ရန်ကုန်မြို့တော်ရဲ့ အိမ်ခြံမြေဈေးကွက် စိန်ခေါ်မှုများ

ရန်ကုန်မြို့တော်ရဲ့ အိမ်ခြံမြေဈေးကွက် စိန်ခေါ်မှုများ - Property News in Myanmar from iMyanmarHouse.com
10 Mar 2016 12:08 pm တွင် တင်ခဲ့သည်
1840 ကြိမ် ကြည့်ရှု့ပြီး
ရွေးကောက်ပွဲရလဒ်ကို ရင်း နှီးမြှုပ်နှံသူတွေ စောင့်ကြည့်နေ တဲ့ ကာလတုန်းက အချိန်အတိုင်း အတာ တစ်ခုအထိ ရပ်ဆိုင်းသွား ပေမယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့တော်ဆီက အိမ်ခြံမြေဈေးကွက်ဟာ အခုတော့ တစ်ကျော့ပြန် အရှိန်ကောင်းကောင်း လှုပ် ရှားနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အ တွင်း မြန်မာနိုင်ငံဟာ စီးပွားရေး အရရော နိုင်ငံရေးအရပါ ပဉ္စလက် ဆန်ဆန် အပြောင်းအလဲ လှည့် ကွက်တွေနဲ့ ကြုံကြိုက်ခဲ့ပါတယ်။ ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်အသစ်တစ်ခုမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ဆိုင်ခန်းတွေ အလျင်အမြန် တိုးချဲ့ဖွင့်လှစ်လာတယ်။ အခုဆိုရင်တော့ မြန် မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီး မှာ ရုံးခန်းခ ဈေးနှုန်းတွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဖြစ်လာပါပြီ။

လူအများစုက တစ်နေ့ကို နှစ်ဒေါ်လာလောက်သာ လုပ်ခလစာ ရရှိနေတဲ့ နိုင်ငံမျိုးမှာ ၂၀၁၃ အတွင်းက ရန်ကုန်မြို့ရဲ့ နေအိမ်ရုံးခန်း နှစ်အလိုက် ငှားရမ်းခတန်ဖိုးဟာ ပျမ်းမျှတစ်စတုရန်းမီတာကို ဒေါ်လာ ၁၀၀ လောက်အထိ မြင့်
တက်လာပါတယ်။ ဒါဟာ နယူးယောက်မြို့လယ် မန်ဟက်တန် ရပ်ကွက်ထက် ပိုများတဲ့ ငှားရမ်းခဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က အစည်ကားဆုံး ကုန်သွယ်ရေး၊ စီးပွားရေးဇုန်နေရာတွေက ငှားရမ်းခထက် လေးဆ
လောက် ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အိမ်ခြံမြေဈေးကွက် ကြီးထွားမှုဟာ ပြီးခဲ့တဲ့နှစ် မှာတော့ အချိန်အတိုင်းအတာ တစ်ခုလောက် ရပ်တန့်ဆိုင်းငံ့သွား တယ်။ ရုံးခန်းတွေ ငှားရမ်းမှု သိသိ သာသာ နည်းပါးသွားပြီး အိမ်ခန်း တွေ ရောင်းထွက်မှုလည်း ရပ်ဆိုင်း သွားတယ်။ ဒါကလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရဲ့ ရလဒ်ကို စီးပွားရေး လုပ်ငန်းတွေရော သုံးစွဲ သူတွေကပါ စောင့်ကြည့်ပြီးမှ ချဉ်း ကပ်ချင်တဲ့ အခြေအနေမျိုး ဖြစ် လာတာကြောင့်ပါ။ ရွေးကောက် ပွဲအပြီးမှာလည်း
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်ရဲ့ ပီပီပြင်ပြင် ရုပ်လုံးပေါ်လာမှုကို စောင့်ကြည့်နေသူတွေ အများအပြား ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေး ကွက် အရှိန်အဟုန် နှေးကွေးသွားမှုဟာ ရွေးကောက်ပွဲဂယက်ရယ်၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ရယ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ် လို့ မြန်မာနိုင်ငံ အခြေစိုက် Colliers Internationalက စီမံရေးရာ ဒါရိုက်တာ အန်တိုနီပစ်ကွန်က ဆို တယ်။

‘‘ကျွန်တော်တို့ကတော့ မအံ့ ဩဘူး’’ လို့ သူကပြောတယ်။ ဒီနှစ် ထဲမှာတော့ ဈေးကွက်အနေအထားဟာ အပေါင်းလက္ခဏာဘက် ပြန်ဦးမော့လာမယ်လို့လည်း ပစ်ကွန်က ခန့်မှန်းတယ်။

‘‘ဒီဈေးကွက်ထဲမှာ လှုပ်ရှား နေတဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ် နှံသူတွေ အားလုံးက အရမ်းတက် ကြွနေတယ်။ ယုံကြည်မှုရှိနေကြ တယ်။ ဈေးကွက်အနေအထားနဲ့ ပတ်သက်ပြီး အားလုံးက မြူးမြူး ကြွကြွနဲ့ အကောင်းမြင်မျှော်လင့် နေတယ်။ ရင်းနှီးမြှုပ်နှံသူတွေအ နေနဲ့လည်း သူတို့ရဲ့ ပရောဂျက် တွေကို ပိုပြီးဖြန့်ကြက်ဖို့ စီစဉ်ပြီး အရမ်းအလုပ်များနေကြတယ်’’ လို့ သူက ဆိုတယ်။

ဒါပေမဲ့ ရန်ကုန်ရဲ့ အိမ်ခြံမြေ ဈေးကွက်ထဲ လက်တွေ့ဝင်ရောက်ခြင်း မရှိသေးတဲ့ ရင်းနှီးမြှုပ်နှံသူ တွေကတော့ ရွေးကောက်ပွဲအ လွန် အခြေအနေတွေ ငြိမ်သက်ပြီး အတည်တကျ ဖြစ်တဲ့အထိ စောင့် နေကြတုန်းပဲလို့လည်း ပစ်ကွန်က ပြောပါတယ်။

