မဟာဗန္ဓုလ အငှားအိမ်ရာ တိုက်ခန်းများ ယခုလအတွင်း အပြီးသတ် နေရာချထားပေးမည်

မဟာဗန္ဓုလ အငှားအိမ်ရာ တိုက်ခန်းများ ယခုလအတွင်း အပြီးသတ် နေရာချထားပေးမည် - Property News in Myanmar from iMyanmarHouse.com
10 Mar 2016 11:17 am တွင် တင်ခဲ့သည်
794 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် အကောင်
အထည်ဖော်တည်ဆောက်လျက်ရှိသည့် မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို
လက်ရှိအစိုးရသက်တမ်းမကုန်မီ မတ်လအတွင်း အပြီးသတ်နေရာချထား ပေးသွားမည်ဖြစ်
သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများက ပြော ကြားသည်။

မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းတွင် စတုရန်းပေ ၅၉၀ အကျယ်အ၀န်းရှိ အခန်း တစ်ခန်းကို
ငွေကျပ်သုံးသောင်းနှုန်းဖြင့် အငှား ချထားပေမည်ဖြစ်ရာ စုစုပေါင်းအခန်း ၁,၂၀၀ ကျော်ရှိ
သိရသည်။ ရန်ကုန်လူထုအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် မဟာဗန္ဓုလအငှားအိမ်ရာမှ
တိုက်ခန်းများကို မည်သူမဆိုလျှောက်ထားနိုင်ပြီး၊ ယခုရက်ပိုင်း အတွင်း မဲစနစ်ဖြင့် အပြီးသတ်နေရာ
ချထားပေး သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးကျော်စိုးက ပြောသည်။

"ဒီဗန္ဓုလ တိုက်ခန်းကို လူတိုင်းနီးပါးက လိုချင်နေကြတယ်။ လက်ရှိအစိုးရ
လက်ထက်လုပ်ထားတဲ့ စီမံကိန်းဖြစ်လို့ လက်ရှိသက်တမ်း အတွင်းမှာကို အပြီးလုပ်ပေးသွားမယ်။
အခုဆို ဗန္ဓုလက တချို့တိုက်တွေ ခေါင်မိုးတောင် မိုးနေ ပြီ။ မဲနှိုက်စနစ်နဲ့ ပေးသွားမှာပါ။ မဲနှိုက်စနစ်
လုပ်ရတာကလည်း လိုချင်လို့ လျှောက်တဲ့သူများလို့သာ လုပ်ရတာပါ။ တကယ်နေစရာ မရှိတဲ့လူတွေကို
နေရာချပေးချင်တဲ့ စေတနာ နဲ့ လုပ်တာပါ။ အိမ်ပိုင်ပြီး အမြတ်လိုချင်လို့ တိုက်ခန်းဝင်လျှောက်၊ မဲပေါက်
သွားမယ်ဆို ရင် ကျန်တဲ့လူတွေကလာပြီး တိုင်ကြားလို့ ရပါတယ်။ မဲပေါက်တဲ့သူကို စစ်ဆေးလို့ အိမ်ပိုင်
နေတာ သေချာပြီဆိုရင် သူ့ကိုဖယ်ပြီး နောက် တစ်ယောက်ကို ပြောင်းတင်သွားမှာပါ"ဟု ၎င်းက ပြော
သည်။

အငှားအိမ်ရာတွင် မြေပိုင်၊ တိုက်ခန်းပိုင် မရှိသူများကိုသာ နေရာချထားပေးရန် သတ် မှတ်ထားပြီး၊
တိုက်ခန်းလျှောက်လွှာများ လက်ခံရာ၌လည်း တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှု မရှိကြောင်း ကိုယ်တိုင်ရေး
ဝန်ခံချက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းဖြစ်ပါက သက်ဆိုင် ရာ ၀န်ထမ်းအကြီးအကဲ၏ အိမ်ရာ
ပိုင်ဆိုင်မှု မရှိကြောင်း ထပ်ဆင့်ထောက်ခံချက်များကို ရယူ ပြီးမှသာ အငှားအိမ်ရာလျှောက်ထားမှုများကို
လက်ခံခဲ့ခြင်းဖြစ်သည်။

