Subarna Jurong ကုမ္ပဏီက၄င်း ရဲ့စက်မှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းဟာ ပြီးခဲ့တဲ့ ၁၂လအတွင်း မြန်မာနိုင်ငံမှာ တိုးတက်မှုခြေလှမ်း တွေကြီးကြီးမားမားရှေ့ဆက်နိုင်ခဲ့တယ်လို့သောကြာနေ့မှာ ပြောခဲ့တဲ့အကြောင်း The Straits Times မှာဖော်ပြထားပါတယ်။
အခြေခံအဆောက်အအုံဆိုင်ရာအကြံပေးကုမ္ပဏီဖြစ်တဲ့ Surbana Jurong ဟာ မဟာစီမံကိန်းရေးဆွဲခြင်း။ ပရောဂျက်စီမံခန့်ခွဲမှုနဲ့ အင်ဂျင်နီယာပိုင်းဒီဇိုင်းကဏ္ဍတို့မှာ ပရောဂျက်အသစ်တွေအတွက် စိတ်ချရအောင် လုပ်ဆောင်ပေးခဲ့ပြီး ၄င်းရဲ့မြန်မာနိုင်ငံအတွင်း ပရောဂျက်အရေအတွက် စုစုပေါင်းဟာ ၄၀ အထိရှိလာခဲ့ပြီး ဖြစ်ပါတယ်။
' မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ အခြေခံ အဆောက်အအုံပိုင်း တိုးတက်မှုတွေ တွေု့မြင်လာရချိန်မှာ စက်မှုနဲ့ အခြေခံအဆောက်အအုံကဏ္ဍအတွင်း ကျွန်တော်တို့လတ်တလောအောင်မြင်မှုရရှိခဲ့တာဟာဒီကဏ္ဍတွေမှာ ကြီးကြီးမားမားဆက်လက်လုပ်ဆောင်လိုတဲ့ ကျွန်တော်တို့ရဲ ရည်ရွယ်ချက်ကို ဖော်ညွန်းနေတာပါ ' လို့နိုင်ငံတကာလုပ်ငန်းပိုင်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် မစ္စတာတီယိုအန်ချီယွန်က ပြေပါတယ်။
Surbana Jurong ရဲ့ အကြီးမာဆုံးအောင်မြင်မှုတွေထဲက တစ်ခုကတော့ ရခိုင်ပြည်နယ်အတွင်းရှိ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဥယျာဉ် တစ်ခုအတွက် စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းတို့မှာထောက်ပံ့ပါဝင်ခဲ့တာပဲဖြစ်ပါတယ။စီမံကိန်းပြီးစီးတဲ့အခါ ကျောက်ဖြူအထူးစီပွားရေးဇုန်အတွင်းက ဟက်တာ ၁၉၀၀ ရှိအဆိုပြုစက်မှုဥယျာဉ်ယာ အဝတ်အထည်နဲ့ အထည်အလိပ်တို့လို စက်မှုထုတ်ကုန်ပစ္စည်တွေဆောက်လုပ်ရေးပစ္စည်းတွေထုတ်လုပ်ရေး၊ စားသောက်ကုန်ထုတ်လုပ်စီမံရေးနဲ့ရေကြောင်းကနေ ထောက်ပံ့မှုတို့ကိုအဆင်ပြေစေမယ့်နေရာဖြစ်လာမှာပါ။ ရေနက်ဆိပ်ကမ်းကလည်း အိန္ဒိယ၊အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ တရုတ်တို့နဲ့မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကို ကောင်းကောင်းအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
ှ
Surbana Jurong နဲ့ တရုတ်နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Citi Group တို့ပါဝင်တဲ့ လုပ်ငန်းစုကို ပြီးခဲ့တဲ့နှစ်နှစ်ကုန်ပိုင်းမှာ တင်ဒါတင်သွင်းသူ ၁၀ဦးထဲကနေ ရွေချယ်ခိုင်းခဲ့ရတာ ဖြစ်ပါတယ်။ Subana Jurong ဟာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးမှာလည်း လုပ်ငန်းစုကိုဒီဇိုင်နဲ့အင်ဂျင်နီယာပိုင်း အကြံပေးမှုတွေ ကူညီထောက်ပံပေးခဲ့ပါတယ်။ ၄င်းဟာမကြာသေးမီကပဲရန်ကုန်မြို့မှာ ဖောက်လုပ်မယ့် မြေအောက်လူသွားစင်္ကြ လမ်းကို ဒီဇိုင်းရေးဆွဲဖို့စာချုပ်ချုပ်ဆိုခွင့် ရရှိထားတာပါ။
Credit: The Kumudra