ရွှေပြည်သာတန်ဖိုးနည်း အိမ်ရာလျှောက်လွှာများ မဲနှိုက်ရွေးချယ်၊လျှောက်ထား သူငါးထောင်ကျော်ရှိရာမှ ၁၉၁ ခန်းပေးနိုင်မည်

ရွှေပြည်သာတန်ဖိုးနည်း အိမ်ရာလျှောက်လွှာများ မဲနှိုက်ရွေးချယ်၊လျှောက်ထား သူငါးထောင်ကျော်ရှိရာမှ ၁၉၁ ခန်းပေးနိုင်မည် - Property News in Myanmar from iMyanmarHouse.com
3 Mar 2016 11:45 am တွင် တင်ခဲ့သည်
1868 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက် သည့် ရွှေပြည်သာတန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ အိမ်ရာလျှောက် ထားသူများကို ယနေ့နံနက်ပိုင်းတွင် အလုံမြို့နယ်ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရနှင့်ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လျှောက်ထားသူ များ၏ရှေ့မှောက်၌ ပွင့်လင်းမြင်သာ စွာ မဲနှိုက်ရွေးချယ်ပေးခဲ့သည်။

''ကျွန်တော်တို့ ဒီအိမ်ရာလျှောက် ထားရာမှာ အုပ်စုနှစ်စု ခွဲထားပါတယ်။ လုပ်သက် နှစ် ၂ဝ အထက်ဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတွေ လုပ်သက် နှစ်၂ဝ အောက်နဲ့ အများပြည်သူများ ဆိုပြီး အုပ်စုနှစ်စု ခွဲခြားမဲနှိုက်ပေး တာဖြစ်ပါတယ်။ အုပ်စု(၁)မှ လျှောက် ထားသည့်လျှောက်လွှာ ၂၁၄၈ စောင်၊ အုပ်စု (၂) မှ လျှောက်လွှာ ၃၅၂၃ စောင် စုစုပေါင်း ၅၆၇၁ စောင် ရရှိခဲ့တာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးမှ ညွှန်ကြား ရေးမှူး ဦးနေဝင်းအောင်က ပြောသည်။

ရွှေပြည်သာစက်မှုဇုန်အမှတ်(၁)၊ စက်မှုလမ်းနှင့် ပိတောက်လမ်းထောင့် ရှိ အဆိုပါတန်ဖိုးနည်းအိမ်ရာကို တိုက်(A)၊ တိုက်(B)၊ တိုက် (C) နှင့် တိုက် (D) ဟူ၍ ခြောက်ထပ်တိုက် လေးလုံးတည်ဆောက်ထားရာ အခန်း ပေါင်း ၁၉၁ ခန်း ပါဝင်ကြောင်း သိရသည်။

''ဒီအိမ်ရာအတွက် အခု မဲဖောက် ပေးတာက လျှောက်ထားသူတွေ ရဲ့ လျှောက်လွှာနံပါတ်တွေပါ။ ဒီ လျှောက်လွှာက ဒီအခန်းအတွက် မဲပေါက်တယ်ဆိုတဲ့ လျှောက်လွှာ နံပါတ်တွေပါ။ မဲပေါက်တယ်ဆိုပေ မယ့် ဒါက အတည်မဖြစ်သေးပါဘူး။ အခြားအိမ်ရာတွေမှာ မဲပေါက်ပြီးသား ဆိုရင် မဲပေါက်တဲ့စာရင်းကနေ ပယ်ဖျက်ပြီး အရန်မဲဖောက်ရွေးချယ် ထားတဲ့အထဲက အမှတ်စဉ်ငယ်စဉ် ကြီးလိုက်ပေါက်မဲစာရင်းမှာ ထည့်သွင်းသွား မှာ ဖြစ်ပါတယ်'' ဟု ဦးနေဝင်းအောင်က ဆက်လက်ရှင်းပြသည်။

မဲပေါက်သူများအနေဖြင့် ယခင် ချထားပေးခဲ့သော ရွှေလင်ပန်းအိမ်ရာ၊ ဗိုလ်မင်းရောင်အိမ်ရာ၊ ဗိုလ်ဗထူး အိမ်ရာ၊ ပုလဲကွန်ဒိုအိမ်ရာများ၌ မဲပေါက်ဖူးသူစာရင်းတွင် ပါဝင်နေ ပါက ပေါက်မဲစာရင်းမှပယ်ဖျက်ပြီး အရန်ရွေးချယ်ထားသော လျှောက် လွှာများကို အစဉ်လိုက်ပေါက်မဲစာရင်း တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မဲပေါက်သည့် လျှောက်လွှာ နံပါတ်များကို အခြားအိမ်ရာရရှိဖူး ခြင်း ရှိ/မရှိ စိစစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး အတည်ပြုချက် ရယူကာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၁ဝ ထပ် ရုံးရှေ့၌ အသိပေးကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ အခန်းများမှာ အကျယ် (၁၄x၃၅)ပေရှိပြီးLevel(1) အတွက် ၁၇၄ သိန်း၊ Level(2) အတွက် ၁၅၄ သိန်း၊ Level(3) အတွက် ၁၄၄ သိန်း၊Level(4) အတွက် ၁၃၃ သိန်း၊Level(5) အတွက် ၁၂၂ သိန်းနှင့် Level(6) အတွက် ၁ဝ၉ သိန်း သတ်မှတ်ထားကာ မဲပေါက်သူများ အနေဖြင့် လက်ငင်းငွေချေစနစ်ဖြင့် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service