‘‘ဒီနယ်ပယ်ထဲ မရောက်ဖူး သေးဘူးဆိုရင်တော့ ပိုပြီး အစိုးရိမ်ကြီးမှာပဲ။ ဒါကလည်း သဘာဝကျပါတယ်’’ လို့ သူက မှတ်ချက်ပြု တယ်။

ရန်ကုန်အခြေစိုက် Consult-Myanmar ကုမ္ပဏီလီမိတက်ရဲ့ စီမံရေးရာဒါရိုက်တာ အန်ဒရူးတန်က ပြီးခဲ့တဲ့သုံးနှစ်တာအတွင်း ဈေးကစားမှုဆန်ဆန် ရင်းနှီးမြှုပ်နှံမှု အများအပြားကို ကြုံတွေ့ဖြတ် ကျော်ခဲ့ပြီးတဲ့နောက် ဈေးကွက်ရဲ့ တချို့သော ကဏ္ဍတွေမှာ ပိုပြီးတော့ မျှတမှုရှိလာတယ်လို့ သုံး သပ်ပါတယ်။

‘‘အိမ်ခြံမြေဈေးကွက်က ဒီ နှစ်ထဲမှာ ပိုပြီးကျစ်လျစ်၊ ပိုပြီးအား ကောင်းလာမယ်လို့ မြင်တယ်။ အ ထူးသဖြင့် ကွန်ဒိုမီနီယံတွေနဲ့ အ ဆင့်မြင့် နေရာထိုင်ခင်းငှားရမ်းမှု ကဏ္ဍတွေမှာပေါ့’’လို့ တန်က ဆို တယ်။

သူက တချို့သော အိမ်ခန်း၊ တိုက်ခန်းတွေကို ရေတိုကာလအ တွင်းမှာ အရှုံးခံရောင်းချမှုတွေ ရှိလာလိမ့်မယ်လို့လည်း ခန့်မှန်း တယ်။ ဒီတိုက်ခန်းအများစုဟာ တစ်ခန်းကို ဒေါ်လာငါးသိန်းအ ထက် တန်ကြေးရှိကြပါတယ်။ ဒီတော့ ပြည်တွင်းဈေးကွက်ရဲ့ လက်လှမ်းမီနိုင်စွမ်းနဲ့ အတော်ကြီး အ လှမ်းဝေးနေတဲ့ သဘောပါ။

ဒါ့အပြင် ရုံးခန်းငှားရမ်းမှု ဈေးကွက်မှာလည်း အပြောင်းအ လဲတွေ ရှိလာပါပြီ။ ပြီးခဲ့တဲ့ ၂ နှစ် တာအတွင်း စီမံကိန်းသစ်တွေ ပြီးစီးအောင်မြင်လာခြင်းနဲ့အတူ ရုံးခန်းနေရာ ရွေးချယ်ပိုင်ခွင့်ဟာ အရင်ကထက် နှစ်ဆလောက် များလာတယ်။ ဒီတော့ ဝယ်လိုအား ရဲ့ တောင်းဆိုမှုကို ရောင်းလိုအား က အမီလိုက် ဖြည့်ဆည်းလာနိုင် တယ်။ အကျိုးဆက်အနေနဲ့ ဒီဈေး ကွက် အစိတ်အပိုင်းမှာလည်း မျှ ခြေတစ်ခုကို ဆိုက်ရောက်လာပါ တယ်။

‘‘အဆင့်မြင့် ရုံးခန်းနေရာ တွေ ဝယ်ယူမှုနဲ့ ငှားရမ်းမှုတွေက ပိုပြီး တောင်းဆိုမှု ကြီးမားလာသ လို ပိုပြီး ရွေးချယ်ပိုင်ခွင့် ကျယ်ပြန့် လာတာကို မြင်ရလိမ့်မယ်။ ဈေး နှုန်းတွေကတော့ တည်ငြိမ်နေမယ် ထင်တယ်။ ဒါပေမဲ့ ဈေးတွေ လျော့ ကျမသွားတဲ့တိုင် အဆင့်မြင့်ရုံးခန်း နေရာတွေအတွက် ဈေးကွက် ပြိုင် ဆိုင်မှုက မြင့်တက်လာလိမ့်မယ်’’ လို့ တန်က မှတ်ချက်ပေးပါတယ်။

အခက်အခဲနှင့်အတားအဆီးများ

ဖြစ်ပျက်လာမယ့် အပြောင်း အလဲတွေက ရန်ကုန်မှာ လတ်တ လော ပြီးစီးနေတဲ့ တန်ဖိုးကြီး အိမ်ရာဆောက်လုပ်ရေး ပရောဂျက် တွေအတွက်တော့ သာသာယာ ယာ သိပ်မရှိနိုင်ပါဘူး။ အများစု က ငွေကြေးဓန ကြွယ်ဝချမ်းသာ တဲ့ လူကုံထံအသိုက်အဝန်းနဲ့ နိုင်ငံခြားသားတွေကို ရည်ရွယ်ပစ်မှတ်ထား တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလူတန်းစားက အင်မတန်သေးငယ်တဲ့ အ သိုက်အဝန်းလေးပါ။ ဒါပေမဲ့ ဥပဒေ သတ်မှတ်ချက်တွေ လျော့ရဲမှု၊ မြေနေရာဈေးကြီးမှု၊ ငွေဖော်နိုင်စွမ်း အားနည်းမှုနဲ့ စွမ်းဆောင် ရည် လုံလောက်မှု မရှိသေးတဲ့ ဘဏ်စနစ်တွေ ပေါင်းစပ်လိုက် တဲ့အခါ ဝယ်လက်တွေနဲ့ ပိုင်ဆိုင်မှု သတ်မှတ်ချက်တွေအတွက် တွန့် ဆုတ်မှုတွေ ဖြစ်လာစေတယ်။

