သာယာလှပတဲ့ မြို့တော်ကြီး တစ်ခု ရေရှည်မှာ ဖြစ်လာနိုင်ပါ့မလား

သာယာလှပတဲ့ မြို့တော်ကြီး တစ်ခု ရေရှည်မှာ ဖြစ်လာနိုင်ပါ့မလား - Property News in Myanmar from iMyanmarHouse.com
24 Feb 2016 10:30 am တွင် တင်ခဲ့သည်
1641 ကြိမ် ကြည့်ရှု့ပြီး
သာယာလှပတဲ့ မြို့တော်ကြီး တစ်ခု ရေရှည်မှာ ဖြစ်လာနိုင်ပါ့မလား သာယာလှပတဲ့ မြို့တော်ကြီး တစ်ခုဖြစ်ဖို့ဆိုရင် စနစ်တကျ တွက်ချက်ဖောက်လုပ်ထားတဲ့ လမ်းမကြီးတွေ ၊ မြို့ပြမှာ နေတဲ့ ပြည်သူလူထု အရေအတွက် နဲ့ ကိုက်ညီပြီး ဟန်ချက်မျှတတဲ့ ၀န်ဆောင်မှု စနစ်တွေ အပြင် ကျန်းမာရေး ၊ သန့်ရှင်းရေး ကအစ စွန့်ပစ်အမှိုက်ထွတ်ရှိနိုင်တဲ့ ပမာဏ ၊ လုံလောက်တဲ့ လျှပ်စစ်ဓတ်အား ၊ သောက်သုံးရေ
ချိုးရေ ဖြည့်ဆည်းနိုင်မှု တွေ အပြင် စိတ်လက်ပေါ့ပါးစွာ နဲ့ နေထိုင်သူတွေ အပန်းဖြေနိုင်တယ့် နေရာတွေ ကိုပါ လိုအပ်လို့လာပါတယ် ။ စနစ်ကျလှတဲ့ အိမ်ရာ အကွက်ချဖော်ထုတ်မှု တွေကို လည်း
အချိန်ယူလုပ်နိုင်မှဘဲသာယာလှပတဲ့ ခေတ်မီ မြို့ပြတစ်ခု ဖြစ်လာပြီး နေချင်စဖွယ်ကောင်းမှာ သေချာပါတယ်။

စနစ်ကျလှပြီး သန့်ရှင်းသာယာ သပ်ရပ်တဲ့ မြို့တော်ကြီး တစ်ခုဖြစ်ဖို့အတွက်ကတော့တိကျသေချာတဲ့တွက်ချက်မှု တွေပါဝင်တဲ့ မြို့ပြစီမံကိန်း ရေးဆွဲရေး ဘာသာရပ်တွေကို
ကျွမ်းကျင်တဲ့ ပညာရှင်တွေ လိုသလို ပညာရှင်တွေ တင်ပြတဲ့ အတိုင်း စနစ်တကျ အကောင်အထည်ဖော်ပေးနိုင်မယ့် အာဏာပိုင် အဖွဲ့အစည်းတွေ ၊ ပေါင်းစပ်ညှိနှိုင်းလုပ်ရမယ့် ဌာန ဆိုင်ရာ အချင်းချင်းအကြားမှာလည်း ဟာမိုနီဖြစ်ဖို့လိုပါတယ်။

