ရန်ကုန်မှာ စီးပွားရေ အဆောက်အုံနဲ့ အဆင့်မြင့်အိမ်ရာအများစုကို မြို့လယ်မြို့နယ်တွေထက် ဆက်စပ်မြို့နယ်တွေမှာ ဝင်ရောက်အကောင်အထည်ဖော်တာများ ပြားလာတယ်
လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ဆီကသိရပါတယ်။
အများဆုံရင်းနှီးမြှပ်နှံလာကြတဲ့ မြို့ နယ်တွေကတော့ ရန်ကင်းမြို့နယ်၊တာမွေမြို့နယ်နဲ့လှိုင်မြို့နယ်တွေမှာ
ဖြစ်ပြီးပြည်တွင်းကဆောက်လုပ်ရေးလုပ်ငန်းတွေသာမက
ပြည်ပကလုပ်ငန်းတွေပါ ဝင်ရောက်နေပါတယ်။
' အများစုက ရန်ကင်းကို ကြိုက်ကြတယ်၊ သူကနိုင်ငံခြားသာတွေစိတ်ဝင်စားတဲ့နေရာ View ကောင်းတယ်၊ အပန်းဖြေစရာတွေနဲ့လဲ နီးတော့ ဆိတ်ငြိမ်ပြီး မြို့တွင်းနဲ့နီးတဲ့နေရာကို ဝင်ရောက်မှုများတာ ' လို့အံ့ထူးဆောက်လုပ်ရေးက မန်နေဂျာကိုမင်းမင်းက ပြောပါတယ်။
ရန်ကင်းမြို့နယ်အတွင်းမှာတော့ လက်ရှိ အဆင့်မြင့်အိမ်ရာစီမံကိန်းပေါင်းငါးပုံတစ်ပုံလောက်ဝင်ရောက်လျက်ရှိပြီးအစိုးရက အကျိုးတူတည်ဆောက်တဲ့ ကွန်းဒိုအိမ်ရာစီမံကိန်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။မြို့တွင်မြေနေရာအကျယ်အဝန်းအများစုက ရှေးဟောင်အဆောက်အအုံတွေ များပြားတာကြောင့်အသစ်ထက် ပြန်လည်ပြုပြင်ဆောင်ရွက်တာများလို့ အသစ်ဆောက်လုပ်မယ့် စီမံကိန်းတွေက မြေနေရာကျယ်ဝန်းပြီး လူစိတ်ဝင်စားမှုများတဲ့ မြို့နယ်တွေကို
ရွှေ့ပြောင်းလာကြတာဖြစ်ပါတယ်။
အစိုးရမြေကို ဘီအိုတီ စနစ်နဲ့ ငှါးရမ်းတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စီမံကိန်းတွေအနေနဲ့လည်း မြေနေရာချထားပေးတဲ့
နေရာတွေမှာ လာရောက်ဆောက်လုပ် အကောင်အထည်ဖော်ကြတာဖြစ်ပါတယ်။
' နိုင်ငံတကာအဆင့်မီ ကွန်ဒိုအများစုက အထပ့်မြင့်တွေပြည့်ကျပ်နေတဲ့ မြို့ထဲကနေရာတွေထက်မြင်ကွက်းလမ်းကြောင်းကောင်းတဲ့ မြို့နယ်တွေကို ပိုကြိုက်ကြတယ်၊ ရန်ကင်းဆိုရင်လဲ အရင်ကတည်းက အစိုးရအိမ်ရာတွေနဲ့ လုံးချင်းတွေပဲများတော့ စိတ်ဝင်စားကြတယ် ' လို့စီးပွားရေးပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
အရင်က မြို့တွင်းနဲ့ဆက်စပ်မြို့နယ်တွေမှာ ဘီအိုတီ အဆင့်မြင့်အိမ်ရာတွေသာ များပြားပင်မဲ့ အခုနောက်ပိုင်းမှာတော့ ပြည်တွင်းက ဆောက်လုပ်ရေ
လုပ်ငန်းတွေပါ ဝင်ရောက်မှုများလာပါတယ် ။အဲသည်မြို့နယ်တွေရဲ့ အိမ်ခြံမြေဈေးကွက်ကလည်း ဧကဝက်မြေကို သိန်းသောင်းချီပေါက်ဈေးရှိပြီး အငှါးဈေးကွက် အနေနဲ့ ကလည်း လမ်းမတန်းမြေနေရာ တွေမှာ လုံးချင်းကို သိန်း ၃၀ ဝန်းကျင်မှ သိန်း ၁၀၀ လောက်အထိခေါ် ဈေးရှိနေပါတယ်။
အိမ်ရာစီမံကိန်းဝင်ရောက်မှုများပြားတာကြောင့် စီးပွားရေလုပ်ငန်းရွှေ့ပြောင်းမှုတွေလည်းရှိနေပါတယ်။ အစိုးရရဲ့ အရင်က ဆောက်လုပ်ထားတဲ့ အိမ်ရာစီမံကိန်းတွေကလည်း အသစ်ပြန်လည် ပြင်ဆင်ဆောက်လုပ်ဖို့ရှိတာကြောင့် လူနေထိုင်မှုများတဲ့ မြို့နယ် ဒုတိယ ဒေါင်းတောင်းမြို့နယ်တွေဖြစ်လာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra