ယုဇနဥယျာဉ်မြို့အနီး အခန်း ၂,၅၀၀ အငှား အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

ယုဇနဥယျာဉ်မြို့အနီး အခန်း ၂,၅၀၀ အငှား အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
19 Feb 2016 10:25 am တွင် တင်ခဲ့သည်
1312 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ် မြို့တော်အိမ်ရာအနီးရှိ နိုင်ငံပိုင်မြေကွက်ပေါ်တွင်
အခန်းပေါင်း ၂,၅၀၀ ကျော်ထွက်ရှိ မည့် အငှားအိမ်ရာစီမံကိန်းသစ်တစ်ခုကို ထပ်မံဆောက်
လုပ်ရန် မြေနေရာတိုင်းတာခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး အမြန်ဆုံး အကောင်
အထည်ဖော် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး) ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

"ဒဂုံဆိပ်ကမ်းမြို့နယ်အထဲက ယုဇန ဥယျာဉ်မြို့တော်အနီးတစ်ဝိုက်လောက်တော့ ဖြစ်လိမ့်မယ်။
အခုမှ မြေပြင်တိုင်းတာ စစ်ဆေးတဲ့ အလုပ်ကို စလုပ်နေတာဖြစ်ပါ တယ်။ တန်ဖိုးနည်းမလုပ်ပါ
ဘူး။ အငှားပဲ လုပ်မှာပါ။ အငှားမှလည်း သက်သောင့် သက်သာနဲ့ အမှန်တကယ် နေစရာမရှိတဲ့
လူ တွေ တက်နေနိုင်မှာဖြစ်ပါတယ်။ တစ်လကို ငှားခဈေးချိုချိုနဲ့ ပေးနေရတဲ့ စနစ်နဲ့ ဆောက်လုပ်
သွားမှာပါ။ မြေကြီးကလည်း နဂိုကတည်းက အဆင်သင့်ရှိပြီးသားပါ။အမြန်ဆုံး လုပ်သွားဖို့ ရှိပါ
တယ်။ ဒဂုံတောင် မှာ ဆောက်နေတဲ့ မဟာဗန္ဓုလ ထက် အခန်း နှစ်ဆကျော်ထွက်မှာဆိုတော့
အခန်း ၂,၅၀၀ လောက်တော့ ဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။

ယုဇနဥယျာဉ်မြို့တော်အိမ်ရာ
အနီး တည်ဆောက်အကောင်အထည်ဖော်မည့် အငှားအိမ်ရာစီမံကိန်းသစ်တွင် ၁၀ ပေ အကျယ်၊
အရှည်ပေ ၂၀ (စုစုပေါင်း စတုရန်း ပေ ၂၀၀) ကျယ်ဝန်းမည့် အခန်းများပါဝင် မည်ဖြစ်ပြီးရေချိုးခန်းနှင့် အိမ်သာများပါ ထည့်သွင်းတည်ဆောက်မည့် လေးထပ် အဆောက်အအုံများကိုတည်ဆောက်သွား မည်ဖြစ်သည်။ အဆိုပါစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း
ဆောက်လုပ်မည့် တတိယ မြောက် အငှားအိမ်ရာစီမံကိန်းဖြစ်ပြီ အခန်း အရေအတွက်
အများဆုံးထွက်ရှိမည့် စီမံကိန်းလည်း ဖြစ်သည်။

ပထမအငှား အိမ်ရာစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ တိုက်ရိုက်ကြီးကြပ်
ကွပ်ကဲမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် (၁၆၈) ရပ်ကွက် တွင် တည်ဆောက်နေပြီးထွက်ရှိလာသည့် အခန်းပေါင်း ၉၀ ကို ယင်းရပ်ကွက်ပတ်ဝန်းကျင် ရှိ ကျူးကျော်နေထိုင်
သူများကို နေရာပြန်လည် ချထားပေးရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယဖြစ်သည့် မဟာဗန္ဓုလ အငှားအိမ်ရာစီမံကိန်းနှင့် ယခုအငှားအိမ်ရာ စီမံကိန်းကိုမူ
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အငှားအိမ်ရာ လျှောက်ထား
သူများကိုသာ နေရာချထားပေးမည့် စီမံကိန်းကြီးနှစ်ခု ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက
ရေးဆွဲထားသည့် Master plan နှင့်အညီ (ဒဂုံမြို့သစ်တောင်ပိုင်း)မြို့နယ် ရန်ကုန်ျွမန္တလေး
အမှတ် (၂) လမ်းမကြီးပေါ် တွင် စတုရန်း ၅၆၉ ပေ ကျယ်ဝန်းသည့် အခန်းပေါင်း ၁,၂၀၀
ပါဝင်သည့် မဟာဗန္ဓုလ အငှားအိမ်ရာ စီမံကိန်းကို တည်ဆောက်လျက် ရှိပြီး အခန်းငှားခမှာ
တစ်လ ကျပ်သုံးသောင်း နှုန်းဖြစ်ပြီး ငှားရမ်းနေထိုင်လိုသူများ အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ
၁၅ ရက် အထိ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံးများတွင် လျှောက်ထားနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့်ကြေညာခဲ့သည်။

