mar 2016 11:02 am တွင် တင်ခဲ့သည်
3577 ကြိမ် ကြည့်ရှု့ပြီး
အဆောက်အအုံ ဆောက်လုပ် ပြီးစီးကြောင်း သက်သေခံ လက်မှတ် (BCC) လျှောက်ထား ရယူခြင်း မရှိဘဲ နေထိုင်လျက်ရှိသည့် ရန်ကုန်မြို့ရှိ အဆောက်အအုံများ အနေဖြင့် မတ် ၃၁ ရက် မတိုင်မီ (BCC) လျှောက်ထားရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာန၏ ကြေညာချက်အရ သိရသည်။

သတ်မှတ်ရက်အတွင်း အဆောက်အအုံ ဆောက်လုပ် ပြီးစီးကြောင်း သက်သေခံ လက်မှတ် (BCC) လျှောက်ထားလာပါက ဖြေလျှော့မှုဖြင့် စိစစ်ခွင့်ပြုပေးမည် ဖြစ်သည်။

မတ် ၃၁ ရက်အထိ လာရောက် လျှောက်ထား ရယူခြင်း မရှိပါက သက်ဆိုင်ရာ လိုင်စင်ကန်ထရိုက်တာ၊ မြေရှင်နှင့် နေထိုင်သူများကို တည်ဆဲ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာန၏ ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ် ပြီးစီးခဲ့သည့် အချို့သော ကန်ထရိုက်တိုက်နှင့် ကိုယ်ပိုင်အဆောက်အအုံများသည် အကြောင်းအမျိုးမျိုးဖြင့် အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထား ရယူခြင်း မရှိဘဲ အဆောက်အအုံများတွင် နေထိုင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စိစစ် အရေးယူလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၁ (င) တွင် မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံ တစ်ခုတွင် ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုတွင် ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ၀င်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်း မပြုရဟု ပြဋ္ဌာန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည်။

ထို့ကြောင့် (BCC) လျှောက်ထား ရယူခြင်း မရှိဘဲ နေထိုင် အသုံးပြုနေသည့် ကန်ထရိုက်နှင့် ကိုယ်ပိုင် အဆောက်အအုံများ၏ လိုင်စင်ရ ကန်ထရိုက်တာများနှင့် မြေရှင်များ အနေဖြင့် မတ် ၃၁ ရက် မတိုင်မီ (BCC) လျှောက်ထား ရယူရမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

ရန်ကုန်မြို့တွင် တစ်လလျှင် ပျှမ်းမျှ အဆောက်အအုံ အလုံးရေ စုစုပေါင်း ၅၀၀ ကျော် ခွင့်ပြုပေးနေပြီး မြေပြင်တွင် အမှန်တကယ် ဆောက်လုပ်မှု ရှိမရှိ အတိအကျ မသိရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

Credit : Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service