အထပ်မြင့်တိုက်ဆောက်လုပ်ရေး ပိုင်ရိုက်လုပ်ငန်းလိုင်စင် ကုမ္ပဏီ ၂၅ ခု ချထားပေးပြီးဖြစ်

အထပ်မြင့်တိုက်ဆောက်လုပ်ရေး ပိုင်ရိုက်လုပ်ငန်းလိုင်စင် ကုမ္ပဏီ ၂၅ ခု ချထားပေးပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
1 Mar 2016 10:47 am တွင် တင်ခဲ့သည်
1170 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့်အဆောက် အအုံများ ဆောက်လုပ်ရာတွင် လိုအပ်သည့် ပိုင်ရိုက်ခြင်းလုပ်ငန်း လိုင်စင်အား စုစုပေါင်း ကုမ္ပဏီ ၂၅ ခုအတွက် ထုတ်ပေးပြီးဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီ ယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

ဖေဖော်ဝါရီနောက်ဆုံးပတ် အထိ ပိုင်ရိုက်ခြင်းလုပ်ငန်း လုပ် ကိုင်ရန် လိုင်စင်ကို ကုမ္ပဏီ ၁၅ ခုအား ထုတ်ပေးထားရာ ဖေဖော် ဝါရီ ၂၉ ရက်က ထပ်မံပြီး ကုမ္ပဏီ ၁၀ ခုကို ခွင့်ပြုလိုက်သောကြောင့် စုစုပေါင်း ကုမ္ပဏီ ၂၅ ခုထိ ရှိသွားပြီဖြစ်သည်။

၂၀၁၆ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများအနေဖြင့် စည်ပင်မှ ပိုင်ရိုက်ခြင်းလိုင်စင် ရရှိထားသည့် အဆိုပါ ကုမ္ပဏီများနှင့်သာ လုပ်ကိုင်ဆောင်ရွက် ရတော့မည်ဖြစ်ကြောင်း သတ် မှတ်ထားသည်။

‘‘စာရင်းဇယား အချက်အလက် မမှန်မကန် တင်ပြလျှောက်ထားတဲ့ ကုမ္ပဏီတွေ၊ စက်ပစ္စည်းဝန်ထမ်းအင်အား မပြည့်စုံတဲ့ ကုမ္ပဏီတွေကို အထပ်မြင့်ကော်မတီက ပယ်ချပါတယ်။ သူတို့ဘက်က ပို့တာကို ကျွန်တော်တို့က ပြန်ခွင့်ပြုတာပါ’’ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ပိုင်ရိုက် သည့် ကုမ္ပဏီ ၄၀ ကျော်ရှိပြီး အရည်အသွေးရှိသည့် ကုမ္ပဏီများကိုသာ သေချာစိစစ်ကာ ဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်း အ ထပ်မြင့်အဆောက်အုံများ စစ် ဆေးရေးကော်မတီက ထုတ်ပြန် ထားသည်။ ထို့ကြောင့် ကုမ္ပဏီ ၂၅ ခုအား လိုင်စင်ထုတ်ပေးပြီးဖြစ်သောကြောင့် ထပ်မံပြီး လိုင်စင်ထုတ်ပေးရန် အနည်းငယ်သာ ကျန်ရှိတော့သည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ပိုင်ရိုက် သည့် လုပ်ငန်းများအား လိုင်စင် ထုတ်ပေးခြင်းအပြင် မြေသားများ စမ်းသပ်သည့် Soil Test ကုမ္ပဏီ များကိုလည်း လိုင်စင်ထုတ်ပေး ထားသည်မှာ ကုမ္ပဏီ ၁၁ ခုအထိ ရှိသွားပြီဖြစ်သည်။

Credit: 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service