မဟာဗန္ဓုလအငှားအိမ်ရာ စီမံကိန်း အိမ်ခန်းငှားရမ်းနေထိုင်ရန် လျှောက်လွှာ တင်သူပေါင်း
သောင်းနှင့်ချီ ရှိခဲ့ပြီး အငှား အိမ်ရာ လျှောက်ထားသူများ များပြားလွန်း သည့်အတွက်
ယခုကဲ့သို့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်အတွင်း အငှားအိမ်ရာ စီမံကိန်းသစ်များကို
ထပ်မံဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်ပြီး အိမ်ရာနေရာချထားမှုနှင့် အခန်းခ
နှုန်းထားများကိုမူ ယခင်အိမ်ရာစီမံကိန်း များနည်းတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့အစီအစဉ်ဖြင့်သာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်ရာလိုအပ်ချက်များပြား နေဆဲဖြစ်သည့်အတွက်
အငှားအိမ်ရာများ ကို ဆက်လက်ဆောက်လုပ်သွားရန် ရည်ရွယ်ထားကြောင်း ဦးယုခိုင်က
ပြောသည်။

အငှားအိမ်ရာ နေရာချထားပေးမှုမှာ တန်ဖိုးနည်အိမ်ရာစီမံကိန်းများနှင့်တူညီမှု မရှိဘဲ
လစဉ်အိမ်ငှားရမ်းခကိုသတ်မှတ် နှုန်းထားအတိုင်း ပေးသွင်းရုံမျှဖြင့် အသင့် နေထိုင်နိုင်သည့်အတွက် ရန်ကုန်လူထုအတွင်း စိတ်ဝင်စားမှုများပြားသည့် စီမံကိန်း တစ်ခုဖြစ်သလိုနေထိုင်လိုသူများပြားသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

အငှားအိမ်ရာ တွင် နေရာချ
ထားရာတွင်လည်း နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများအားလုံးကို ခွဲခြားမှုမရှိဘဲ
မဲနှိုက်ရောင်းချပေးသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သစ်တောနှင့်
စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

အငှားအိမ်ရာများကို လျှောက်ထားသူ အထူးများပြားပြီး မဲပေါက်ထားသူများက ကိုယ်တိုင်
လာရောက်နေထိုင်ခြင်းမရှိဘဲ တစ်ဆင့် ပြန်လည်ငှားရမ်းခြင်း၊ တရားမ၀င်ရောင်းဝယ်ခြင်း
များကို စိစစ်တွေ့ရှိပါက လည်း ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာနှင်ထုတ် ခြင်းဥပဒေအရ
အရေးယူသွားမည်ဖြစ်သည့် အပြင် အငှားချထားခံရသည့် နေအိမ်ခန်းမှ လည်း ဖယ်ရှား
သွားမည်ဖြစ်သည်။

"နေစရာ အိမ်မရှိလို့ အိမ်ငှားနေရတာ ကြာပါပြီ။ ခြောက်လတစ်ကြိမ်လောက် အိမ် လခတိုး တောင်းလို့ တော်တော်ဒုက္ခရောက်တယ်။ အခန်းရမယ်လို့မျှော်လင့်မထားပေ မယ့် ရလိုရငြား ဗန္ဓုလကိုလည်း လျှောက်ထား ပြီးပါပြီ။ အခုဒဂုံဆိပ်ကမ်းမှာ
အငှားအိမ်ရာ သစ် ဆောက်မယ်ဆိုတော့ နည်းနည်းတော့ ပိုမျှော်လင့်လို့ရတာပေါ့" ဟုဒဂုံမြို့သစ် တောင်ပိုင်း (၅၄) ရပ်ကွက်တွင် နေထိုင်သူ မနီလာသိန်းက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service