နေပြည်တော်မှာ အိမ်ခြံမြေ လုပ်ငန်းရှင်တွေစုပေါင်းပြီး အွန်လိုင်းမှာ Page တွေထောင်ကာ ၀ယ်ယူသူစိတ်ဝင်စားမယ့်အချက်အလတ်တွေ စုစည်းတင်ပြ အရောင်းအ၀ယ်တွေ တိုးချဲ့ဆောင်ရွက်လာကြပါတယ်။
အရင်ကတည်းက မိမိလုပ်ငန်းနာမည်နဲ့ ဖွင့်ထားတဲ့ လူမှုကွန်ရက် စာမျက်နှာ အကောင့်နာမည်ထက်မှာ မိမိအကျိုးဆောင်မှာ လာအပ်ထားတဲ့ အိမ်ခြံမြေတွေကိုသာ ဖော်ပြလေ့ရှိပါတယ်။အခုဖွင့်လိုက်တဲ့ လုပ်ငန်းရှင်တွေကတော့ ရောင်းလိုဝယ်လိုသူ ပိုင်ရှင်တစ်ဦး ချင်းစီရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ တင်ပြီးကြော်ငြာထားတဲ့ အိမ်၊ခြံ၊မြေ တွေကို နာမည်၊ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို တိုက်ရိုက်ဆက်သွယ်နိုင်ဖို့စုစည်းဖော်ပြပေးထားပါတယ်။
သည်လိုစုစည်းပေးခြင်းဖြင့်ပွဲစားမခံဘဲ ရောင်းသူဝယ်သူ တိုက်ရိုက်ဆောင်ရွက်လိုသူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။
စုပေါင်းထူထောင်ထားတဲ့စာမျက်နှာမှာမြေကွက်နဲ့ အိမ်ရာတွေရဲ့ တန်ဖိုး မြေကွက်တည်ရှိနေတဲ့ လိပ်စာအစရှိတာတွေကို ထည့်သွင်းပြီး ကြေညာပေးထားပေမဲ့ အွန်လိုင်းကတဆင့် အရောင်းအ၀ယ်ဖြစ်သွားတာက နည်းနေသေးတယ် လို့နေပြည်တော် အိမ်ခြံမြေအသင်းက တာဝန်ရှိသူတွေက ပြောပါတယ်။
အခုနေပြည်တော်က အိမ်ခြ့မြေ လုပ်ငန်းရှင်တွေ အွန်လိုင်းပေါ်ကနေ Page ထောင်လိုက်တယ် ၊သက်ရောက်မှုက လောလောဆယ်တော့ ဘာမှမရှိသေးဘူး နေပြည်တော်ရဲ့ဈေးကွက် အခြေအနေတခုတော့ သိလာရတာပေါ့ လို့နေပြည်တော် ဇေယျာမြေ အကျိုးဆောင်လုပ်ငန်းက ဦးနန္ဒကျော်က ပြောပါတယ်။
၂၀၁၃ ခုနှစ်က စပြီးထောင်ခဲ့တဲ့ နေပြည်တော် အိမ်ခြံမြေ ရောင်းဝယ်ဌား Page မှာဆိုရင် အဖွဲ့ဝင် ၃၀၀၀၀ နီးပါးရှိပြီး အဲသည် Page မှာတင်ပြီး အရောင်းအ၀ယ် လုပ်ရင်တော့ ဈေးကြီးပိုင်းအကွက်တွေ အရာင်းအ၀ယ်မထွက်ဘဲ တန်ဖိုးသင့်အိမ်ရာတွေ အရောင်းအ၀ယ်ဖြစ်ကာ ဌားရမ်းနေထိုင်သူတွေ စိတ်ဝင်စားမှုများတယ်လို့ သိရပါတယ်။
အွန်လိုင်းပေါ်တင်လို့ အရောင်းအ၀ယ် ဖြစ်သွားတာက နည်းပါတယ်၊ကိုယ့်ရဲ့မိတ်ဆွေဟောင်းတွေရဲ့ အချိတ်အဆက်တဲ့နဲ့ပဲ လုပ်ငန်းလည်ပက်နေတာများပါတယ်၊အငှားတွေ အကွက်သေးတာတွေကတော့ ဖြစ်ပါတယ်လို့လည်း နေပြည်တော်အိမ်ခြံမြေ လုပ်ငန်းအကျိုးဆောင်အတွင်းရေးမှုး ဦးကျော်စွာမြင့်ကပြောပါတယ်။
အခုနောက်ပိုင်းမှာ နေပြည်တော်အိမ်ခြံမြေ ၀က်ဆိုက်ဘ်အမည် နဲ့စာမျက်နှာအသစ်ထောင်ထားပြီး ဈေးနှုန်းတွေ သူ့မြို့နယ်အလိုက် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်အစရှိတာတွေကို တင်ပေးလာတာ ဖြစ်ပါတယ်။သည်စာမျက်နှာမှာပဲ ပွဲစားတွေနဲ့ တခြားရောင်းလိုသူတွေကလည်းကိုယ်ပိုင် post တွေတင်ကြတာလည်းရှိပါတယ်။
Credit: The Kumudra