အမေရိကန်ပြည်ထောင်စုရှိလော့စ်အိန်ဂျလိစ်မြို့ သည် အိမ်ခန်းငှားရန်အတွက် အခန်းများများစားစားမရှိချေ။
ထို့ကြောင့် လော့စ်အိန်ဂျလိတွင် အိမ်ငှားမည်ဆိုလျှင် ခက်ခက်ခဲခဲကြိုးပမ်းကြရသည်။
အိမ်ခြံမြေငှားရမ်းမှုဆိုင်ရာစစ်တမ်းကောက်ယူသည့် ၀က်ဘ်ဆိုက်ဖြစ်သောzumperသည် အိမ်ငှားရန်အတွက် စုံစမ်းမေးမြန်းသောဖုန်းခေါ်ဆိုမှုများနှင့် အီးမေးလ်ထောင်ပေါင်းများစွာကိုအခြေခံ၍ လော့စ်အိန်ဂျလိစ်တွင် လူကြိုက်အများဆုံး ၁၀ နေရာကိုထုတ်ပြန်ခဲ့သည်။
အဆိုပါစစ်တမ်းအရတွေ့ရှိရသည်မှာလော့စ်အိန်ဂျလိမြို့ ရှိကိုရီးယားတန်းkorea town သည် အိမ်ငှားအများဆုံးမေးမြန်းစုံစမ်းသည့် နေရာဖြစ်ပြီး Mid-city west ထက် နေထိုင်လိုသူ ၁၅ ရာခိုင်နှုန်းပိုမိုများပြားသည်ကိုတွေ့ရသည်။
အဆိုပါနှစ်နေရာစလုံးသည် မြို့ လယ်တွင်တည်ရှိသော်လည်းကိုရီးယားတန်းသည် အစားအသောက်စုံသည့်အပြင် ညဘက်လည်ပတ်ရန် ပိုမိုကောင်းမွန်သည့်နေရာ ဖြစ်သည်။
ထို့အပြင် လမ်းလျှောက်ကြည့်ရှုရန် ရှုခင်းပိုမိုကောင်းမွန်သည်။
တတိယလူကြိုက်အများဆုံးမှာ Hollywood Hill West ဖြစ်သည်။
ငှားရမ်သူအကြိုက် ၁၀ နေရာမှာ
၁။ Wilshire Center – Koreatown
၂။ Mid-City West
၃။ Hollywood Hills West
၎။ West Los Angeles
၅။ Mid-City
၆။ East Hollywood
၇။ Van Nuys
၈။ MacArthur Park
၉။ Palms
၁၀။ Congress Northတို့ ဖြစ်ကြသည်။
အခန်းဖွဲ့စည်းမှုပိုင်းဆိုင်ရာအရအိပ်ခန်းတစ်ခန်းပါ အခန်းစုံစမ်းမှုအများပြားဆုံးဖြစ်ပြီး ၄၀ ရာခိုင်နှုန်းအထိရှိသည်။
အိပ်ခန်း ၁ ခန်းပါ- စုံစမ်းမေးမြန်းမှု ၄၀ ရာခိုင်နှုန်း
အိပ်ခန်း ၂ ခန်းပါ- စုံစမ်းမေးမြန်းမှု ၂၇ ရာခိုင်နှုန်း
အိပ်ခန်း ၃ ခန်းပါ- စုံစမ်းမေးမြန်းမှု ၅ ရာခိုင်နှုန်း
အိပ်ခန်း ၄ ခန်းပါ- စုံစမ်းမေးမြန်းမှု ၄ ရာခိုင်နှုန်းတို့ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)