‘‘အခုလောလောဆယ် မြေ ဈေးက ခေါင်ခိုက်နေတယ်။ မြေရှင် သတ်မှတ်ချက် ကိစ္စတွေ ရှိနေတုန်း ပဲ။ ပြီးတော့ ငှားရမ်းခတွေ၊ အ ခန်းခ ဈေးကြီးမှုတွေက မြန်မာ့ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးကြီး ထွားမှုကို အဟန့်အတား ဖြစ်နေ စေတယ်’’ လို့ ရန်ကုန်အခြေစိုက် Tilleke & Gibbins Myanmar က ဥပဒေရေးရာပညာရှင် ဒေါ်နွယ်ဦး က ဆိုပါတယ်။

‘‘မြေဈေးကြီးတာရယ်၊ မြေပိုင်ရှင် ကိစ္စတွေရယ်က အခုလို ဈေးတွေ မတန်တဆ ကြီးမြင့်နေ ခြင်းရဲ့ အခြေခံ အကျဆုံးအဓိက အကြောင်းရင်းတွေ ဖြစ်တယ်’’ လို့ မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ ဦး ဆောင်လှုပ်ရှားနေတဲ့ လုပ်ငန်းကြီး တစ်ခုနဲ့ ဆက်စပ်နေတဲ့ ကျွမ်းကျင် သူ တစ်ဦးက ဆိုတယ်။ အဲဒီပုဂ္ဂိုလ် က သူ့နာမည်ကိုတော့ ထုတ်မ ပြောစေချင်ဘူး။

‘‘အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ မြေပိုင် ရှင်တွေဆီကနေ အဲဒီမြေနေရာ ကို ရယူဖို့ခွင့်ပြုချက် လိုတယ်။ ဒီအချက်က မြေဈေးတွေကို အကြီး အကျယ် မြင့်တက်သွားစေတယ်။ တိကျတဲ့ ကြားခံမှတ်ပုံတင် စနစ် တစ်ခုခုကလည်း မရှိလေတော့ မြေပိုင်ရှင်နဲ့ လက်လွှဲဝယ်ယူသူ တွေက အပြန်အလှန် သဘောတူ ညီမှုနဲ့ပဲ အလုပ်လုပ်နေကြရတာ’’ လို့လည်း အဲဒီပုဂ္ဂိုလ်က ပြောပါ တယ်။

နောက်တစ်ချက်က အဆင့် မြင့် နေအိမ်အဆောက် အအုံတွေ ကို ဝယ်ယူနိုင်စွမ်းရှိတဲ့ လူကုံထံ အသိုင်းအဝိုင်းအတွက် ရည်ရွယ် ထားတဲ့ စီမံကိန်းတွေက လိုတာ ထက် ပိုလျှံတဲ့အဆင့်မျိုးကို ရောက်နေပြီ။ ဒီလို အဆင့်မြင့် နေအိမ် အဆောက်အအုံတွေကို ဝယ်ယူ ပိုင်ဆိုင်နိုင်တဲ့ ရေပေါ်ဆီ အသိုင်း အဝိုင်းဆိုတာက မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ ၁ ဒါမှမဟုတ် ၂ ရာခိုင်နှုန်းလောက်သာ ရှိတာ ပါ။

Collier International က မကြာသေးခင်က ထုတ်ပြန်ထား တဲ့ မှတ်တမ်းတွေအရ အဲဒီလို အဆင့်မြင့် အိမ်ရာစီမံကိန်းပရော ဂျက်တွေကို ဝယ်ယူအသုံးပြုမှုဟာ ၂၀၁၅ ပထမနှစ်ဝက်အတွင်း အ နိမ့်ဆုံးအဖြစ် ၄၉ ရာခိုင်နှုန်း လောက်အထိ ကျဆင်းသွားတယ် လို့ သိရပါတယ်။ ၂၀၁၅ နှစ်ကုန်အ ထိ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေ မှာ ရင်းနှီးမြှုပ်နှံထားပြီး ရောင်း မထွက်မှုဟာ (တိုက်ခန်း၊ လုံးချင်း အိမ်) ယူနစ်ပေါင်း ၆၆၅၄ ခု ရှိခဲ့ တယ်။ ဒါဟာ ၂၀၁၄ နဲ့ ယှဉ်ရင် နှစ်ဆပိုများနေတဲ့ သဘောပါ။

ပြီးတော့ အိမ်ခြံမြေဈေးကွက် ထဲမှာ ပြည်တွင်းပြည်ပက ရင်းနှီး မြှုပ်နှံသူတွေ ပါဝင်လှုပ်ရှားဖို့ တွန့် ဆုတ်နေရာမှာ ဒီကဏ္ဍနဲ့ ပတ်သက် ပြီး ဥပဒေသတ်မှတ်ချက်တွေ အားနည်းနေတာကလည်း ကြီး မားတဲ့ အကြောင်းရင်းတစ်ခု ဖြစ် နေဆဲလို့ ဆိုပါတယ်။

ဒါပေမဲ့ နှစ်နဲ့ချီ အချေအတင် အငြင်းအခုံတွေ ဖြစ်ခဲ့ပြီးမှ ပြည် ထောင်စုလွှတ်တော်မှာ ကွန်ဒိုမီနီယံဥပဒေသစ်တစ်ခုကို အတည်ပြုလိုက်နိုင်ခြင်းက အိမ်ခြံမြေဈေး ကွက်မှာ မျှော်လင့်ချက်ရောင်ခြည်တွေ ယှက်သန်းလာစေပါတယ်။ ဒီဥပဒေဟာ ဇန်နဝါရီ ၂၉ ရက်မှာ စတင်အကျုံးဝင်သက်ရောက် မှု ရှိလာပါပြီ။ အဲဒီဥပဒေအရ ရန်ကုန်မှာ နိုင်ငံခြားသားတွေ အိမ်ရာပိုင်ဆိုင်မှုကို ပထမဆုံးအကြိမ် လက်ခံသတ်မှတ်ပေးလာတယ်။ ဒါပေမဲ့ အဆောက်အအုံတစ်ခုရဲ့ ခြောက်ထပ်နဲ့အထက်မှာ နေရာ အကျယ်အဝန်းရဲ့ ၄၀ ရာခိုင်နှုန်း ကိုသာ ပိုင်ဆိုင်ခွင့်ရှိမယ်လို့တော့ ကန့်သတ်ထားဆဲပါ။