နှစ်ပေါင်းများစွာ ကြည့်လုပ်ကြတာပေါ့ ဆိုတဲ့ စကားလေး တွေနဲ့ ဖြတ်သန်းလာခဲ့တဲ့ နှစ် ၅၀ ကာလ အတွင်းမှာ အထူးသဖြင့် ရန်ကုန်မြို့ကြီးက အများကြီး ပြောင်းလဲခဲ့ပါပြီ ၊ စည်ပင်ပိုင် ဧရိယာ ၃၀၆ စတုရန်းမိုင်မှာစနစ်ကျတဲ့ မြို့ကွက်ပုံစံဖော်နိုင်တဲ့ နေရာ
ကလည်း အင်္ဂလိပ်လက်ထက်က ဖော်ထုတ်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်း တစ်ခုသာ ရှိတဲ့ အပြင် မြို့အကျယ်အ၀န်းရဲ့ သုံးရာခိုင်နှုန်းလောက်အထိ ဘဲ ရှိတာတွေ့လာရပါတယ်၊ ဒါတောင် ၂၀၁၀ နောက်ပိုင်း မှာ ဖြစ်တည်လာတဲ့ စီးပွားရေး အရှိန်အဟုန်ကြောင့်စနစ်တကျရှိပါတယ်ဆိုတဲ့
မြို့တွင်းခြောက်မြို့နယ်တောင် အထပ်နိမ့်တွေ အထပ်မြင့်လိုမြင့် ၊ လမ်းတစ်ချို့ ပျေက်ကွယ်ပြီး အဆောက်အအုံ တွေဖြစ်လိုဖြစ်နဲ့ သေသေ
ချာချာလေ့လာကြည့်ရင် မြင်နိုင်ပါလိမ့်မယ်။

ရန်ကုန်က ထင်ရှားတဲ့ ဆူးလေ ဘုရားလမ်းမကြီးဆိုရင် ပုံမှန် လမ်းတွေထက် အဆောက်အအုံတွေရှေ့မှာ သီးသန့်လမ်းလေး တစ်လမ်းရှိပေမယ့် အခုချိန်မှာ
အဲဒီလမ်းလေးကရဲ့ အချို့သော လမ်းအစိတ်အပိုင်းတွေကမြို့ပြရဲ့ဝါးမျိုမှု အောက်က
အဆောက်အအုံ ကြီးတွေ အကြား ပရ၀ဏ်ထဲထိ ရောက်လို့သွားပါပြီ ၊ မြို့မြေစာရင်း
စာအုပ်ထဲကအခြေအနေနဲ့လက်ရှိမြေပြင်အခြေအနေကို ပြန်တိုက်ကြည့်ရင် သိလာမှာဖြစ်ပါတယ် ၊ ဒီလိုမျိုးပြောင်းလဲ မှု တွေ အများကြီးမြေပြင်မှာ ရှိနေဆဲဖြစ်ပါတယ်။

အရေးကြီးတာကတော့ စနစ်ကျတဲ့ မြို့ပြစီမံကိန်းတွေကို အချိန်မီ ရေးဆွဲရေး ပင်ဖြစ်သည်။
ရန်ကုန်မြို့ရဲ့ကျယ်ပြောတဲ့ မြေမျက်နှာသွင်ပြင် အနေအထား အရလည်း အချိန်မီပြင်ဆင်နိုင်ရင် ပြန်ပြင်ဆင်နိုင်တဲ့ အခွင့်အရေးရှိတဲ့ အနေအထားအခွင့်အရေး
ကျန်ရှိနေပါတယ်။

မြို့ကြီးပြကြီး များ အထူးသဖြင့် ရန်ကုန်မြို့တော်၏ အနာဂတ်၊စီးပွားရေးအခင်းအကျင်းကြောင့်လည်း မြို့တော်တစ်ခု မဟုတ်တဲ့ တိုင်အောင် တိုင်းပြည်၏ အနာဂတ် ကို အဆုံးအဖြတ်နိုင်တဲ့ အခြေအနေရှိလာပါပြီ ၊။
မြို့ပြစီမံကိန်း လုပ်ငန်းတွေ အသက်ဝင်လာတာ နဲ့ အမျှ အနာဂတ်မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ဖွံ့ဖြိုးမှုအရှိန် အဟုန်ကိုလည်းကောင်း၊ မြန်မာ့စီးပွားရေး
အဆောက်အအုံနှင့် သန်းပေါင်းများစွာ သောမြန်မာပြည်သူ လူထု၏ နေ့စဉ်ဘ၀ပုံစံကို လည်းကောင်း အဆုံးအဖြတ်ပေးနိုင်မှာကတော့ သေချာသလောက် ရှိပါတယ်။

