အမေရိကန်ဒေါ်လာ ၂၇ သန်းတန် စည်ပင်ပိုင် မန္တလေးကွန်ဗင်းရှင်းစင်တာအဆောက်အအုံဖွင့်လှစ်

အမေရိကန်ဒေါ်လာ ၂၇ သန်းတန် စည်ပင်ပိုင် မန္တလေးကွန်ဗင်းရှင်းစင်တာအဆောက်အအုံဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
14 Mar 2016 10:30 am တွင် တင်ခဲ့သည်
1550 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီနှင့် MIDG ကုမ္ပဏီတို့ အကျိုးတူပူး ပေါင်းတည်ဆောက်သည့် စည် ပင်သာယာပိုင် အမေရိကန်ဒေါ် လာ ၂၇ သန်းတန် မန္တလေးကွန် ဗင်းရှင်းစင်တာ (Mandalay Convention Centre) အဆောက် အအုံကို မတ်လ ၁၃ ရက် နံနက် က စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းအဆောက်အအုံကို မြေဧရိယာ ၂ဒသမ ၃၈ ဧကပေါ် တွင် အမေရိကန်ဒေါ်လာ ၂၇ သန်း အကုန်အကျခံတည် ဆောက်ထားခြင်းဖြစ်ပြီး ပေ ၃၆၈×၃၀၀ အကျယ်အ၀န်းရှိ သည်။ မန္တလေး ကွန်ဗင်းရှင်းစင် တာတွင် လူ ၄,၅၀၀ ဆံ့ ပြပွဲခန်းမ နှင့် ပွဲကြိုခန်းမအပါအ၀င် လူ ၁,၅၀၀ ဆံ့ မင်္ဂလာခန်းမနှစ်ခု၊ သင်ကြားရေးခန်းမများ၊ မြေ အောက်ကားပါကင်များပါဝင်ပြီး C.A.D နှင့် New Star Light ကုမ္ပဏီတို့က ပူးပေါင်းတည် ဆောက်ခဲ့ခြင်းဖြစ်သည်။

မန္တလေးကွန်ဗင်းရှင်းစင် တာ အဆောက်အအုံကို ကုန် စည်ပြပွဲ၊ ဂီတဖျော်ဖြေပွဲ၊ စီးပွား ရေးနှင့် နည်းပညာဆိုင်ရာဆွေး နွေးဟောပြောပွဲများ စသည့်အ ခမ်းအနားများပြုလုပ်နိုင်ရန် နိုင်ငံ တကာအဆင့်မီ အဆောက်အအုံ အဖြစ်တည်ဆောက်ခြင်းဖြစ် သည်ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘လက်ရှိအစိုးရကလုပ်ခဲ့ တာဖြစ်တဲ့အတွက် အစိုးရသက် တမ်းမကုန်မီမှာ အကြိုဖွင့်ပွဲလုပ် တဲ့သဘောပါ။ အဆောက်အအုံ ကတော့ လာမယ့်ဇွန်လလောက် မှာမှ တည်ဆောက်လို့ပြီးမယ်။ အများပြည်သူအသုံးပြုနိုင်ဖို့အ တွက်ကတော့ ဒီနှစ်ကုန်ပိုင်း လောက်မှ အဆင်ပြေမယ်ထင် တယ်။ လောလောဆယ် ဒီအ ဆောက်အအုံအတွက် Management ပိုင်းနဲ့ maintainance ပိုင်းကို ဘယ်လိုဆက်လုပ်မယ်ဆို တာ စည်ပင်သာယာမှာ ဆွေးနွေး နေဆဲပဲရှိပါသေးတယ်’’ဟု ၎င်းက ပြောသည်။

မန္တလေးကွန်ဗင်းရှင်းစင် တာအဆောက်အအုံသည် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် MIDG ကုမ္ပဏီ တို့အကျိုးတူပူးပေါင်းအကောင် အထည်ဖော်နေသည့် Mandalay Convention Centre and Commercial Complex စီမံကိန်း ၏ ပထမအဆင့်ဖြစ်သည်။ ယင်း စီမံကိန်းကို မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်၊ သိပ္ပံလမ်း ၆၉ လမ်းနှင့် ၇၂ လမ်းကြားရှိ မြေဧက ၁၄ ဒသမ ၇၈ ပေါ်တွင် တည် ဆောက်နေခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို အဆင့်သုံး ဆင့်ဖြင့် တည်ဆောက်နေပြီး ပထမအဆင့်တွင် မန္တလေး ကွန် ဗင်းရှင်းစင်တာ၊ စီမံကိန်း ဒုတိယ အဆင့်တွင် ၂၂ ထပ်အမြင့် ကွန်ဒို နှစ်လုံး၊ ၁၈ ထပ်အမြင့် ရုံးခန်း တာဝါအဆောက်အအုံ၊ ၁၂ ထပ် ဟိုတယ်၊ လေးထပ်ရှိ ရှော့ပင်း စင်တာများပါဝင်မည်ဖြစ်ပြီး စီမံ ကိန်းတတိယအဆင့်တွင် ကလေး ကစားကွင်းနှင့် အပန်းဖြေနေရာ များပါဝင်မည်ဖြစ်သည်။ Mandalay Covention Centre and Commercial Complex စီမံကိန်းကို ၂၀၁၄ တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ၌ စီမံကိန်း တစ်ခုလုံးကို အပြီးတည်ဆောက် မည်ဟု သတင်းရရှိသည်။

စီမံကိန်းအကောင်အထည် ဖော်တည်ဆောက်ရာတွင် စည် ပင်သာယာက မြေရှင်အဖြစ်ပါဝင် ပြီး MIDG ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ သူအဖြစ် တည်ဆောက်ခြင်းဖြစ် သည်။ စည်ပင်ပိုင် မြေ ၁၄ ဧက ပေါ်တွင် တည်ဆောက်မည့် အ ဆောက်အအုံများအနက် မန္တလေး ကွန်ဗင်းရှင်းစင်တာ အဆောက် အအုံကို စည်ပင်သာယာမှရရှိပြီး ထပ်မံတည်ဆောက်မည့် အခြား အဆောက်အအုံများကို MIDG ကုမ္ပဏီက ရရှိမည်ဖြစ်သည်ဟု စည်ပင်သာယာနှင့် ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service