‘‘လေ့လာသူတွေကတော့ သိပ်မကြာခင် အနာဂတ်မှာ ကွန်ဒို မီနီယံတွေ ရောင်းချမှု ပိုပြီးကြီး ထွား မြင့်တက်လာမယ်လို့ ခန့်မှန်း နေကြတယ်။ ဒါပေမဲ့ ဆောက်လုပ် ဆဲ ပရောဂျက်တွေမှာတော့ ရှင်း စရာ ကိစ္စတချို့ ရှိနိုင်တယ်။ ဥပဒေသစ်ရဲ့ ပြဋ္ဌာန်းချက်နဲ့ လက်ရှိ ဆောက်လုပ်မှုတွေ ကိုက်ညီသ လား ဆိုတာမျိုးတွေပေါ့’’ လို့လည်း ဒေါ်နွယ်ဦးက ပြောပါတယ်။

တန်ကတော့ ဘယ်လိုပဲဖြစ် ဖြစ် အခုလို ကွန်ဒိုမီနီယံဥပဒေ တစ်ခု ပြဋ္ဌာန်းနိုင်ခြင်းဟာ ဈေး ကွက်အနေအထား ရှင်းလင်းသွား အောင် ဆောင်ရွက်ရာမှာ အ ကောင်းဘက်ကချည်းပဲ ဖြစ်နေ တယ်လို့ မှတ်ချက်ပေးပါတယ်။

‘‘လာမယ့်နှစ်လောက် အ တွင်းမှာတင် ကွန်ဒိုမီနီယံဈေး ကွက်က တိုးတက်မှုတွေ ရှိလာမှာ ပါ။ ဥပဒေသစ်က ရန်ကုန်မြို့ပြင် မှာ ကွန်ဒိုမီနီယံပရောဂျက် သစ် တွေ ဖော်ဆောင်ဖို့ လှုံ့ဆော်ပေး နေတယ်။ အထူးသဖြင့် တရုတ်နဲ့ ထိုင်းနယ်စပ်မှာပေါ့။ အဲဒီမှာ ကွန် ဒိုမီနီယံတွေကို နိုင်ငံခြားသားတွေ ဆီ ရောင်းချခွင့်ရှိမယ်။ နောက်ပြီး ဥပဒေသစ်အရ ကွန်ဒိုမီနီယံ အ ဆင့်အတန်းအဖြစ် သတ်မှတ်ပေး နိုင်လာမယ်’’ လို့ တန်ကဆိုတယ်။

ဒါ့အပြင် ကွန်ဒိုမီနီယံ ဝယ် ယူသူတွေအနေ နဲ့ ငွေကြေးပေးချေ မှုကို ဘဏ်ကနေ စာရင်းရှင်းတဲ့ စနစ်အပေါ် ပိုပြီးမှီခိုလာဖို့လည်း တန်က မျှော်လင့်နေတယ်။ ဥပဒေ သစ်မှာလည်း ဒါကို ခွင့်ပြုထားပါ တယ်။ လတ်တလောမှာတော့ ပြည်တွင်းမှာ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်သူ အများစုဟာ ငွေ သား ပေးချေမှုပုံစံကိုသာ အသုံးပြု နေကြဆဲပါ။

‘‘ဒီဥပဒေက အရေးကြီး တယ်။ အိမ်ရာပိုင်ဆိုင်မှုကို ဥပဒေ အရ အသိအမှတ်ပြုလာနိုင်တယ်။ ပြီးတော့ ဝယ်ယူသူအနေနဲ့ ဘဏ် စာရင်းအင်းတွေမှာ အိမ်ရာပိုင် ဆိုင်မှုကို အာမခံပစ္စည်းအနေနဲ့ အသုံးပြုခွင့်ရလာမယ်’’ လို့ တန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ ပိုင်ဆိုင်ခွင့်နဲ့ ပတ် သက်ပြီး ပြဋ္ဌာန်းချက်တွေ ရှင်းရှင်း လင်းလင်း ဖြစ်လာစေဖို့ ဒီဥပဒေ ဟာ ကြီးမားတဲ့ ခြေလှမ်းတစ် ရပ် ဖြစ်လာ ပါတယ်။ ဈေးကွက်အနေ အထားကို ပိုပြီး ပွင့်လင်းမြင် သာ ရှိလာစေသလို ဥပဒေရေးရာအရ ပိုပြီး အခြေကျအားကောင်းလာ တယ်လို့ JLL Thailandက ဈေး ကွက်သုတေသနဌာန အကြီးအကဲ အန်ဒရူးဂူလ်ဘရန်ဆန်က ဆို တယ်။ သူဟာ JLL Thailand ရဲ့ မြန်မာနိုင်ငံဌာနခွဲမှာ အကြံပေးအ ဖြစ် တာဝန်ယူနေသူပါ။

ဒါပေမဲ့ အရှိန်ကောင်းပြီး အသားသေနေတဲ့ ဈေးကွက် ပုံစံက နေ့ချင်းညချင်း ပြောင်းလဲသွားဖို့ တော့ မရှိသေးပါဘူး။

