အဆင့်မြင့်တိုက်ခန်းနဲ့ ကွန်ဒို တည်နေရာနဲ့ ဝန်ဆောင်မှုကောင်းမှ အရောင်းဖြစ်

အဆင့်မြင့်တိုက်ခန်းနဲ့ ကွန်ဒို တည်နေရာနဲ့ ဝန်ဆောင်မှုကောင်းမှ အရောင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
11 Mar 2016 10:44 am တွင် တင်ခဲ့သည်
1333 ကြိမ် ကြည့်ရှု့ပြီး
အဆင့်မြင့်တိုက်ခန်းတွေနဲ့ ကွန်ဒိုတွေတည်ဆောက်ရောင်းချတာတွေများလာပေမဲ့ တည်နေရာ ပတ်ဝန်းကျင်နဲ့ ဝန်ဆောင်မှုတွေပိုကောင်းမှသာ ဈေးကွက်ရပြီး ပွဲဖြစ်တာများတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။

အရောင်းအဝယ်ဈေးကွက်က အအေးနေတာကြောင့် ဝယ်တဲ့သူတွေက မြင်ကွင်းကောင်းတဲ့နေရာ ၊ သွားလာရလွယ်ကူတဲ့နေရာနဲ့ ဝန်ဆောင်မှုကောင်းတဲ့နေရာတွေကို ပိုရွှေးချယ်လာတာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာလည်း ကွန်ဒိုတွေ ၊ အဆင့်မြင့်အိမ်ရာတွေက ဝန်ဆောင်မှုတွေကို အပြိုင်အဆိုင်သူ့ထက်ကောင်းအောင် ဆိုတာမျိုးတွေနဲ့ ဈေးကွက်ထဲချပြပြီး ဝယ်ယူသူတွေကို ဆွဲဆောင်လာကြတာလို့ ပြောပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘မြို့ထဲပိုင်းမှာဆို အရောင်းရော ၊ အငှားပါ ဆိပ်ကမ်းသာလမ်းတို့ ကုန်သည်လမ်းတို့ ဗျူးကောင်းတဲ့နေရာတွေဆို အကြိုက်များကြတယ် ၊ နိုင်ငံခြားသားတွေဆို ပိုရွှေးကြတယ်’ လို့ ပြောပါတယ်။

တချို့နေရာတွေမှာ အဆင့်မြင့်တိုက်ခန်းတွေ ဆောက်လုပ်ပြီးရောင်းတာတွေရှိပေမဲ့ သွားလာရဝေးတာ ၊ ပတ်ဝန်းကျင်မစည်ကားတာ ၊ ဝန်ဆောင်မှုသိပ်မပါတာတွေက ဈေးတန်းပေမဲ့ အရောင်းမသွက်တာတွေရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အရောင်းအဝယ်ဈေးကွက်က ၂၀၁၅ နှစ်ဆန်းပိုင်းကတည်းက အရောင်းအဝယ်ရပ်သလောက်ဖြစ်ခဲ့တာပါ ။ တချို့ဆိုအရောင်းရပ်ပြီး ဈေးပြန်မဖွင့်ဘဲထားတာတွေရှိပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းဝန်းကျင်မှာတော့ ကွန်ဒိုဥပဒေရဲ့အရှိန်နဲ့ အရောင်းအဝယ်အေးနေပေမဲ့ အရောင်းတန်ပြန်ဝင်လာတဲ့သူတွေများလာတယ်။

ရောင်းချတဲ့ပုံစံကလည်း အရစ်ကျသက်တမ်းတွေကို အရင်ကထက် ပိုတိုးပေးလာပါတယ်။ တချို့ဆိုရှစ်နှစ်လောက်အထိတိုးပြီး ဝယ်သူတွေကို ခွင့်ပြုပေးထားတာတွေရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းဆောက်လုပ်ရေးတွေက ဆောက်လုပ်နေတဲ့ ကွန်ဒိုနဲ့ အဆင့်မြင့်အိမ်ရာတွေလည်း ဈေးကွက်ထဲပြန်ဝင်လာသလို ပြည်ပနဲ့ပှုးပေါင်းပြီး တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးတွေကတော့ နေရာကောင်းတာရယ် ၊ ဝန်ဆောင်မှုပိုပေးနိုင်တဲ့အားသာချက်တွေနဲ့ ဈေးကွက်ထဲနေရာပိုယူထားပါတယ်။

ကွန်ဒိုဈေးနှုန်းတွေက အများအားဖြင့် တစ်စတုရန်းပေကို ကျပ် ၁၅၀.၀၀၀ ကနေ ၃၅၀.၀၀၀ အခန်းအမျိုးအစားပေါ်မှုတည်ပြီး ကွဲပြားမှုတွေရှိပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးစိုးမိုးက ‘အကြိုက်များတာတော့ မိန်းလမ်းမကြီးတွေမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ ၊ မြို့တွင်းနဲ့သွားလာရလွယ်ကူတဲ့နေရာတွေများတယ် ၊ ဒီနောက်ပိုင်း ရန်ကင်း ၊ ကမ္ဘာအေး ၊ တောင်ဥက္ကလာ တို့လိုနေရာတွေမှာ ကွန်ဒိုတွေထပ်တိုးလာတာရှိတယ်’ လို့ ပြောပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service