တရုတ်တွင် အိမ်ခြံမြေဈေးကွက်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် မတူကွဲပြားခြားနားသည့် အမျိုးမျိုးသောမူဝါဒများ ချမှတ်တော့မည်ဖြစ်ကြောင်း
မြေနှင့်အရင်းအမြစ်ဝန်ကြီး ကျန်တာ့မင်က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
ထိပ်တန်းမြို့များတွင် အိမ်ဈေးနှုန်းများ တည်ငြိမ်ရန် ဆောက်လုပ်မြေ တိုးမြှင့်ချထားပေးမည်ဖြစ်ပြီး ဒေသဆိုင်ရာအစိုးရများသည်
ဈေးနှုန်းမြင့်တက်မှုထိန်းချုပ်ရန် ကြိုးပမ်းမှုတွင် ဗဟိုအစိုးရ၏ အထောက်အပံ့ အပြည့်အ၀ရရှိမည်ဖြစ်သည်။
တရုတ်အိမ်ခြံမြေဈေးကွက်သည် ပထမတန်းစားထိပ်တန်းမြို့များနှင့် အချို့အချက်အချာကျသော ဒုတိယတန်းစားအလယ်အလတ်မြို့များတွင် အ၀ယ်လိုက်၍ ရောင်းအားမြင့်တက်ပြီး တတိယတန်းစားအခြေခံအလွှာမြို့များတွင် ၀ယ်လိုအား အလွန်အမင်းနည်းနေခဲ့သည်။
အမျိုးသားစာရင်းအင်းဗျူရိုက စောင့်ကြည့်လေ့လာခဲ့သော မြို့ကြီး ၇၀ တွင် အိမ်ဈေးများသည် ပြီးခဲ့သည့်ဇန်န၀ါရီတွင် မြင့်တက်ခဲ့ပြီး အချက်အချာကျသောမြို့များနှင့် အချို့သောဒုတိယတန်းစားမြို့များတွင် သိသိသာသာပင် မြင့်တက်ခဲ့ကြောင်း ဗျူရိုက ပြီးခဲ့သည့်လ
(ဖေဖော်ဝါရီ)က ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာတွင် စန်းကျန်း (Shenzhen) မြို့က ပြီးခဲ့သည့်ဇန်န၀ါရီတွင် အိမ်ဈေးနှုန်းမြင့်တက်မှုနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တရုတ်၏
အိမ်ဈေးနှုန်းအမြင့်ဆုံးမြို့ဖြစ်နေပြီး ရှန်ဟိုင်းက ၂ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)