‘‘ရန်ကုန်မှာ ကွန်ဒိုတိုက်ခန်း တစ်ခု ဝယ်ယူချင်တဲ့ နိုင်ငံခြား သား များများစားစား မရှိဘူး။ ဥပဒေစပြီး အကျုံးဝင်သက်ရောက်လာချိန်မှာလည်း နိုင်ငံခြားသား တွေရဲ့ ဝယ်လိုအား အနေအထား က အကန့်အသတ်နဲ့ ဖြစ်နေဦးမှာပဲ’’လို့ ဂူလ်ဘရန်ဆန်က သုံးသပ်ခဲ့တယ်။

ဘန်ကောက်နဲ့ ရန်ကုန်ကြား ကွဲပြားတဲ့ အချက်တွေတော့ ရှိ တယ်။ ရန်ကုန်က ဘန်ကောက် လောက် အရွယ်မကြီးဘူး။ ရန်ကုန် ဟာ လူဦးရေ ထူထပ်ခြင်း၊ အင် တာနက်မြန်နှုန်း နှေးကွေးခြင်း၊ လျှပ်စစ်ဓာတ်အားရရှိမှု မတည် ငြိမ်ခြင်း အစရှိတဲ့ ပြဿနာတွေ ဆက်လက်တည်မြဲနေပေမယ့် နိုး ကြွနေတဲ့ မြို့တော်တစ်ခု ဖြစ် တယ်။ လောလောဆယ် အချိန်ထိ တော့ ရန်ကုန်မှာအလုပ်ကိစ္စနဲ့ သွားနေရတာမျိုး မဟုတ်ရင် အခြေ တကျ နေထိုင်ဖို့ ဘယ်သူမှ လိုလား မှု မရှိသေးတဲ့ နေရာမျိုးအဖြစ် သတ်မှတ်နိုင်တုန်းပဲလို့လည်း ဂူလ် ဘရန်ဆန်က ပြောပါတယ်။

‘‘နိုင်ငံတကာက ချမ်းသာ ကြွယ်ဝတဲ့သူတွေအတွက် ဒုတိ ယ၊ ဒါမှမဟုတ် တတိယ ဦးစားပေး နေထိုင်တဲ့မြို့မျိုး ဖြစ်မလာသေး ဘူး။ ဥပမာ ဘန်ကောက်မှာလို နေအိမ် ဝယ်ယူမြှုပ်နှံထားတာမျိုး သိပ်မရှိဘူး’’ လို့ သူက ရှင်းပြ တယ်။

ဒါ့အပြင် အဆောက်အအုံ တည်ဆောက်မှုနဲ့ မြေနေရာကိစ္စ တိုင်ကြားမှုတွေကို အာဏာပိုင် အဖွဲ့အစည်းတွေက ဖြေရှင်းပေးဖို့ လုပ်ငန်းဆိုင်းငံ့ထားရတဲ့ အထပ် မြင့် ဆောက်လုပ်ရေး ပရောဂျက် တချို့လည်း ရန်ကုန်မှာ ရှိနေပြန် တယ်။

ဥပမာအနေနဲ့ပြောရရင် ရန်ကုန်မှာ တည်ဆောက်နေတဲ့ 68 Residence ဟာ အထပ်မြင့် အဆောက်အအုံတွေအတွက် သတ်မှတ်ထားတဲ့ အောက်ခြေဧရိယာ စံနှုန်းနဲ့ တခြားစည်းမျဉ်းတွေကို ဖောက်ဖျက်ထားတယ်လို့ ဆိုတယ်။ ဒီအထပ်မြင့် အဆောက်အအုံဟာ ရန်ကုန်ရဲ့ နှလုံးသည်းပွတ် အချက်အချာနေရာမှာ တည်ရှိပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ပါတယ်။

နှစ်ပေါင်း ၅၀ လောက်အ တွင်း ပထမဆုံး အကြိမ် ရွေး ကောက် တင်မြှောက်မှုတွေနဲ့ ဖွဲ့ စည်းထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)ဟာ အခုဆိုရင် လူဦး ရေ ငါးသန်းကျော်လောက် မှီတင်း နေထိုင်တဲ့ မြို့တော်မှာ ရှိနေတဲ့ အထပ်မြင့် အဆောက်အအုံစီမံ ကိန်းအများစုကို ဆိုင်းငံ့ထားဖို့ အားထုတ်နေပါတယ်။ အကြောင်းရင်းကတော့ သတ်မှတ်ဇုန်နေရာ တွေက စည်းမျဉ်းပိုင်း ဖောက်ဖျက် မှုတွေ ရှိနေတာကြောင့်ပါ။

‘‘အဲဒီ အထပ်မြင့် အဆောက် အအုံ အများစုက ဝန်ကြီးဌာနပိုင်၊ ဒါမှမဟုတ် စစ်တပ်ပိုင်မြေတွေမှာ ပါ။ ပြီးတော့ YCDC ရဲ့ ခွင့်ပြုချက် ထက် သက်ဆိုင်ရာ အာဏာပိုင် တွေရဲ့ ခွင့်ပြုချက်ကိုပဲ ယူပြီး ဆောက်လုပ်နေတာ ဖြစ်ပါတယ်’’ လို့ ဒေါ်နွယ်ဦးကရှင်းပြပါတယ်။

အတိတ်တုန်းကတော့ အ ဆောက်အအုံတွေ၊ စီမံကိန်းပိုင် ရှင်တွေက စစ်ဘက်၊ ဒါမှမဟုတ် နိုင်ငံရေးအရ ဆက်နွှယ်မှုတွေရှိ နေတာကြောင့် ဌာနဆိုင်ရာ အ ရာရှိတွေဟာ ပြောင်ပြောင်တင်း တင်း စည်းမျဉ်းချိုးဖောက်မှုတွေ ကို ထုတ်ဖော်ပြောပြဖို့ တွန့်ဆုတ် နေခဲ့ကြတယ်။ ဒါပေမဲ့ YCDC ရွေးကောက်ပွဲတွေ အပြီးမှာတော့ ဒီ အပိုင်းမှာ ပြည်သူလူထုရဲ့ စိတ် ဝင်စား သိရှိမှုဟာ ပိုပြီးမြင့်တက် လာတယ်လို့လည်း သူက ဆိုပါ တယ်။

