ပြည်ထောင်စုဝန်ကြီး၏ အိမ်ရာတိုက်ခန်းလျှောက်ထားမှု လျှောက်လွှာများ မရရှိထားဟုဆို

ပြည်ထောင်စုဝန်ကြီး၏ အိမ်ရာတိုက်ခန်းလျှောက်ထားမှု လျှောက်လွှာများ မရရှိထားဟုဆို - Property News in Myanmar from iMyanmarHouse.com
7 Mar 2016 11:15 am တွင် တင်ခဲ့သည်
1541 ကြိမ် ကြည့်ရှု့ပြီး
ပြည်ထောင်စုအဖွဲ့ ၀န်ကြီးအချို့က မန္တလေးမြို့ တွင် တည်ဆောက်နေသည့် စိတ္တရမဟီဝန်ထမ်းအိမ်ရာတွင် တိုက် ခန်းဝယ်ယူခွင့်ရရန် လျှောက်ထား သည့် လျှောက်လွှာများ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့ခဲ့သော်လည်း လက်ရှိအချိန် အထိ ၎င်းတို့ဌာနသို့ လျှောက်လွှာ များ ရောက်ရှိလာခြင်းမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မန္တ လေးတိုင်းဒေသကြီးမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

‘‘ကျွန်တော်တို့ဆီကို လျှောက်လွှာ မရောက်ပါဘူး။ ဒီ ၀န်ထမ်းအိမ်ရာတွေကလည်း ယ ခင်ဝန်ထမ်းတွေနေခဲ့တဲ့ အိမ်ရာ တွေကို ဖျက်ပြီး ပြန်ဆောက်တာ ဖြစ်ပါတယ်။ ၀န်ထမ်းတွေကို ပြန် ငှားတာဖြစ်တဲ့အတွက် အခန်းအ ပိုမရှိပါဘူး။ ရောင်းလည်းမရောင်းပါဘူး’’ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သမ္မတရုံး ပြည်ထောင်စုဝန် ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန် ကြီး ဒေါက်တာကံဇော်နှင့် ပြည် ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းတို့ ၏ စိတ္တရမဟီအိမ်ရာတွင် တိုက် ခန်းဝယ်ယူခွင့်ရရေး ဆောက်လုပ် ရေးဝန်ကြီးထံ လိပ်မူလျှောက်ထား သည့် လျှောက်လွှာများ ဖေဖော် ၀ါရီလကုန်မှစတင်ကာ အင်တာ နက်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ ယင်းလျှောက်လွှာများ သည် ပြည်ထောင်စုဝန်ကြီးများ အမှန်တကယ်လျှောက်ထားခြင်း ဟုတ်၊ မဟုတ် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အတည်ပြုခြင်းမရှိဘဲ အကယ်၍ တိုက်ခန်းဝယ်ယူခွင့်ရရန် လျှောက်ထားသည်ဆိုလျှင် ပင် အစိုးရပိုင် ၀န်ထမ်းတိုက်ခန်းများကို လျှောက်ထားခြင်းမဟုတ် ဘဲ ကုမ္ပဏီပိုင် ကွန်ဒိုတိုက်ခန်းများ ၀ယ်ယူရန် လျှောက်ထားခြင်းဖြစ် နိုင်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးမြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့ ကျုံးမြို့ရိုးအနီး ချမ်းအေးသာစံမြို့နယ် (၇၄) လမ်းတွင် တည်ဆောက်နေသည့် စိတ္တရမဟီ ၀န်ထမ်းအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေ ၄ ဒသမ ၄၅ ဧကပေါ်၌ MGW ၊ နယူးစတားလိုက်၊ယူနိုက် တက်ပစိဖိတ်၊ နယူးအင်နိုဗေးရှင်း နှင့် မန်းမြန်မာ စသည့် ကုမ္ပဏီငါး ခုနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ (၄၉-၅၁) အချိုးဖြင့် အကျိုး တူပူးပေါင်းတည်ဆောက်ခြင်းဖြစ် သည်။

ယင်းအိမ်ရာတွင် အနိမ့်ဆုံး သုံးထပ်မှ ဆယ်ထပ်အမြင့်အထိ ကွန်ဒိုတိုက်ခန်းပေါင်း ၁၁ လုံးပါ ၀င်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာ နက ၀န်ထမ်းအိမ်ရာအခန်းပေါင်း ၁၄၀ ကျော် ရရှိပြီး ကျန်အခန်းများ ကို အကျိုးတူတည်ဆောက်သည့် ကုမ္ပဏီများက ရရှိခြင်းဖြစ် ကြောင်း ၀န်ကြီးဌာနနှင့် ကုမ္ပဏီတာဝန်ရှိသူများကပြောသည်။

‘‘ကျွန်တော်တို့ဆီကိုလည်း လျှောက်တာမရှိပါဘူး။ ကုမ္ပဏီ တွေဘက်ကတော့ မည်သူ့ကိုမဆို ရောင်းပေးနေပါတယ်’’ဟု စိတ္တရ မဟီ အိမ်ရာအကျိုးတူ တည် ဆောက်နေသည့် မန်းမြန်မာကုမ္ပ ဏီမှ တာဝန်ရှိသူတစ်ဦးကပြော သည်။စိတ္တရမဟီအိမ်ရာမှာ ကွန်ဒို တိုက်ခန်းများကို အခန်းအကျယ် အ၀န်းပေါ်မူတည်၍ တစ်ပေပတ် လည် ကျပ်တစ်သိန်းခန့်ဖြင့်ရောင်း ချနေခြင်းဖြစ်သည်ဟု အကျိုးတူ တည်ဆောက်နေသည့် ကုမ္ပဏီ များကပြောသည်။

ပြည်ထောင်စုဝန်ကြီးများ ၀န်ထမ်းအိမ်ရာတိုက်ခန်း ၀ယ်ယူ ခွင့်ရရှိရန် လျှောက်ထားမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိနေပြီး အဆိုပါကိစ္စ အတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူထံ ဆက် သွယ်မေးမြန်းခဲ့သော်လည်းဆက် သွယ်၍မရခဲ့ပေ။

credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service