ယခုဘဏ္ဍာနှစ်တွင် အိမ်ခြံမြေအခွန်ရရှိမှု လျော့နည်းနိုင်

ယခုဘဏ္ဍာနှစ်တွင် အိမ်ခြံမြေအခွန်ရရှိမှု လျော့နည်းနိုင် - Property News in Myanmar from iMyanmarHouse.com
29 Feb 2016 11:24 am တွင် တင်ခဲ့သည်
1493 ကြိမ် ကြည့်ရှု့ပြီး
ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇန်န၀ါရီအထိ ဆယ်လတာအတွင်း အိမ်ခြံမြေအခွန် ကျပ် ၂၆ ဘီလီယံကျော်ကောက်ခံရရှိထားပြီး ယခင်ဘဏ္ဍာနှစ်တွင် ကောက်ခံရရှိထားသည့် အခွန်နှုန်းထားထက် လျော့နည်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘အိမ်ခြံမြေအခွန်ကောက်ခံ ရရှိမှုက ပြီးခဲ့တဲ့ကာလတူထက် နည်းနိုင်တယ်။ဒီနှစ်ထဲမှာအိမ်ခြံ မြေအရောင်းအ၀ယ်မဖြစ်လို့ တန် ဖိုးဖြတ်တာတွေ နည်းသွားတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ကောက်ခံ ရရှိထားတဲ့ အိမ်ခြံမြေအခွန်ထက် နည်းနိုင်တယ်’’ဟု ပြည်တွင်းအ ခွန်များဦးစီးဌာန လက်ထောက် ဌာနမှူးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တစ် နှစ်လုံးတွင် အိမ်ခြံမြေအခွန်ကျပ် ၇၀ ဘီလီယံအထိ ကောက်ခံရရှိ ခဲ့ပြီး ယခုဘဏ္ဍာနှစ်ဆယ်လကျော်အတွင်း ကျပ် ၂၆ဒသမ၇၅ ဘီလီယံခန့်သာ ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

အိမ်ခြံမြေအခွန်ဆောင်မည်ဆိုပါက အိမ်ခြံမြေတန်ဖိုးဖြတ်ရုံးတွင် လမ်းအလိုက်သတ်မှတ်ထားသည့် တစ်ပေပတ်လည်နှုန်းထားများအတိုင်း တန်ဖိုးဖြတ် ပြီး သက်ဆိုင်ရာအခွန်ရုံးများ၌ အိမ်ခြံမြေအခွန်ဆောင်ရမည် ဖြစ်သည်။

ထိုသို့အိမ်ခြံမြေတန်ဖိုးဖြတ် ပြီး အခွန်ဆောင်ရန် ထုတ်ပြန်ကြေညာထားသော်လည်း အိမ်ခြံမြေတန်ဖိုးဖြတ်ခြင်းနှင့် သတ်မှတ်ထားသည့် တံဆိပ်ခေါင်းများ မကပ်ဘဲ အရောင်းအ၀ယ်ပြုလုပ် နေကြ၍ အိမ်ခြံမြေအခွန်ဆောင်သည့် ပမာဏနည်းပါးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ဖြစ်ပါက အရောင်းအ၀ယ်ဖြစ် သည့် ငွေကြေးနှင့် ကိုက်ညီသော တံဆိပ်ခေါင်းကပ်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းမကပ်ဘဲ ချုပ်ဆို ထားသည့် စာချုပ်များသည် တရားဥပဒေအရ အကျုံးဝင်ခြင်းမရှိ ကြောင်း သိရသည်။ အဆိုပါ စာ ချုပ်များကို စစ်ဆေးတွေ့ရှိပါက သတ်မှတ်တန်ဖိုး၏ ၁၀ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန မှ သတင်းရရှိသည်။

အိမ်ခြံမြေအခွန်နှုန်းထား များမှာ တစ်ကျပ်မှ ကျပ်သိန်းတစ် ထောင်အထိ ၃ ရာခိုင်နှုန်း၊ ကျပ် သိန်းတစ်ထောင်ကျော်မှ ကျပ်သိန်း ငါးထောင်အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းငါးထောင်ကျော်မှ ကျပ်သိန်း တစ်သောင်းအထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းကျော်မှ ကျပ်သိန်းတစ်သောင်းခွဲအထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း တစ်သောင်းခွဲအထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service