‘‘ရန်ကုန်မှာ မြေနေရာ သတ်မှတ်ချက် ဥပဒေတွေက ပိုပြီး ပွင့် လင်းမြင်သာမှု ရှိလာပြီ။ ဒါဟာ မြန်မာနိုင်ငံက မြို့ကြီးအများစု ရဲ့ အိမ်ခြံမြေဈေးကွက်ကဏ္ဍအ ပေါ်မှာ အထောက်အကူကောင်း တွေ ဖြစ်လာစေနိုင်တယ်’’ လို့ တန်ကလည်း မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် လမ်းတွေ၊ အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ ကားပါကင်စနစ် တွေ၊ လျှပ်စစ်ဓာတ်အားနဲ့ ရေပေးဝေမှုလို အခြေခံအဆောက်အအုံ ပိုင်း တိုးတက်မှုတွေ ရှိလာခြင်းက ရန်ကုန်မြို့တော်အတွက် ကောင်း ကျိုး ရှိစေလိမ့်မယ်လို့လည်း တန် က ပြောပါတယ်။

ရန်ကုန်မြို့ဟာ လောလော ဆယ်အထိတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က တည်ဆောက်ထားတဲ့ အခြေခံ အဆောက်အအုံတွေအပေါ် မှီခိုနေရဆဲပါ။

မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်က လည်း နောက်ထပ်ကြီးမားတဲ့ အ ဟန့်အတားတစ်ရပ် ဖြစ်ပါတယ်။ ဘဏ်စနစ်က မဖွံ့ဖြိုးသေးသလို အပေါင်စာချုပ်စနစ်တစ်ခု ခိုင်ခိုင်မာမာ ဖြစ်ဖို့လည်း လိုအပ်ချက် တွေ များပြားနေတုန်းပဲ။ မြန်မာ နိုင်ငံမှာ ချေးငွေအတွက် အများ ဆုံး ခွင့်ပြုကာလက ၁၂ လဖြစ်ပြီး အတိုးနှုန်းက ၁၂ ကနေ ၁၃ ရာ ခိုင်နှုန်းလောက် ရှိတယ်။ ဒီတော့ ငွေအလုံးအရင်းမရှိရင် အိမ်တစ် လုံး၊ တိုက်ခန်းတစ်ခန်း ဝယ်ဖို့ဆို တာ မဖြစ်နိုင်တဲ့သဘောပဲ။

ရန်ကုန်မှာ လက်ရှိ ပေါက် ဈေးအရ အဆင့်မြင့်ကွန်ဒိုခန်း တစ်ခုအတွက် ဈေးနှုန်းဟာ တစ် စတုရန်းပေကို ဒေါ်လာ ၄,၀၀၀ လောက် ကျသင့်နေတယ်။ အ လယ်အလတ်တန်းစား ကွန်ဒိုခန်း တစ်ခုအတွက် ပေါက်ဈေးက တော့ အဲဒီထက်ဝက်လောက် ဖြစ် ပါတယ်။

ဘဏ်တွေအပေါ် မြန်မာ ပြည်သူလူထုရဲ့ ယုံကြည်မှုက လည်း နည်းပါးနေဆဲပါ။ ဒါဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်က အရှေ့တောင်အာရှက တခြား နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ အ ခြေအနေမျိုး ဖြစ်နေတယ်။

‘‘လူတွေက ငွေကို အိမ်မှာပဲ ထားချင်ကြတယ်။ ဒါကိုက မြန်မာ နိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ် စွမ်း ဆောင်ရည် အားနည်းနေခြင်းရဲ့ အကြောင်းရင်း အစိတ်အပိုင်း တစ် ရပ်ပါပဲ’’လို့ ဂူလ်ဘရန်ဆန်ကပြောပါတယ်။

ဘဏ္ဍာရေး ပရောဂျက်ပိုင်း ကတော့ နောက်ထပ် ပြဿနာကြီး တစ်ခုပါ။ ၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းနဲ့ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းတွေတုန်းက ထိုင်းမှာ ဖြစ်ခဲ့သလို အိမ်ခြံမြေတည်ဆောက် မှု လုပ်ငန်းရှင်တွေ၊ ကန်ထရိုက် တွေက ပရောဂျက် ရုပ်လုံးမပေါ် ခင် (ကြိုပွိုင့်စနစ်နဲ့) ရောင်းချနေ ကြတယ်။ အစောပိုင်း ဝယ်ယူထား သူတွေဆီက ရလာတဲ့ ငွေကြေးကို ဆောက်လုပ်ရေး ပရောဂျက်အ တွက် ထည့်သုံးတယ်။ တချို့အ ခြေအနေတွေမှာတော့ ကြိုပွိုင့်သ မားတွေက သူတို့ရဲ့ ပရောဂျက်အ တွက် လုံလောက်တဲ့ ငွေကြေးမျိုး ရတဲ့အထိ ရောင်းမထွက်တာမျိုး တွေ ဖြစ်သွားတတ်တယ်။ အဲဒီအ ခါ ဘဏ်မှာလည်း ငွေသွားချေး လို့ မရတော့ဘူး။ ဒီတော့ အဲဒီ ပရောဂျက်က ရပ်ရင်ရပ်လိုက်ရ တယ်။ ဒါမှမဟုတ် လုံးဝအကောင် အထည် ပေါ်မလာတာမျိုးလည်း ဖြစ်သွားတတ်တယ်။

