တန်ဖိုးမျှတအိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာ အခုလ ၂၆ ရက်နေ့ စတင်ရောင်းချမည်

တန်ဖိုးမျှတအိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာ အခုလ ၂၆ ရက်နေ့ စတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
23 Feb 2016 10:40 am တွင် တင်ခဲ့သည်
5367 ကြိမ် ကြည့်ရှု့ပြီး
အခုလ ၂၆ ရက်နေ့မှာ စတင်ရောင်းချပေးမယ့် တန်ဖိုးမျှတအိမ်ရာ ဝယ်ယူခွင့်ရရှိမယ့်သူတွေက လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်ရမှာဖြစ်ပြီး ဝန်ထမ်းလုပ်သက် ၂၅ နှစ်ရှိရမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

‘အရင်က တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်လျှောက်ထားပြီး မရလိုက်တဲ့သူတွေ ဒီအထဲမှာ အကျုံးဝင်တယ် ၊ အဲဒီလူတွေ ထပ်လျှောက်စရာမလိုပါဘူး’ လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။

အခန်းပေါင်း ၄၀၀ ရှိတဲ့ တန်ဖိုးမျှတအိမ်ရာဟာ လေးထပ် ၊ လေးခန်းတွဲတိုက်ခန်းတွေ ဖြစ်ပြီး တိုက်ခန်းတစ်ခန်းကို စတုရန်းပေ ၆၅၀ အကျယ်ရှိမှာဖြစ်ကာ အိပ်ခန်း နှစ်ခန်း ၊ ဧည့်ခန်း ၊ ရေချိုးခန်း ၊ အိမ်သာ ၊ မီးဖိုဆောင်နဲ့ ထမင်းစားခန်းပါရှိမှာဖြစ်ကာ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

‘လျှောက်လွှာတွေကို တစ်စောင်ကိုကျပ် ၅၀၀ နဲ့ရောင်းချမယ် ၊ မတ်လ ၄ ရက်နေ့အထိရောင်းချသွားမယ်’လို့ ဦးသက်နိုင်ထွန်းက ပြောပါတယ်။

တန်ဖိုးမျှတအိမ်ရာတွေကို တန်ဖိုးနည်းအိမ်ရာရောင်းခဲ့စဉ်ကလိုပဲ လက်ငင်းငွေချေစနစ် ၊ ဘဏ်ချေးငွေစနစ်တွေနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တန်ဖိုးမျှတအိမ်ရာတိုက်ခန်းတွေကို မဲစနစ်နဲ့ရောင်းချသွားမှာဖြစ်ပြီး ချေးငွေစနစ်နဲ့ ဝယ်ယူမယ်ဆိုရင် မိသားစုရဲ့ လစဉ် ဝင်ငွေ ၊ ထွက်ငွေ တွေကို တိကျခိုင်မာတဲ့အထောက်အထားပြရမယ် ။ ဝယ်ယူခွင့်ရှိမယ်ဆိုရင် ငါးနှစ်အတွင်းတိုက်ခန်းကို လွှဲပြောင်းရောင်းချခြင်း ပြုလုပ်ခွင့်မရှိဘဲ သတ်မှတ်ကာလ ကျော်လွန်လို့ လွှဲပြောင်းရောင်းချချင်တယ်ဆိုရင် စည်ပင်သာယာရေးကော်မတီကို တင်ပြပြီးမှသာ ပြုလုပ်ခွင့်ရှိမှာ ဖြစ်တယ်လို့သိရပါတယ်။

ယခင် တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့်ရရှိဖို့ လျှောက်ထားသူတွေထဲက လုပ်သက် ၂၅ နှစ်အထက်ရှိတဲ့ ဝန်ထမ်း ၆၀၀၀ ကျော် ရှိပါတယ်။ ရောင်းချမယ့်ဈေးနှုန်းတွေက မြေညီထပ်က ကျပ် ၁၆၅ သိန်း ၊ ဒုတိယထပ်က ၁၅၅ သိန်း ၊ တတိယထပ်က ၁၄၅ သိန်း ဖြစ်ကာ ၊ စတုထ္ထအထပ်က ကျပ် ၁၃၅ သိန်းဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service