နောက်လာမည့် မြန်မာ့ မျိုးဆက်များတလျှောက် အကျိုးသက် ရောက်မှုများ
ကြီးမားစွာရှိနေမှာဖြစ်ပြီး ကောင်းမွန်တဲ့ အမွေတစ်ခုကို ချန်ထားပေးရမှာက လူ့ကျင့်ဝတ်ကို လေးစားလိုက်နာတဲ့ လူသားတိုင်း လိုက်နာ ဆောင်ရွက်ရမယ့် အမှန်တရား တစ်ခုလည်း ဖြစ်ပါတယ်။

အာရှမြို့ကြီးများသည်လည်း အလျင်အမြန် ကြီးထွားလျက်ရှိရာ မကြာမီအချိန်၌ပင် အာရှမြို့ပြလူဦးရေ သည် သန်းပေါင်း ၂,၅၀၀အထိ ရောက် ရှိတော့မည်။ ၂၀၄၀ ပြည့်နှစ်မှာ မြန်မာပြည်ရဲ့ နှလုံးသည်းပွက် စီးပွားရေး မြို့တော် မဟာရန်ကုန်ရဲ့ လူဦးရေ ကလည်း မဟာမြို့တော်ကြီးစာရင်းဝင်တဲ့ လူဦးရေ ၁၀ သန်း ၀န်းကျင်ကို ရောက်ရှိမယ်လို့
ပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားတဲ့ အပြင် ၂၀၁၄ သန်းခေါင်းစာရင်းအရလည်း လက်ရှိလူဦးရေက ၅ ဒသမ ၂ သန်းလောက်ထိ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံ အနှံ့အပြားက စီးပွားရေး အခွင့်အလမ်းကောင်းမွန်တဲ့
အလားအလာ ရှိတဲ့ မြိပေါင်း ၅၆ မြို့အတွက် အလားအလာ ကောင်းတဲ့ မြို့ပြစီမံကိန်းတွေ ကိုရေးဆွဲနေပေမယ့်စီမံကိန်းပါ အတိုင်း အပြည့်အ၀ အတိအကျ လိုက်နာ ဖို့ ဆိုတာကလည်း ဌာန အချင်းချင်းပူးပေါင်းဆောင်ရွက်မယ့် အနေအထား ၊ ဘတ်ဂျတ် နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ ရဲ့ မိမိတို့မြို့အပေါ်မှာ ထားရှိတယ့် စိတ်ကောင်းစေတနာ ဆိုတဲ့ အချက်သုံးချက် ပေါင်းစပ်နိုင်ဖို့ လိုသလို အောင်မြင်တဲ့ မြို့ပြတစ်ခုဖြစ်လာဖို့ ဆိုတာကလည်း ချက်ခြင်း လက်ငင်းဆိုသလို လုပ်ယူလို့မရဘဲ နှစ်ပေါင်းများစွာ စနစ်တကျ အဆင့်လိုက် အကောင်အထည်ဖော်လုပ်ယူရမှာဖြစ်ပါတယ်။

ထွန်းသစ်စ မြို့တော်သစ်တွေဆီကို လာမည့် ၁၀ နှစ်၊ နှစ် ၂၀ အတွင်းဖြစ်လာနိုင်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် အရည် အသွေးရှိ ကျွမ်းကျင်သော လူအင်အား အရင်းအနှီးများကို အလုအယက် ဆွဲဆောင်ယှဉ်ပြိုင်ကြရတော့မည်ဖြစ် ပြီး အဲဒီလိုဆွဲဆောင်နိုင်ဖို့ အတွက်ကလည်း ရင်းနှီးမြုပ်နှံသူတွေ
အတွက်နေချင့်စဖွယ်ကောင်းပြီး အကျိုးအမြတ် ဖြစ်ထွန်းနိုင်တဲ့ မြို့ပြတွေကသာ
ဒီလိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်မှာ သေချာပါတယ် ။