ပြီးမြောက်အောင်မြင်သွား တဲ့ ပရောဂျက်တွေကို အခြေခံပြီး ပြောရရင်တော့ ရန်ကုန်မြို့ရဲ့ လူနေအိမ်၊ တိုက်ခန်းတွေ ဈေးကွက် ဟာ မျှခြေအနေအထားဆီ ချဉ်း ကပ်လာနေတာမျိုး ဖြစ်နိုင်ပါ တယ်။ တကယ်လို့ ဆောက်လုပ် ဆဲ ပရောဂျက်တွေ အားလုံးလည်း အောင်အောင်မြင်မြင် အထ မြောက် ပြီးစီးသွားရင် လိုတာထက် ပိုလျှံနေတဲ့ အခြေအနေမျိုးတွေ ပေါ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကတော့ မှန်းရခက်လွန်းပါတယ်။

‘‘နောက်ထပ် တစ်နှစ်၊ ၂ နှစ် လောက်အ တွင်း ဈေးကွက်အနေ အထား ဘယ်လိုဖြစ်မလဲ။ ဒါတွေ ကို ကြိုစဉ်းစားဖို့ဆိုရင် ဥပဒေတွေ၊ ဘဏ်စနစ်တွေ၊ ပြီးတော့ ဆောက် လုပ်ရေးပရောဂျက်တွေ ဘယ်အ တိုင်းအတာထိ အမှန်တကယ် ဖြစ် ဖြစ်မြောက်မြောက် တည်ဆောက် နိုင်မှာလဲဆိုတဲ့ အချက်တွေအများ ကြီးကို ထည့်တွက်ရလိမ့်မယ်’’ လို့ ဂူလ်ဘရန်ဆန်က ရှင်းပြတယ်။

အရောင်းဆိုင်များအတွက် အခွင့်အလမ်း

အလားအလာကောင်းတွေ ပြသနေတဲ့ တခြားအစိတ်အပိုင်း တစ်ရပ်ကတော့ အရောင်းဆိုင် နေ ရာတွေပဲ ဖြစ်ပါတယ်။ တကယ့် စစ်မှန်တဲ့ ပြိုင်ဆိုင်မှုမျိုးမရှိခဲ့တာ ကြောင့် အရောင်းဆိုင်နေရာတွေ ဈေးကွက်ဟာ ၂၀၁၃ မတိုင်ခင် ဆယ်စုနှစ်တော်တော်များများ ကြာ မြင့်တဲ့အထိ ငြိမ်သက်နေပြီး အ ရည်အသွေးပိုင်း အားနည်းမှုတွေ ရှိခဲ့တယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့သုံးနှစ်အ တွင်းမှာတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ၊ အမှတ်တံဆိပ်တွေ ဝင်ရောက်လာခြင်းနဲ့အတူ ရန်ကုန်ရဲ့ ဈေးဝယ်မြင်ကွင်းဟာ လုံးဝ ဥဿုံ ပြောင်းလဲသွားပြီလို့ တန်က ဆိုပါတယ်။

ဥပမာ ပြောရရင် HAGL ရဲ့ မြန်မာပလာဇာသစ်ဟာ စပြီးမဖွင့် ခင်ကတည်းက ငါးထပ်စာဆောက် လုပ်ထားတဲ့ ဆိုင်ခန်းအားလုံး ငှားရမ်းပြီးသား ဖြစ်နေတယ်။ Nike၊ Skecher၊ Chopard၊ Zegna တို့ အပါအဝင် နိုင်ငံတကာ အမှတ်တံဆိပ်တွေ အမျိုးမျိုးကို ဒီပလာဇာမှာ တွေ့မြင်နိုင်ပါတယ်။

‘‘မြန်မာနိုင်ငံသား အများစု က ငွေပမာဏအများအပြား ထုတ် သုံးနိုင်စွမ်းမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ သူတို့ ပိုက်ဆံစုပြီးတော့ အရည်အသွေးပိုင်း ပိုကောင်းတဲ့ နိုင်ငံတကာ ထုတ်ကုန်တွေ၊ ဝန် ဆောင်မှုတွေကို အသုံးပြုနိုင်ခွင့် တော့ ရှိလာပြီလေ’’ လို့လည်း တန်က ပြောပါတယ်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု တွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ အလုံးအရင်း ဝင်ရောက်လာတဲ့ လက်ရှိ ကာလမျိုးထက် မြန်မာ နိုင်ငံမှာ စီးပွားရေးလာလုပ်ဖို့ ပို ကောင်းတဲ့အချိန် မရှိနိုင်ဘူးလို့ လည်း တန်က ညွှန်းပါတယ်။

အခုဆိုရင် ရန်ကုန်မှာ လူလတ်တန်းစားတွေ ပိုပြီး တိုးပွား လာသလို နိုင်ငံတကာအမှတ် တံဆိပ်တွေ၊ နိုင်ငံတကာ အဆင့်မီ အရည်အသွေးနဲ့ ဝန်ဆောင်မှုတွေ အပေါ် တောင်းဆိုမှုလည်း မြင့်တက်လာကြောင်း သူက ရှင်းပြ တယ်။

ဒါပေမဲ့ သတိပြုသင့်တဲ့ အ ချက်တစ်ခုက ဒေသခံ (မြန်မာ နိုင်ငံသား)တွေရဲ့ ငွေကြေးသုံးစွဲ နိုင်စွမ်းက အကန့်အသတ်ရှိနေ ဆဲဖြစ်ပြီး နိုင်ငံရပ်ခြား အမှတ် တံဆိပ်တွေအနေနဲ့ ဒီနိုင်ငံထဲမှာ တကယ်တမ်း အလုပ်ဖြစ်မယ့် အ ခြေအနေကို သေသေချာချာ လေ့ လာ ရွေးချယ်ဖို့ လိုအပ်နေတယ် လို့ ဂူလ်ဘရန်ဆန်က ထောက်ပြ ပါတယ်။

မြင်ကွင်းကျယ်ကို ဖြန့်ကြက် ကြည့်မယ်ဆိုရင် လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အိမ် ခြံမြေဈေးကွက်ရဲ့ မှန်ကန်သင့် တော်တဲ့ အစိတ်အပိုင်းကို ရွေး ချယ်နိုင်ခဲ့မယ်ဆိုရင် သိပ်ကို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေက စောင့်ဆိုင်းနေလိမ့်မယ်လို့ သူ ကဆိုတယ်။