အငှားအိမ်ရာ တိုက်ခန်းနေထိုင်ရန် ရွေးချယ်ခံထားရသူများ အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့်
စည်းမျဉ်းစည်းကမ်းများ၊ ကတိက၀တ်များ အတိုင်း စာချုပ်ချုပ်ဆိုပြီးမှသာ တက်ရောက်နေထိုင်ခွင့်ပြုမည်ဟု
သိရသည်။ အငှားအိမ်ရာတိုက်ခန်းမျာကို ငှားရမ်းနေထိုင်ခွင့်ရသူများအနက် နိုင်ငံတော်က သတ်မှတ်
ထားသည့် လစဉ်ပေးသွင်းငွေများ ကို ပေးချေခြင်းမပြုခြင်း၊ အကြောင်းအမျိုးမျိုး ပြကာ အချိန်ဆွဲခြင်း၊
အိမ်ရာသာယာရေး ကော်မတီမှ ချမှတ်ထားသည့် စည်းကမ်းများ ကို လိုက်နာ မှုမရှိခြင်း၊ ဖောက်ဖျက်
ကျုးလွန်ခြင်း ပြုလုပ်ပါက ၁၉၅၅ ခုနှစ် အစိုးရပိုင်အိမ်ဥပစာနှင်ထုတ်ခြင်း ဥပဒေအရ ဖယ်ရှားရှင်းလင်းကာ
အပိုဆောင်းမဲနှိုက်ထားသူများကို အမှတ်စဉ်အလိုက် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုး နည်းနှင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို မဲနှိုက်စနစ်ဖြင့်
ရွေးချယ်ရောင်းချပေးခဲ့သော် လည်း တိုက်ခန်းမဲပေါက်သူအချို့သည် အမှန် တကယ်နေထိုင်ရန်ထက်
အကျိုးအမြတ်ရရှိ စေရန် တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ ပြန် လည် အငှားချထားခြင်းပြုလုပ်လျက်ရှိ
သည်။ လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေသည့်အတွက် မဲပေါက်တိုက်
ခန်းများကို အမြတ်တင်၍ တစ်ဆင့်ခံပြန်လည်ရောင်းချရန် ခက်ခဲသည့် အတွက် တိုက်ခန်းမဲပေါက်
ထားပြီးဖြစ်သော် လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက် ဆက်သွယ်ခြင်း မပြုသူများလည်း
များလာသည့်အတွက် မဟာဗန္ဓုလအငှားအိမ်ရာမှ တိုက်ခန်းများကို တင်းကျပ်သည့် စည်းကမ်းသတ်မှတ်
ချက်များဖြင့်သာ အငှားချထားပေးတော့မည်ဖြစ်သည်ဟု ဦးကျော်စိုးက ပြောသည်။

"တိုက်ခန်းမဲပေါက်သူတွေထဲက အချို့က ရတဲ့အခန်းကို အပြင်မှာပြန်ရောင်းကြည့် တယ်။ မမြတ်တော့ဘူး၊
ဝယ်လက်မရှိဘူးဆို ရင် လာမဆက်သွယ်တော့တာ တွေ့လာရ တယ်။ ဒီတစ်ခေါက်ကတော့ အခန်း
၁,၂၀၀ ဆိုရင် လူ ၁,၄၀၀ လောက်အထိ ပိုပြီးမဲနှိုက်ထား မယ်။ လူ ၂၀၀ လောက်ကို အရန်အဖြစ်
မဲနှိုက် ထားမယ်။ အမှတ်စဉ် ၁ ကနေ ၁,၂၀၀ အထိ အခန်းမဲပေါက်ပြီး လာမယူတဲ့ လူရှိရင် နောက်လူ
တွေကို အစဉ်တိုင်းပေးနိုင်ဖို့ အကြံပြုထားတယ်။ ဗန္ဓုလကတော့ အားလုံးက လိုချင်နေ လို့ မဲပေါက်ပြီး
လာမယူတဲ့ လူမရှိနိုင်ဘူးလို့ တွက်ထားတယ်။ မဲပေါက်လို့ စာချုပ်ချုပ်ပြီး မှပဲ ငှားမှာဖြစ်လို့ နောက်အစိုးရ
လည်း အဆင် ပြေအောင်လို့ စာချုပ်ကိုအားနည်းချက် အနည်းဆုံးဖြစ်အောင် ဥပဒေပညာရှင်တွေ နဲ့ တိုင်ပင်ပြီး
ရေးဆွဲချုပ်ဆိုသွားဖို့စီစဉ်ထား တယ်။ ဦးစားပေးအခန်းမထားဘဲ အခန်း ၁,၂၀၀ လုံးကို
မဲစနစ်နဲ့ နေရာချထားပေးသွား မှာပါ" ဟု ၎င်းက ပြောသည်။ မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းမှ
တိုက်ခန်းများအတွက် မဲနှိုက်နေရာချထားပေး ခြင်းကို အများပြည်သူသိရှိနိုင်ရန် ကြိုတင်အသိပေး
သွားမည်ဖြစ်ပြီး၊ ပွင့်လင်းမြင်သာမှုရှိစေရန် မဲနှိုက်အစီအစဉ်ကို အများပြည်သူ ရှေ့မှောက်တွင်
ဆောင်ရွက်သွားမည်ဟု လည်း ဦးကျော်စိုးက ပြောသည်။


မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ဇန်န၀ါရီလ
ပထမသီတင်းပတ်အတွင်း စတင် ခဲ့ပြီး၊ ယခုလကုန်ပိုင်းတွင် အပြီးသတ်တည်ဆောက်သွားမည်ဟု
သိရသည်။ အများပြည်သူ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က
လက်ရှိဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၄၆ ဘီလျံချထားပေးခဲ့ရာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်း တည်ဆောက်ရန် ကျပ် ၂၀
ဘီလျံ ရရှိခဲ့သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service