စင်ကာပူသည် အခြားနိုင်ငံမှ လာရောက်နေထိုင်သူများ အတွက် ကမ္ဘာ့ဈေးအကြီးဆုံးမြို့အဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်လာသည်။ ဇူးရစ်ခ်ျနှင့် ဟောင်ကောင်က ဒုတိယဈေးအကြီးဆုံးမြို့နေရာတွင် ပူးတွဲတည်ရှိနေကြောင်း Economist Intelligence Unit (EIU) က ထုတ်ပြန်ခဲ့သည်။
ထုတ်ကုန်နှင့် ၀န်ဆောင်မှုပေါင်း ၁၆၀ ၏ ၁ ခုချင်း စီသော ဈေးနှုန်းပေါင်း၄၀၀ ကျော်ကို နှိုင်းယှဉ်ထားသော ယင်း ၂ နှစ် ၁ ကြိမ်ထုတ် စစ်တမ်းဖြစ်သည့် EIU ၏ ကမ္ဘာအနှံ့နေထိုင်မှုစရိတ်စစ်တမ်းတွင် စင်ကာပူက ၁၁၆ မှတ်နှင့် ဇူရစ်ခ်ျနှင့် ဟောင်ကောင်တို့က ၁၁၄ မှတ် ရရှိထားသည်။
၎င်းထုတ်ကုန်နှင့် ၀န်ဆောင်မှုဈေးနှုန်းများတွင် အစားအစာ၊ အဖျော်ယမကာ၊ အ၀တ်အစား၊ အိမ်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရေးသုံးပစ္စည်းများ၊
အိမ်ငှားခ၊ ပို့ဆောင်ရေး၊ မီတာခစသည် ၀န်ဆောင်မှုစရိတ်စကများ၊ ပုဂ္ဂလိကကျောင်းများနှင့် အပန်းဖြေခြင်းများအတွက် စရိတ်များ ပါဝင်သည်။
ထိုစစ်တမ်းတွင်ဖော်ပြချက်အရ စင်ကာပူသည် ကားဝယ်ယူမှုနှင့် အသုံးပြုမှုတွင် ကုန်ကျမှုနှုန်း မပြောင်းမလဲကြီးမြင့်ဆဲဖြစ်သည်။ စင်ကာပူတွင်
ပို့ဆောင်ရေးစရိတ်များသည် နယူးယောက်ထက် ၂ ဒသမ ၇ ဆ ပိုများသည်။ အ၀တ်အစားဝယ်ယူမှုနှင့် မီတာခစသည် ၀န်ဆောင်မှုစရိတ်စကများ
ပေးဆောင်ရမှုတွင်လည်း ဈေးကြီးသည်။
အခြေခံစားသောက်ကုန်များတွင်မူ စင်ကာပူသည် နယူးယောက်နှင့် ဈေးနှုန်းများတူညီပြီး ဆိုးလ်ထက် ၃၃ ရာခိုင်နှုန်း ဈေးနှုန်းပိုမိုသက်သာသည်။.
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)