သူ့အမြင်အရတော့ စက်မှုကဏ္ဍရယ်၊ ဟိုတယ်နဲ့ ခရီးသွား အဆောက်အအုံတွေရယ်က အဓိ က အောင်မြင်မှုတွေ ရလိမ့်မယ် လို့လည်း ဂူလ်ဘရန်ဆန်က ပြော ပါတယ်။

‘‘ဟိုတယ်နဲ့ နေထိုင်ရေး ဝန်ဆောင်မှု နယ်ပယ်တွေမှာ အရည် အသွေးမြင့် ရင်းနှီးထည့်ဝင်မှုတွေ လက်တွေ့ လုပ်ဆောင်ခဲ့တဲ့ ရင်း နှီးမြှုပ်နှံသူတွေက အခြေအနေ အတော်ကောင်းတယ်။ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းက ရင်းနှီးမြှုပ်နှံမှု တွေအတွက်ဆိုရင်တော့ စက်မှု ဖွံ့ဖြိုးရေး ကဏ္ဍတွေက အကောင်း ဆုံး ရွေးချယ်စရာတွေပါပဲ’’ လို့ လည်း သူက မှတ်ချက်ပေးပါ တယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ မြေ ငှားစာချုပ် သက်တမ်းက နှစ် ၅၀ ရှိပြီး နောက်ထပ် ၁၀ နှစ် သက် တမ်းတိုးခွင့် သတ်မှတ်ထားတယ်။

‘‘မြေငှားစာချုပ်ရဲ့ သက်တမ်းက ထိုင်းမှာထက် ပိုပြီးဆွဲဆောင်မှု ရှိတယ်။ ထိုင်းမှာတော့ အစိုးရရဲ့ မြေငှားစာချုပ်က သက်တမ်း နှစ် ပေါင်း ၃၀ ပဲ ရှိတယ်လေ။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်တော့ မြန် မာ့ဈေးကွက် အနေအထားက ပိုပြီး စွန့်စားရတဲ့သဘော ဖြစ်နေ တယ်’’ လို့ ဂူလ်ဘရန်ဆန်က နှိုင်း ယှဉ်ပြတယ်။

သူ့တစ်ဦးတည်း အမြင်အရ တော့ လူနေ အဆောက်အအုံတွေ နဲ့ အရောင်းဆိုင် နေရာတွေက အနာဂတ် ဈေးကွက်မှာ သိပ်ပြီး စိတ်ဝင်စားစရာ မရှိလှဘူးလို့ လည်း ပြောပါသေးတယ်။

အိမ်ငှားရမ်းမှု၊ ဆိုင်ခန်းငှား ရမ်းမှု အပိုင်းတွေမှာလည်း ၁၂ လ စာချုပ်တွေပဲ ချုပ်ဆိုလေ့ ရှိတာ ကြောင့် ထိုင်းနဲ့ယှဉ်ရင် အန္တရာယ် များသလို ဖြစ်နေတယ်။ ထိုင်း မှာက 3+3+3 ဆိုတဲ့ စနစ်ကို ကျင့် သုံးလေ့ ရှိပါတယ်။ အဲဒီ
သတ်မှတ်ချက်အရ ထိုင်းက အိမ်ခန်း၊ ဆိုင် ခန်း ငှားရမ်းသူတွေဟာ အငှား စာချုပ် သုံးခုဆက်တိုက် ချုပ်ဆိုနိုင်တယ်။

စာချုပ်တစ်ခုရဲ့ သက်တမ်း ကလည်း သုံးနှစ်စီရှိတယ်။ ဒီစာချုပ်ပုံက ထိုင်းမှာတော့ ပုံမှန်ပါပဲ။

ရန်ကုန်မှာတော့ အရောင်း ဆိုင်တွေ၊ ရုံးခန်းတွေနဲ့ ဝန်ဆောင်မှု ဌာနတွေ ရောနှောပါဝင်နေတဲ့ အ ဆောက်အအုံမျိုးတွေ တည် ဆောက်ခြင်းဟာ ရင်းနှီးမြှုပ်နှံသူ တွေအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ တန်က သုံးသပ်တယ်။

ယေဘုယျအားဖြင့် အခြေခံအဆောက်အအုံပိုင်း အားနည်းချက်တွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ဝန်ဆောင်မှု စုံစုံလင်လင်နဲ့ အရည်အသွေးမြင့်မားမှုကို ပေါင်းစပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒေသခံပြည်သူတွေကိုရော နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေ ကို ပါ အားကောင်းကောင်းနဲ့ ဆွဲ ဆောင်နိုင်လိမ့်မယ်လို့ တန်က ဆိုပါတယ်။

‘‘အဓိပ္ပာယ်ကတော့ နောက် ဆိုရင် အခုလို ဖွံ့ဖြိုးရေးစီမံကိန်း ကြီးတွေ အတော်များများဟာ ရန် ကုန်မြို့တော် ဧရိယာအပြင်ဘက် ကို ထွက်ကုန်ကြလိမ့်မယ်။ မြို့ထဲ မှာကျတော့ အခုလိုပရောဂျက် အ ကြီးကြီးတွေအတွက် လုံလောက် တဲ့ မြေလွတ်နေရာ မရှိတော့ဘူး လေ။ ပြီးတော့ မြို့ပြင်နဲ့ မြို့တွင်း မြေနေရာ စတုရန်းပေအလိုက် ဈေးနှုန်းချင်း ယှဉ်ကြည့်ရင် မြို့ ထဲမှာ မြေဝယ်ဖို့ကို အဟန့်အတား အလိုလို ဖြစ်သွားလိမ့်မယ်’’ လို့ လည်း တန်က မှတ်ချက်ပေးခဲ့ပါ တယ်။

Credit: 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service