ယုဇနအိမ်ရာစီမံကိန်းတိုက်ခန်းတွေကို လာမယ့်မတ်လကုန်မှာ စတင်ငှါးရမ်းရောင်းချမယ်လို့ မြိုကပြနှင့် အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနကသိရပါတယ်။
' စီမံကိန်းက အခန်းတွေကို ရောင်းချတာရော၊ ငှါးရမ်းတာရောလုပ်ဖို့ရှိတယ်၊ ဈေးနှုန်းတွေကိုတော့ လက်ရှိမှာမသတ်ရသေးဘူး၊ အရောင်းနဲ့အငှါးတွေကိုတော့ တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ ဆောင်ရွက်မှာ ' လို့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ပြောပါတယ်။
ယုဇနအိမ်ရာ စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲခြား ဆောက်လုပ်နေတာပါ။ လက်ရှိမှာတော့ အပိုင်း(၁) နဲ့အပိုင်း(၂) က ပြီးစီးသလောက်လရှိနေပါပြီ။ အပိုင်း(၁) က အခန်းတွေက ပေ ၂ဝ ပတ်လည်အကျယ်အဝန်းရှိပြီး ရေချိုးခန်း၊ အိမ်သာပါဝင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်းကတော့ ခန့်မှန်ဈေး ကျပ်သိန်း ၁၅၀ ကနေသိန်း ၂၀၀ကြားဖြစ်နိုင်ပါတယ်။
အငှါးအိမ်ရာတွေကတော့ ကျပ် ၃၀,၀၀၀ဝန်းကျင်ဖြစ်နိုင်တယ်လို့သိရပါတယ်။ အခန်းပေါင်း ၂၀၀၀ ကျော်ပါဝင်ပြီး ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံ ၁၂လုံး၊ ရှစ်ခန်းတွဲအဆောက်အအုံ ၁၈လုံးနဲ့အပိုင်း(၂) မှာတော့ ခြောက်ခန်းတွဲလေးထပ်အဆောက်အအုံ ၁၂လုံး၊ ရှစ်ခန်းတွဲအဆောက်အအုံ ၂၈လုံးပါဝင်မှာဖြစ်ပါတယ်။
အဲသည့်အိမ်ရာစီမံကိန်းကို ယုဇနဥယျာဉ်မြို့တော်အတွင်းမှာ ဆောက်လုပ်နေတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းက စတင် ဆောက်လုပ်ခဲ့တာလို့သိရပါတယ်။
Credit: The Kumurda