အခွန်ကောက်တာထက် လုပ်ငန်းမလုပ် ၊ လူမနေတာကိုသိမ်းယူတာက ဈေးကစားတာကို ပိုထိန်းချုပ်နိုင်ဟုဆို

အခွန်ကောက်တာထက် လုပ်ငန်းမလုပ် ၊ လူမနေတာကိုသိမ်းယူတာက ဈေးကစားတာကို ပိုထိန်းချုပ်နိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Feb 2016 10:03 am တွင် တင်ခဲ့သည်
680 ကြိမ် ကြည့်ရှု့ပြီး
မြေကစားတာ ၊ မြေဈေးမြင့်တာ ၊ ငွေကြေးခဝါချတာတွေကို အခွန်ကောက်ခံတာမျိုးနဲ့ ဖြေရှင်းတာထက်ပြန်သိမ်းတဲ့ နည်းလမ်းမျိုးနဲ့ဖြေရှင်းတာက လုပ်ငန်းမလုပ် ၊ လူမနေဘဲ ဝယ်ယူထားပြီးဈေးကစားတာတွေကို ပိုထိန်းချုပ်ရာရောက်နိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတချို့နဲ့ အကျိုးဆောင်တချို့ကပြောပါတယ်။

အမျိုးသားမြေအသုံးချမှု့မူဝါဒမှာ မြေဈေးကစားမှုနဲ့ မြေလက်ဝါးကြီးအုပ်တာတွေကို ကာကွယ်ဖို့ပိုင်ဆိုင်ထားတဲ့ဧကအလိုက် အခွန်ကောက်ခံတာမျိုးပြုလုပ်မယ့်အချက်လည်းပါဝင်တယ်။ ဧပြီကစပြီး ဝင်ငွေခွန်နှုန်းထားတိုးမြင့်ကောက်ခံတာတွေကို ထောက်ပြဝေဖန်တာတွေရှိပါတယ်။ တကယ်ဈေးကစားပြီး လက်ဝါးကြီးအုပ်ထားသူတွေကို ထိခိုက်မှုရှိစေတာထက် အောက်ခြေနဲ့ တကယ်လိုအပ်လို့ ဝယ်တဲ့သူတွေကို တိုက်ရိုက်ပိုထိခိုက်မူ့ရှိစေတာလို့ပြောပါတယ်။

စီးပွားရေးနဲ့ ဥပဒေလမ်းညွန်ဦးတင်သန်းဦး ‘အခွန်ငွေကောက်တာက ဖြစ်သင့်တဲ့အလုပ်ပါ ၊ ကောက်ခံသင့်ပါတယ် ၊ ဒါပေမယ့် အကျိုးဖြစ်စေဖို့နဲ့ရည်ရွယ်ချက်ကို ထိရောက်စေဖို့တော့လိုတယ်၊ စက်မူ့ဇုန်မြေတွေမှာတောင် မြေလွတ်တွေ ၊ လုပ်ငန်းမလုပ်တာတွေ ကို ပြန်သိမ်းမယ်ဆိုတာမျိုးအခုထိအရေးယူတာမကြားမိဘူး ၊ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ငွေကြေးခဝါချမူ့တွေနဲ့ဆက်စပ်ပြီး အရေးယူမှုတွေမကြားမိသေးဘူး’လို့ ပြောပါတယ်။

တချို့ကတော့ကျူးကျော်မြေတွေနဲ့ စက်မှုဇုန်နဲ့လယ်ယာမြေတွေကို အခွန်တိုးကောက်တာမျိုး ၊ ကုမ္ပဏီတွေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့စက်မှုလုပ်ငန်းတွေအတွက် ချပေးထားတဲ့မြေတွေ ၊ ဌာနပိုင်(အသုံးမပြုတော့တဲ့) မြေတွေကို လုပ်ငန်းမလုပ်ရင် ၊ အသုံးမပြုတော့ရင် ပြန်သိမ်းတာမျိုး စတဲ့နည်းလမ်းတွေနဲ့ ပြုလုပ်ရင်လည်း ထိရောက်မှုရှိစေနိုင်တယ်လို့ သိရတယ်။

ဝယ်ရောင်းအကျိုးဆောင်ဦးအောင်ကျော်က ‘အခွန်ကောက်တာကို တရားဝင်ဆောင်တာ တကယ်နေတဲ့သူတွေနဲ့ ဝယ်ရောင်းသမားတချို့လောက်ပဲရှိတာ ၊ အများစုက မဆောင်ကြဘူး ၊ စက်မှုမြေတွေဆိုလဲ နှစ်တောင်ကြာပြီ ထိထိရောက်ရောက်လုပ်တာမျိုးတွေမရှိသေးဘူး ၊ ထုပ်ပြန်ထားတဲ့အတိုင်း အရေးယူရင်သင့်တင့်တဲ့ အခွန်နှုန်းထားတွေဖြစ်ရင် မြေဈေးကစားတာတွေက လျော့သွားမှာပါ’လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ငွေမည်းနဲ့အိမ်ခြံမြေဈေးကစားရင် ထောင်ဒဏ် ၁၀ နှစ်အထိနဲ့ ဒဏ်ငွေကျပ်သန်း ၅၀၀ အထိချမှတ်နိုင်တယ်လို့ ဥပဒေပုဒ်မ ၄၃ မှာပြဌာန်းထားခဲ့ပါတယ်။ သည်လိုဥပဒေတွေရှိပေမဲ့ ငွေမည်းစီးဝင်နေတာမျိုးကို ထိထိရောက်ရောက်အရေးယူမယ် ၊ သိန်း၁၀၀၀ကျော်ရင် စိစစ်တာမျိုး ဒါတွေကို ချမှတ်ထားတာရှိပါတယ်။

အခွန်ကောက်တဲ့နှုန်းထားတွေကို ငွေကြေးပမာဏနဲ့ သတ်မှတ်တဲ့အပြင် တစ်ကြိမ်ထက်ပိုတဲ့ အမည်ပေါက်ဖြစ်နေတာတွေ ၊ဝယ်ယူတာတွေကို အခွန်တိုးမြှင့်ကောက်တာမျိုးပါပြုလုပ်သင့်တာလို့ သိရပါတယ်။
ဈေးကွက်ထဲမှာက အရပ်စာချုပ်တွေနဲ့နေတာပိုများလာနိုင်တဲ့အပြင် ပိုင်ဆိုင်မှုအရှုပ်အရှင်းတွေရှိလာနိုင်တာကိုပါ ဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးလုပ်ဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ အခုလိုမျိုး အခွန်နှုန်းထားတိုးမြှင့်တာက အိမ်ပိုင်ဖြစ်ဖို့ အခွင့်အလမ်းကို ပိုနည်းစေနိုင်ပြီး အခွန်ရှောင်မှုတွေပိုများလာနိုင်တဲ့အပြင် သွယ်ဝိုက်တဲ့နည်းတဲ့အိမ်ငှားဈေးကွက်ကိုပါ တိုးမြှင့်သွားစေနိုင်တယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service