ကြည်မြင်တိုင်တစ်ဖက်ကမ်းတွင် စတင်မည့် ရန်ကုန်မြို့သစ်စီမံကိန်းတစ်ခုလုံးအား ၁၀နှစ်နီးပါး အချိန်ယူတည်ဆောင်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်း ရရှိသည်။
မြေဧက သုံးသောင်းကျော်တွင် စတင်အကောင် အထည်ဖော်မည့် ရန်ကုန်မြိုသစ်စီမံကိန်းကို ရန်ကုန်တစ်ဖက်ကမ်း တွံတေး ရန်ကုန် ကားလမ်းမပေါ် မြေအပါအ၀င် ပန်းလှိုင်နှင့် ဆိပ်ကြီး ခနောင်တိုမြစ်ကြား ရှိမြေနေရာများတွင် စတင် အကောင် အထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းတွင် မြစ်ကူး တံတားငါးစင်း အပါအ၀င် အိမ်ယာစီမံကိန်း များလဲ ပါဝင်မည်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလက စတင် ရွေးချယ်ခဲ့သည့် တင်ဒါတင်သွင်း ကုမ္ပဏီများထဲမှ ကုမ္ပဏီ ၃ခုဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ မှာ ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ အနောက်တောင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီနှင့် Business Capital city ကုမ္ပဏီတို့မှ ရရှိထားပြီး စီမံကိန်းကို အပိုင်း လိုက် တာဝန်ယူတည်ဆောက် မည်ဖြစ်သည်။ စီမံကိန်း ၏ မြေဧရိယာ ၃သောင်းကျော် အတွင်း ကျေးရွာ အုပ်စု ၂၅ စုပါဝင်ကာ လယ်မြေများအား ထိုက်သင့်သည့် လျော်ကြေး များပေးအပ်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရန်ကုန်မြို့သစ်စီမံကိန်းကို မြို့တော်ဝန်ကိုယ်တိုင် တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သော်လဲ နောက်ပိုင်းတွင် ပြင်ပ၌ ကန့်ကွက်ဝေဖန်မှု များပြားလာသော ကြောင့် စီမံကိန်းအား ခေတ္တရပ်ဆိုင်းခဲ့ရသည်။
ထို့နောက်ပြီးခဲ့သည်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ပြန်လည် အဆိုပြုကာ တင်သွင်းခဲ့ရာမှ စီမံကိန်းမှာ ပြန်လည်အသက်ဝင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်မည်ဟု တင်ဒါခေါ်ယူစဉ်က ကုမ္ပဏီ ၅၀ကျော်မှ လျှောက်ထားရန် တင်ဒါ လာရောက်ဝယ်ယူခဲ့သော်လဲ အမှန်တကယ်စစ်ဆေးသောနေ့တွင်မူ ကုမ္ပဏီ ၃ခုကသာ လာရောက် တင်ပြသဖြင့် ၄င်းကုမ္ပဏီ ၃ခုအားပြန်လည်ရွေးချယ်လိုက်ခြင်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com