ဟောင်ကောင်သည် ကမ္ဘာ့ဈေးအကြီးဆုံးနေအိမ်ဈေးကွက်သာမက ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းအငှားဈေးကွက်ဟုပါ ဆိုလာနိုင်ပြီဖြစ်သည်။
ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းအငှားဈေးကွက် ၁၀ ခုကို ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း JLL က နှစ်စဉ်ထုတ်ပြန်လေ့ရှိရာ ယခုနှစ်စာရင်းဖော်ပြချက်အရ
ဟောင်ကောင်သည် လန်ဒန်ကို ကျော်လွန်ကာ ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းအငှားဈေးကွက်ဖြစ်လာခဲ့ပြီး
ပေကျင်းနှင့် ရှန်ဟိုင်းတို့ကလည်း ထိပ်တန်း ၃ နေရာမဟုတ်တော့သော်လည်း ထိပ်တန်း ၅ နေရာစာရင်းတွင် ပါဝင်ဆဲဖြစ်သည်။
ဟောင်ကောင်တွင် ထိပ်တန်းအဆင့်မြင့်ရုံးခန်းတစ်ခန်း ငှားရမ်းခသည် ၂၀၁၅ ခုနှစ်အတွင်း ၁ စတုရန်းပေလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၆၂ ဒေါ်လာရှိသည်။ ငှားလိုအားအလွန်များပြီးငှားရမ်းမည့်ထိပ်တန်းအဆင့်မြင့်ရုံး
ခန်းရှားပါးမှုတို့ကငှားရမ်းဈေးနှုန်းကို မြင့်တက်စေခဲ့ခြင်းဖြစ်သည်။
လန်ဒန်တွင်မူ ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၂၄၀ ဖြစ်သည်။
၎င်း၏ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကွန်ရက် အရှိန်အဟုန်ဖြင့်တိုးတက်ဖွံ့ဖြိုးနေသည့် ပေကျင်းသည် ၁ စတုရန်းပေလျှင် ၁၉၉ ဒေါ်လာ ရှိခဲ့ပြီး နယူးယောက်တွင် ၁၇၁ ဒေါ်လာရှိခဲ့သည်။
ပြည်တွင်းအင်တာပရိုက်စ်လုပ်ငန်းများတိုးတက်နေသည့် ရှန်ဟိုင်းက ၁၃၆ ဒေါ်လာဖြင့် ပဉ္စမမြောက်ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းအငှားဈေးကွက် ဖြစ်ခဲ့သည်။
ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းအငှားဈေးကွက် ၁၀ ခုတွင် ထက်ဝက်သည် အာရှမြို့များဖြစ်ကြောင်း
ယင်းစာရင်းက ဖော်ပြခဲ့သည်။
ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းအငှားဈေးကွက် ၁၀ ခုမှာ-
၁။ ဟောင်ကောင်
၂။ လန်ဒန်
၃။ ပေကျင်း
၎။ နယူးယောက်
၅။ ရှန်ဟိုင်း
၆။ တိုကျို
၇။ ဆန်ဖရန်စစ္စကို
၈။ မော်စကို
၉။ ဒေလီ
၁၀။ ဒူဘိုင်း တို့ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)