ရှန်ဟိုင်းတွင် ကြိုပွိုင့်စနစ်ဖြင့် အိမ်ရောင်းချရမှုသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီကထက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဆကျော် မြင့်တက်ခဲ့ကြောင်းShanghai Homelink အိမ်ခြံမြေအေဂျင်စီက မတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရှန်ဟိုင်း၌ ယခုနှစ်ဖေဖော်ဝါရီတွင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချရသော အိမ် ၂၆,၀၀၀ ခန့် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီကထက် ၁၆၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်ဇန်န၀ါရီနှင့်ယှဉ်ပါက ၃၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
"နှစ်ကူးအခါသမယကြောင့် အိမ်ခြံမြေရောင်းအား ကျဆင်းနေကျဖြစ်တဲ့ ဖေဖော်ဝါရီအတွက်တော့ ဒီနှုန်းက သမိုင်းဝင်မြင့်တက်မှုပါပဲ" ဟု Homelink သုတေသနဒါရိုက်တာ လုချီလင်က ပြောကြားခဲ့သည်။
ကြိုပွိုင့်စနစ်ဖြင့် ရောင်းချသော အိမ်များကို ပျမ်းမျှ ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃,၉၈၉ ဒေါ်လာဖြင့် ရောင်းချခဲ့ရသည်။
ရှန်ဟိုင်းရှိ လူနေရပ်ကွက် ၁၃၀ တွင် ၁၁၆ ခု၌ ကြိုပွိုင့်အိမ်ဈေးများ မြင့်တက်ခဲ့ပြီး ၇ ခုတွင် ကျဆင်းခဲ့ကာ ကျန် ၇ ခုတွင် မပြောင်းမလဲတန့်နေခဲ့သည်။
ယခုနှစ်ဖေဖော်ဝါရီတွင် ဈေးအမြင့်ဆုံးရောင်းထွက်ခဲ့သည့် Sun Hung Kai စီမံကိန်းကြိုပွိုင့်အိမ်ကို၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၄,၇၃၆
ဒေါ်လာဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)