လူထက် မူကပိုအရေးကြီးတဲ့ အသိစိတ်ဓတ်နဲ့ဘဲ ရှေ့လူကြီး လုပ်ခဲ့တဲ့ ကောင်းတဲ့
စီမံကိန်းလုပ်ငန်းစဉ်တွေကို နောက်ထပ် တာဝန်ရှိတဲ့ လူတွေက ဆက်လုပ်မှဘဲ လုပ်ငန်းတွေ
စဉ်ဆက်မပြတ်တိုးတက် မှာဖြစ်ပါတယ် ။မာန်မာန တရားတွေနဲ့ ရှေ့ကလူလုပ်သွားတဲ့အစီအစဉ်တွေကို နောက်လူက မကြိုက်လို့ အသစ်ပြန်စနေကြမယ်ဆိုရင် ကျွန်တော်တို့က ပြင်လိုက်ဖျတ်လိုက် ဆောက်လိုက်ဖြိုလိုက်
နဲ့ဘဲသံသရာလည်နေမှာဖြစ်သလို နေချင်စဖွယ်ကောင်းတဲ့ မြို့ကြီးလည်း ဖြစ်လာနိုင်မှာ မဟုတ်တဲ့ အပြင် အင်မတန်လည်း ကုန်ကျစရိတ်များမယ့် အမှားမျိုးတွေကြောင့် တိုင်းပြည်နစ်နာ ခဲ့ရတာ နှစ်ပေါင် ၅၀
ကျော်လာခဲ့ပါပြီ။ကျွန်တော်တို့ လူနဲ့မူနဲ့ ဘယ်ဟာက အရေးကြီးသလဲ ဆိုတာ ငြင်းခုန်နေကြတယ့် နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းမြို့တော်တွေ ဖြစ်တဲ့ ဘန်ကောက် ၊ စင်ကာပူ ၊ ကွာလာလမ်ပူ ၊ ဟနွိုင်းဆိုတဲ့ မြို့တွေမှာ စနစ်ကျတဲ့ မြို့ပြစီမံကိန်းတွေကြောင့် မိုးပျံရထားတွေ ၊ မြေအောက်ရထားတွေ၊စနစ်ကျတဲ့ မြို့ပြစနစ်တွေကို
အောင်မြင်စွာ တည်ဆောက်ပြီးခဲ့ပါပြီ ။

ရန်ကုန်နှင့် မြန်မာ အခြားမြို့ကြီးများဖြစ်တဲ့ မန္တလေးလို အချက်အခြာကျတဲ့ မြို့တွေဆိုရင်လည်း ဒေသ
တွင်းမြို့ကြီးတွေဖြစ်တဲ့ ၊ ဘန်ကောက် ၊ စင်ကာပူ ၊ ချင်နိုင်း၊
ဘန်ဂလို ဂျကာတာ၊ ရှန်ဟိုင်း၊ ဟောင်ကောင် ၊ ဆိုးလ်မြို့ကြီးများနှင့်ရေရှည်မှာ ယှဉ်ပြိုင်နိုင်ဖို့
အတွက်လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် ဥပဒေရေးရာ ခိုင်ခိုင်မာမာရှိသော
မြို့ကြီးများသာလျှင် အောင်မြင်တဲ့မြို့ကြီးတွေ ဖြစ်လာမှာဖြစ်ပါတယ်။

တီထွင်ဖန်တီးနိုင်မှု့ စွမ်းအား ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်အများအပြားရှိ တဲ့ မြို့ကြီးတွေကသာ ရင်းနှီးမြုပ်နှံမှု များကို ဆွဲခေါ်လာနိုင်မှာဖြစ်တဲ့ အတွက် စနစ်ကျပြီး အကွက်စေ့ သေချာတဲ့ မြို့ပြစီမံကိန်းတွေ ဆွဲဖို့လိုအပ်ပေမယ့် မြန်မာနိုင်ငံမှာ မြို့ပြစီမံကိန်းကို ကျွမ်းကျွမ်းကျင်ကျင် နဲ့ လုပ်နိုင်တဲ့ ပညာရှင်ကလည်း လက်ချိုးရေလို့ ရတဲ့ အထိ နည်းနေဆဲဖြစ်တဲ့ အတွက် စနစ်တကျ အချိန်ယူ ပြန်လည်ပြင်ဆင်ပျိုးထောင်ဖို့
လိုအပ်နေဆဲဖြစ်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service